GM Cruise ပင်ကိုမောင်းနှင်တက္ကဆီ ယာဉ်တိုက်မှု ဖြစ်ပွား


GM Cruise ပင်ကိုမောင်းနှင်တက္ကဆီ ယာဉ်တိုက်မှု ဖြစ်ပွား
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


General Motors  (GM) ၏ မောင်းသူမဲ့ တက္ကစီ Cruise  တစ်စီးသည် ယခုသီတင်းပတ်အစောပိုင်းက ဘတ်စ်ကားတစ်စီးကို ဝင်တိုက်မိသဖြင့် Cruise များကို ဆော့ဖ်ဝဲပိုင်း မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည်။
.
ကမ္ဘာတစ်ဝှမ်းရှိ ကားထုတ်လုပ်သူများသည် ပငါကိုထိန်းကျောင်းမောင်းနှင်မှုတွင် ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံနေကြပြီး လက်ရှိတွင် Mercedes က ဦးဆောင်နေပြီး Tesla က ဒုတိယနေရာတွင် ကပ်လိုက်နေသည်။ 
.


GM သည် ဆန်ဖရန်စစ္စကိုမြို့ ဧရိယာတွင် level 3 အဆင့် ပင်ကိုမောင်းနှင်တက္ကဆီ (ရိုဘော့တက္ကဆီ)များကို Cruise အမည်ဖြင့် ပြေးဆွဲနေသည်။ 
.
ဆန်ဖရန်စစ္စကိုဘတ်စ်ကားတစ်စီးကုိ ဝင်တိုက်မိခဲ့ရာ၌  Cruise ယာဉ်မှာ ထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါ။
 ယခု ပြဿနာ ထပ်မံမပေါ်ဖို့ သေချာစေရန် Cruise သည် အင်တာနက်မှတစ်ဆင့် ဆော့ဖ်ဝဲကို ပြုပြင်မွမ်းမံရန် OTA update (over-the-air update) ကို ရိုဘော့တက္ကဆီများထံ ပေးပို့ခဲ့သည်။ 
 ရိုဘော့တက္ကဆီသည် ရှေ့မှ သွားနေသော ဘတ်စ်ကား၏ ရွေ့လျားမှုကို လွဲမှားစွာ ခန့်မှန်းမိခဲ့သဖြင့် ဝင်တိုက်မိခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရှင်းပြထားသည်။
.
 Cruise ၏ စီအီးအို  Kyle Vogt က ဖြစ်စဉ်ကို ရှင်းပြခဲ့သည်။
 ဘတ်စ်ကားသည် Cruise ရိုဘော့တက္ကဆီရှေ့တွင် မောင်းနှင်နေသည်။ အကြမ်းဖျင်းအားဖြင့် တစ်ဘလောက်စာခန့် ဝေးကွာသည်။ 
ရိုဘော့တက္ကဆီက ယာဉ်ကြောပြောင်းပြီး ဘတ်စ်ကို ကျော်တက်ခြင်း မပြုချေ။ ဘတ်စ်ကား နောက်မှ လိုက်ပါလာသည်။ ဘတ်စ်ကားက ရုတ်တရက် ထိုးရပ်လိုက်သည်။ ထိုအခါ ရိုဘော့တက္ကဆီ တွက်ဆမှု မှားယွင်းသွားပြီး ဘတ်စ်ကား နောက်ပိုင်းကို ဝင်တိုက်မိသည်။ အမြန်နှုန်းမှာ တစ်နာရီ ၁၀ မိုင်ခန့်သာ ရှိသည်။ ရိုဘော့တက္ကဆီ ရှေ့ပိုင်းအနည်းငယ် ပျက်စီးသွားသည်။
.
လမ်းပေါ်မှာ လွှတ်ထားသည့် Cruise ရိုဘော့တက္ကဆီ အစီး ၃၀၀ အားလုံးထံသို့ OTA update ပေးပို့ပြီး ဆော့ဖ်ဝဲကို မွမ်းမံပေးခဲ့သည်။
.
 စီအီးအို  Kyle Vogt က ယခုလို ဖြစ်တောင့်ဖြစ်ခဲ အဖြစ်မျိုး ထပ်မံမပေါ်ပေါ်သည်မှာ သေချာအောင် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။ 
.
"Fender bender အသေးစားယာဉ်တိုက်မှုမျိုးက ပင်ကိုမောင်းနှင် မော်တော်ယာဉ်တွေမှာ ဖြစ်တောင့်ဖြစ်ခဲပါ။ အခု ဖြစ်ရပ်က တစ်မူထူးခြားနေတယ်။ ဒါပေမဲ့ မြို့တွင်းဘတ်စ်ကား နောက်ပိုင်းကို ကျွန်တော်တို့ရဲ့ ကားတွေက ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် ဝင်တိုက်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ပါတယ်။ အခု ရှားပါးဖြစ်ရပ်က  တစ်ကြိမ်တည်းသာ ဖြစ်ပွားတာ ဖြစ်ပေမဲ့ ချက်ချင်းအရေးတယူဖြင့် ဂရုတစိုက် ဆန်းစစ်ထိုက်ပါတယ်" ဟု စီအီးအိုက ပြောကြားသည်။ ယခုလို ဖြစ်ပွားသဖြင့် ဆော့ဖ်ဝဲကို တိုးတက်ကောင်းမွန်အောင်၊ ပိုစိတ်ချရအောင် လုပ်နိုင်စေခဲ့သည်ဟု ၎င်းက ပြောကြားသည်။ 
Source telsarati

Cruise ရိုဘော့တက္ကဆီတစ်စီးသည် ကြောင်တောင်တောင် ဖြစ်နေရင်း ယာဉ်ကြောပေါ်် ရပ်ထားသဖြင့် ယာဉ်အသွားအလာများ အနှောက်အယှက် ဖြစ်ခဲ့သည်။
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 387 times