၂၀၂၁ နိုဝင်ဘာလ ပလပ်ထိုး အိမ်စီးကား ရောင်းရစီးရေ စံချိန်သစ် ထပ်တင်


၂၀၂၁ နိုဝင်ဘာလ ပလပ်ထိုး အိမ်စီးကား ရောင်းရစီးရေ စံချိန်သစ် ထပ်တင်

စွမ်းအင်သစ် မော်တော်ယာဉ်  new energy vehicles (NEV) ခေါင်းစဉ်အောက်မှ ပလပ်ထိုး လျှပ်စစ်မော်တော်ယာဉ် plug-in electric vehicle (PEV) အိမ်စီးကား ရောင်းအားက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ရောင်းအား စံချိန်သစ် တင်ခဲ့ပြန်ပါတယ်။ 
PEV က လျှပ်စစ်ဓာတ်အားကို ပြင်ပမှ ပလပ်ထိုး ဝါယာကြိုးသွယ်ပြီး ကားပေါ်က ဘက်ထရီတွေကို အားသွင်းတာကြောင့် ပလပ်ထိုး plug-in လို့ ခပ်လွယ်လွယ်ခေါ်ဝေါ်ကြရာက အည်တွင်သွားတယ်။
ကမ္ဘာ့ပလပ်ထိုးလျှပ်စစ် မော်တော်ယာဉ် အိမ်စီးကား ရောင်းအားက တစ်လထက်တစ်လ ပိုများလာနေခဲ့ပြီး ၂၀၂၁ နိုဝင်ဘာလမှာ တစ်လတာရောင်းအား စံချိန်သစ် ထပ်တင်လိုက်တာ ဖြစ်ပါတယ်။
EV-Volumes မှ ထုတ်ပြန်တဲ့အချက်အလက်များအရ နိုဝင်ဘာလအတွင်း ယာဉ်မှတ်ပုံတင်တဲ့ ပလပ်ထိုးလျှပ်စစ် အိမ်စီးကား စီးရေ ၇၂၁,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာလထက် ၇၂ % ကျော် ပိုများပါတယ်။ ၂၀၂၁ စက်တင်ဘာလတုန်းက တင်ခဲ့တဲ့ တစ်လတာရောင်းအားစံချိန်သစ် စီးရေ ၆၈၅,၀၀၀ ကျော်ကို နိုဝင်ဘာလ ရောင်းအားက စီးရေ ၇၂၁,၀၀၀ ကျော်ဖြင့် စံချိန်ချိုးလိုက်တာ ဖြစ်ပါတယ်။ 

၂၀၂၁ နိုဝင်ဘာလမှာ ပလပ်ထိုးလျှပ်စစ်မော်တော်ယာဉ် ခေါင်းစဉ်အောက်မှ အိမ်စီးကား အမျိုးအစားမှာ -
Battery electric vehicle (BEV)  စီးရေ ၅၁၈,၀၀၀ (ကားမျိုးစုံရောင်းအားဝေစု ၈.၁% )
plug-in hybrid electric vehicle (PHEV) စီးရေ ၂၀၃,၀၀၀ (ကားမျိုးစုံရောင်းအားဝေစု ၃.၄% ) ရောင်းချခဲ့ရပြီး နှစ်မျိုးပေါင်း စုစုပေါင်း စီးရေ ၇၂၁, ၄၅၆ (ကားမျိုးစုံရောင်းအားဝေစု ၁၁.၅% ) ရှိပါတယ်။
ပလပ်ထိုး အားသွင်းလို့ မရတဲ့ ဓာတ်ဆီ ဘက်ထရီ နှစ်မျိုးစပ် hybrid electric vehicles (HEV) အိမ်စီးကားရဲ့ နိုဝင်ဘာလ ရောင်းအားက စီးရေ ၆၃၂,၀၀၀ ရှိပါတယ်။ 

BEV, PHEV, HEV သုံးမျိုးပေါင်း ရောင်းအားစီးရေ ဝေစုက နိုဝင်ဘာလမှာ ၂၂% ရှိပါတယ်။

ဒီဇင်ဘာလအတွက် စာရင်း မထုတ်ပြန်သေးသော်လည်း နိုဝင်ဘာလထက် ပိုများမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

ကမ္ဘာ့ Plug-In လျှပ်စစ်ကားအရောင်း – နိုဝင်ဘာ ၂၀၂၁


၂၀၂၁ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အိမ်စီဂ ပလပ်ထိုး လျှပ်စစ်ကား ရောင်းအားစီးရေ ၅.၅၇ သန်းကျော် ရှိခဲ့ပါတယ်။ ယမန်နှစ် ၂၀၂၀ မှာ တစ်နှစ်တာ ရောင်းအားစီးရေ ၃.၁ သန်းသာ ရှိခဲ့ပါတယ်။ 
၂၀၂၁ တစ်နှစ်တာအတွက် ပလပ်ထိုးကား ရောင်းအားစီးရေ ၆ သန်း ကျော်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ၆သန်းခွဲနီးပါးအထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ 


