GM အိန္ဒိယ ကားစက်ရုံ Hyundai ဝယ်ယူ


GM အိန္ဒိယ ကားစက်ရုံ Hyundai ဝယ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အမေရိကန် ကားထုတ်လုပ်သူ General Motors သည် အိန္ဒိယမှ အပြီးအပိုင် ဆုတ်ခွာရန် ဆောင်ရွက်နေစဉ် Maharashtra ပြည်နယ်ရှိ Talegaon မှ ကားစက်ရုံကို Hyundai Motor Co ထံ ရောင်းချသည်။

 

 


Hyundai ၏ အန္ဒိယ လုပ်ငန်းကဏ္ဍသည် ကားစီးရေ တိုးမြှင့်ထုတ်လုပ်သွားမည့် အစီအစဉ်အတွက် ၎င်းကားစက်ရုံကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
Hyundai သည် ချန်နိုင်းမြို့ အပြင်ဘက်ရှိ Sriperumbudur မှ ကားစက်ရုံအပြင် Talegaon တွင် ကားစက်ရုံတစ်ခု ထပ်တိုးမည် ဖြစ်သည်။ စက်ရုံ နှစ်ရုံ စုစုပေါင်း တစ်နှစ်လျှင် စီးရေ ၁ သန်းအထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။
Hyundai သည် အိန္ဒိယတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း စီးရေ ၈၂၀,၀၀၀ ထုတ်လုပ်ခဲ့သည်။
 
Talegaon စက်ရုံသည် လက်ရှိတွင် တစ်နှစ်လျှင် အစီးရေ ၁၃၀,၀၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ Hyundai သည် စက်ရုံကို အဆင့်မြှင့်တင်မည် ဖြစ်ပြီး ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်မည်။

Hyundai သည် ရောင်းချသည့် စီးရေအရ အန္ဒိယ ကားဈေးကွက်တွင် ဒုတိယအကြီးဆုံး ကားထုတ်လုပ်သူ ဖြစ်သည်။

GM သည် အိန္ဒိယတွင် အရေးမလှ ဖြစ်ခဲ့ပြီး အိန္ဒိယမှ ထွက်ခွာရန် ဆုံးဖြတ်ထားသည်။ သို့ဖြစ်ရာ စက်ရုံ ရောင်းချနိုင်ပြီ ဖြစ်သဖြင့် အပြီးအပြတ် ကျောခိုင်းထွက်ခွာနိုင်မည် ဖြစ်သည်။
GM သည် နှစ်အတန်ကြာ ရောင်းအား ကျဆင်းသွားပြီးနောက် ၂၀၁၇ ခုနှစ်တွင် အိန္ဒိယတွင် ကားများ ရောင်းချခြင်းကို ရပ်တန့်ခဲ့သည်။

အဆိုပါစက်ရုံအား၂၀၁၉ ခုနှစ်တွင် GM သည်  တရုတ်မှ Great Wall Motor သို့ ရောင်းချရန် သဘောတူညီခဲ့သည်။ သို့သော် အိန္ဒိယအာဏာပိုင်တို့က တရုတ်ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုသဖြင့် အရောင်းအဝယ် ပွဲပျက်သွားခဲ့သည်။

Hyundai သည် အိန္ဒိယတွင် Hyundai နှင့် Kia အမည်များဖြင့် အီးဗီများ တိုးမြှင့်ထုတ်လုပ်မည်။ ထို့အတွက် ကန်ဒေါ်လာ ၂.၄၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။
 Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 522 times