ကမ္ဘာလုံးဆိုင်ရာ အီးဗီ ရောင်းအား ဆက်လက်အားကောင်းနေဆဲ


ကမ္ဘာလုံးဆိုင်ရာ အီးဗီ ရောင်းအား ဆက်လက်အားကောင်းနေဆဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံတွင် အီးဗီ ဝယ်ယူသူတိုင်းကို အစိုးရက ထောက်ပံ့ကြေး ပေးသည့် အစီအစဉ် ပြီးဆုံးသွားပြီဖြစ်သော်လည်း အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ လစဉ်ရောင်းအား စံချိန်တင်ခဲ့ကြောင်း၊ လျှပ်စစ်မော်တော်ယာဥ်  ကမ္ဘာ့ရောင်းအား ဆက်လက်အားကောင်းနေကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ Rho Motion မှ အစီရင်ခံစာ ထုတ်ပြန်ပါသည်။

 
တရုတ်နိုင်ငံသည် အီးဗီဝယ်ယူသူများအတွက် ဗဟိုအစိုးရ၏ ၁၁ နှစ်ကြာ ထောက်ပံ့ကြေးအစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။
သို့သော် အချို့သော ဒေသဆိုင်ရာ အာဏာပိုင်များသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အကူအညီ သို့မဟုတ် အခွန်ပြန်အမ်းပေးမှုများကို ဆက်လက် ကမ်းလှမ်းထားသည်။ အီးဗီ ဝယ်ယူသူများအတွက်လည်း ထောက်ပံ့ငွေ ဆက်လက်ပေးအပ်နေဆဲ ဖြစ်သည်။

 ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် တရုတ်ပြည် အီးဗီရောင်းအားသည် ယမန်နှစ် အလားတူကာလထက် ၂၉% ပိုများခဲ့သည်။ ကမ္ဘာ့အီးဗီရောင်းအားသည် ၃၄% ပိုများခဲ့ပါသည်။

တရုတ်ပြည်တွင် နှစ်ကုန်ခါနီး နှစ်လတွင် ကားရောင်းအား များလေ့ရှိသည်ဟု Rho Motion က ဆိုသည်။

"အောက်တိုဘာလရဲ့ ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး သတိပြုစရာတစ်ခုကတော့ ထောက်ပံ့ကြေးမပေးတော့ပေမဲ့ တရုတ်နိုင်ငံမှာ အီးဗီ ဝယ်လိုအားက စံချိန်တင်မြင့်တက်နေပါတယ်။၂၀၂၃ ခုနှစ်ဟာ တရုတ်နိုင်ငံ အီးဗီရောင်းအား စံချိန်သစ် ထပ်တင်ဦးမယ့် နှစ် ဖြစ်ပါတယ်" ဟု Rho Motion က သုံးသပ်သည်။
၎င်း ၉ လတာတွင် အီးဗီ ရောင်းအားသည် ဥရောပဈေးကွက်တွင် ၂၆% တိုးလာသည်။
၎င်း ၉ လတာတွင် မြောက်အမေရိကမှာ အီးဗီ ရောင်းအား ၇၈% မြင့်တက်ခဲ့ပါသည်။

"မြောက်အမေရိကဈေးကွက်မှာ အီးဗီရောင်းအား  ခိုင်မာတဲ့ အနေအထား ၂၀၂၃ မှာ ဆက်လက်ရှိနေပါတယ်၊ Tesla က ဈေးကွက်ဝေစု အများစုကို ယူထားဆဲဖြစ်ပြီး အစဉ်အလာရှိတဲ့ မော်တော်ကားထုတ်လုပ်သူတွေက ထုတ်လုပ်မှု အကြီးအကျယ် တိုးမြှင့်ဖို့ကို ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင်ဖြင့် လုပ်ဆောင်နေကြပါတယ်"ဟု Rho Motion က ပြောကြားသည်။


Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 373 times