GM က GMC Hummer EV ကို အမှာစာများ အလျဉ်မီ မထုတ်နိုင်သေးကြောင်း ထုတ်ပြန်


GM က GMC Hummer EV ကို အမှာစာများ အလျဉ်မီ မထုတ်နိုင်သေးကြောင်း ထုတ်ပြန်

 

အမေရိကန်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း  General Motors က လျှပ်စစ်ကားစစ်စစ် GMC Hummer ပစ်ကပ်နှင့် SUV မော်ဒယ်များအတွက် ကြိုတင်အဝယ် စီးရေ ၆၅,၀၀၀ ကျော် ရရှိထားပါတယ်။
ဝယ်လိုအားကို အလျဉ်မီအောင် မထုတ်လုပ်နိုင်သေးတာကြောင့် ယခုအခါ ကြိုတင်ဝယ်ရင် ၂၀၂၄ ခုနှစ်ကျမှ ကားကို ရနိုင်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီက မျှော်မှန်းထားတဲ့ အရေအတွက်ထက် ဝယ်လိုအားက ပိုများနေတယ်လို့ GMC ဒုဥက္ကဋ္ဌက ပြောကြားပါတယ်။ မျှော်မှန်းထားတာ အစီး ၁၀၀ ဆိုရင် ကြိုဝယ်ကြတာက ၁၉၅ စီး ဖြစ်နေတယ်လို့ သူက ပြောကြားပါတယ်။

"ကျွန်တော်တို့ ထုတ်လုပ်နေတာ စီစဉ်ထားတာထက် နည်းနည်း ပိုများပါတယ်။ ထုတ်လုပ်နှုန်းကိုလည်း အရှိန်တင်ထားပါတယ်" လို့ သူက ပြောကြားပါတယ်။

ဒါပေမဲ့ လက်ရှိကြိုဝယ်ထားတဲ့ စီးရေကို အလျဉ်မီအောင် မထုတ်လုပ်နိုင်တာကြောင့် ယခု ကားအမှာစာ ပေးရင် ၂၀၂၄ မတိုင်ခင် ကားရဖို့ မဖြစ်နိုင်ဘူးလို့ Aldred က ပြောကြားပါတယ်။

စစချင်း အရင်ဆုံး ထုတ်လုပ်တာ ပစ်ကပ်ကား ဖြစ်လို့ အရင်ကြိုဝယ်ထားတာတွေက ပစ်ကပ်ကားတွေ ဖြစ်ပါတယ်။ 

 

2024 GMC Hummer EV SUV and 2022 GMC Hummer EV sport utility truck(SUT)


ယခုအခါ အမှာစာတွေမှာ ပစ်ကပ်နှင့် SUV မော်ဒယ် ၂ မျိုး ရှိပါတယ်။
မတ်လမှာ ကုမ္ပဏီက Hummer EV ပစ်ကပ်ကို စတင်ကြော်ငြာခဲ့ပြီး အမှာစာတွေ များပြားသွားခဲ့ပါတယ်။ 
Hummer EV ပစ်ကပ် ပထမအသုတ်ကို Edition 1 လို့ အမည်ပေးထားပြီး အခြေခံဈေးနှုန်းက $112,595 ဖြစ်ပါတယ်။ အရေအတွက် ကန့်သတ် ထုတ်လုပ်မယ်လို့ ဆိုပေမဲ့ ကန့်သတ်စီးရေ ဖွင့်ဟ ပြောကြားခြင်း မပြုပါဘူး။
၂၀၂၂ နှစ်ကုန်ပိုင်းမှာ EV3X မော်ဒယ် စတင် ထုတ်လုပ်မှာဖြစ်ပြှီး အခြေခံဈေးနှုန်းက $99,995 ဖြစ်ပါတယ်။
ပြီးရင် EV2X လာပါမယ်။ အခြေခံဈေးနှုန်းက $89,995 ဖြစ်ပြီး ၂၀၂၃ မှာ စတင်ထုတ်လုပ်ပါမယ်။
၂၀၂၄ မှာ EV2 ကို စတင်ထုတ်လုပ်မှာ ဖြစ်ပြီး အခြေခံဈေးနှုန်းက $79,995 ဖြစ်ပါတယ်။

 

 

Read 1603 times