အစိုးရ ချေးငွေ ဒေါ်လာ ၂.၅ ဘီလီယံဖြင့် GM နှင့် LG အီးဗီဘက်ထရီ စက်ရုံများ ထူထောင်မည်
အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း General Motors (GM) နှင့် တောင်ကိုရီးယား အီးဗီဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်း LG Energy Solution တို့ရဲ့ အမေရိကန်နိုင်ငံရှိ ဖက်စပ်လုပ်ငန်း Ultium Cells ကို အမေရိကန် စွမ်းအင်ဌာန Department of Energy (DOE) က ချေးငွေ ကန်ဒေါ်လာ ၂.၅ ဘီလီယံ ပေးအပ်မယ်လို့ ကြေညာခဲ့ပါတယ်။
အဆိုပါချေးငွေဖြင့် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၃ ခုမှာ အီးဗီဘက်ထရီ စက်ရုံတစ်ခုစီ ထူထောင်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။အဆိုပါ အီးဗီဘက်ထရီ စက်ရုံများက လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို GM မှ ထုတ်လုပ်မယ့် ကားအများအတွက် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ GM က ၂၀၂၅ မှာ အီးဗီစီးရေ ၁ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ၎င်းလျှပ်စစ်မော်တော်ယာဉ်များမှာ တပ်ဆင်အသုံးပြုဖို့ ဘက်ထရီ စက်ရုံများ ထူထောင်ပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
မီချီဂန်ပြည်နယ် ၊ အိုဟိုင်းအိုးပြည်နယ် ၊ တင်နက်စီပြည်နယ်တို့မှာ အဆိုပါစက်ရုံများ တည်ဆောက်မှာ ဖြစ်ပါတယ်။ စက်ရုံ ၃ ရုံအတွက် ကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ အိုဟိုင်းအိုးပြည်နယ်ရှိစက်ရုံက ယခုနှစ်မှာ ထုတ်လုပ်မှု စတင်ပါမယ်။ တင်နက်စီပြည်နယ်ရှိစက်ရုံက ၂၀၂၃ မှာလည်းကောင်း၊ မီချီဂန်ပြည်နယ်ရှိစက်ရုံက ၂၀၂၄ မှာ လည်းကောင်းထုတ်လုပ်မှု စတင်ပါမယ်။
Source Electrek
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U