မော်ဒယ်
နိုဝင်ဘာလမှာ ရောင်းအကောင်းဆုံးက Tesla Model Y (၄၄,၇၃၈ စီး) ဖြစ်ပြီး ဒုတိယနေရာမှာ Wuling's Hong Guang MINI EV (၄၀,၃၉၅ စီး) ရှိနေပါတယ်။ တတိယနေရာမှာ Tesla Model 3 (၃၈,၆၁၆ စီး) ရှိနေပါတယ်။

စတုတ္ထနဲ့ ပဉ္စမနေရာတို့မှာ  BYD ရဲ့ လျှပ်စစ်ကားတွေ နေရာယူထားပါတယ်။ BYD Qin Plus PHEV (၁၈,၀၅၄ စီး) နဲ့ BYD Song Pro/Plus PHEV (၁၅,၁၀၀ စီး) တို့ ဖြစ်ပါတယ်။ 

ယခုအထိ ပလပ်ထိုးကားတွေမှာ ရောင်းရစီးရေ ထိပ်တန်းစာရင်းထဲ ပါဝင်နေတဲ့ ကားတွေက 
Tesla Model 3, 
Wuling's Hong Guang MINI EV, 
Tesla Model Y, 
Volkswagen ID.4 
 BYD Qin Plus PHEV
တို့ ဖြစ်ပါတယ်။
ထိပ်တန်း (၁၀) TOP10 စာရင်းမှာ တရုတ် ပလပ်ထိုး မော်ဒယ် ၆ ခု ပါဝင်ပါတယ်။ 
ထိပ်တန်း(၂၀) TOP20 စာရင်းမှာ တရုတ်ပလပ်ထိုး မော်ဒယ် ၁၁ ခု ပါဝင်ပါတယ်။

မော်ဒယ်နှင့် ရောင်းချစီးရေ
Tesla Model 3 -  416,460 
Wuling's Hong Guang MINI EV - 368,396 
Tesla Model Y -  326,317 
Volkswagen ID.4 -  102,474 
BYD Qin Plus PHEV -  94,267 
BYD Han EV -  76,594 
Li Xiang One EREV - 76,404 
Volkswagen ID.3 -  67,739 
Changan Benni EV -  66,050 
GAC Aion S -  64,779 

TOP10 MODEL

 


Brand 
နိုဝင်ဘာလ ရောင်းအားကို Brand  အရကြည့်ရင် BYD ရဲ့ လျှပ်စစ်ကားမော်ဒယ်တွေ စုစုပေါင်း စီးရေ ၉၀,၀၀၀ ကျော် ရောင်းချခဲ့ပါတယ်။ Tesla က စီးရေ ၈၈,၁၃၁ ရောင်းချခဲ့ပြီး ဒုတိယနေရာမှ ရှိနေပါတယ်။ တတိယနေရာမှာ SAIC-GM-Wuling  သုံးပွင့်ဆိုင် ဖက်စပ်လုပ်ငန်းက ရောင်းရစီးရေ ၄၅,၄၅၂  ရှိခဲ့ပါတယ်။ စတုတ္ထနေရာမှာ Volkswagen brand က ရောင်းရစီးရေ ၄၀,၉၈၇ ရှိပါတယ်။ 

ယခုအထိ လျှပ်စစ်ကားအများဆုံး ရောင်းထားတဲ့ Brand  က Tesla ဖြစ်ပါတယ်။ BYD, SAIC-GM-Wuling နဲ့  Volkswagen တို့ထက် အပြတ်အသတ် သာပါတယ်။ 

TOP BRANDS

Tesla - 764,950 
BYD -  500,585 
SAIC-GM-Wuling -  394,814 
Volkswagen -  319,735 
BMW -  245,299 
SAIC - 207,354 
Mercedes-Benz -  202,630 
Volvo - 170,359 
Audi -  153,219 
Kia - 142,416 

TOP10 BRANDS
 


 ယခုနှစ်မှာ နိုဝင်ဘာလအထိ ရောင်းအားအရ ဈေးကွက်ဝေစုကို ကြည့်ရင်
 Tesla က နံပါတ်(၁) #1 13.7% 
Volkswagen Group  က နံပါတ်(၂) 11.8%
SAIC က နံပါတ်(၃) 10.8% ဖြစ်ပါတယ်။ 
BYD က ဈေးကွက်ဝေစု 9.0% ရရှိထားပြီး  Stellantis* က 5.8% ရရှိထားပါတယ်။

*Stellantis ပိုင်ဆိုင်လုပ်ကိုင်နေတဲ့  brands ၁၅ ခု Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS, Fiat, Fiat Professional, Jeep, Lancia, Maserati, Opel, Peugeot, Ram and Vauxhall, Mopar 

 

 

 

Read 561 times