တရုတ်ကားဈေးကွက် ပြည်ပ brand များ အနှေးယာဉ်ကြောထဲ ရောက်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဥ်ဈေးကွက်သည် လျှပ်စစ်အနာဂတ်ဆီသို့ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လျက်ရှိပြီး ပြည်ပ ကားအမှတ်တံဆိပ်များကို ဘေးဖယ်ပေးသည့် အနှေးယာဉ်ကြောထဲ ရောက်သွားစေခဲ့ပါသည်
.
အကြီးမားဆုံး ပြောင်းလဲမှုမှာ တရုတ်ကား အမှတ်တံဆိပ်များသည် ယခုအခါ အဓိက ကဏ္ဍများတွင် ဦးဆောင်နေသည်။ လျှပ်စစ်ကားမော်ဒယ် အသစ်များဖြင့် ရောင်းအား ရယူပြီး ဈေးကွက်ဝေစုကို သိမ်းပိုက်နေကြသည်။ ဂျပန်၊ ကိုရီးယားနှင့် အနောက်တိုင်းမှ ကားလုပ်ငန်းများ ဈေးကွက်ဝေစု ဆုံးရှုံးနေကြသည်။
.
တရုတ်ကား အမှတ်တံဆိပ်များသည် ပြည်တွင်းကို အခြေတည်ပြီး ပြည်ပဈေးကွက်များသို့ ခြေဆန့်နေကြသည်။ ထုတ်လုပ်မှုကိုပါ ပြည်ပမှာ တိုးချဲ့လုပ်ကိုင်လာကြသည်။
.
အအောင်မြင်ဆုံးမှာ BYD ဖြစ်သည်။
တရုတ်နိုင်ငံတွင် BYD ၏ ရောင်းအားသည် ယခုနှစ်တွင် ၆၉% နီးပါးတက်လာသည်။ ကားဈေးကွက်ကြီးတစ်ခုလုံး၏ ၁၁% ကို ဈေးကွက်ဝေစု ရရှိထားသည်။ Volkswagen နှင့် Toyota တို့ထက် ရောင်းအား ပိုကောင်းနေသည်။
.
“ဒီဈေးကွက်မှာ ဘယ်သူတွေက အနိုင်ရသူတွေလဲ။ ဘယ်သူတွေက အရှုံးသမားတွေလဲဆိုတာ အလွှာကွဲပြားပြီး သိသာထင်ရှားလာပါပြီ။ အဲဒီမှာ နိုင်တဲ့သူတွေက လက်ချိုးရေလို့ရတယ်။ ကျန်တာအားလုံး အရှုံးသမားတွေချည်းပဲ" ဟု အတိုင်ပင်ခံလုပ်ငန်း Automobility ထူထောင်သူ Bill Russo က ပြောကြားသည်။
.
တရုတ်နိုင်ငံတွင် အိမ်စီးကားရောင်းချမှုသည် ပထမသုံးလပတ်တွင် ၁၃% ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association မှ အချက်အလက်များအရ သိရသည်။
သို့သော် အီးဗီနှင့် ပလပ်ထိုး ဟိုဘရစ် မော်ဒယ်များ ရောင်းအား ၂၂% မြင့်တက်ခဲ့သည်။
.
Volkswagen, General Motors, Honda, Nissan တို့ ရောင်းအားကျဆင်းခဲ့သည်။ ဈေးကွက်ဝေစုလည်း လျော့ကျသည်။
တရုတ်ပြည်တွင်း ကားဈေးကွက်ထဲ ဈေးချရောင်းပြီး ယှဉ်ပြိုင်သည့် စျေးနှုန်းစစ်ပွဲအတွင်း ဇန်နဝါရီလမှစ၍ ကားအမှတ်တံဆိပ် ၄၀ ကျော်သည် Tesla ဈေးချပြီးသည့်နောက်တွင် စျေးနှုန်းလျှော့ချခဲ့ကြသည်။ သို့ဖြစ်ရာ အမြတ်ရနိုင်မှု လျော့ကျသွားစေခဲ့သည်။
.
ယခင်က တရုတ်နိုင်ငံ၏ အိမ်စီးကား အနိမ့်အဆင့် စျေးကွက်ကို ပြည်ပ ကားထုတ်လုပ်သူများက တရုတ်အမှတ်တံဆိပ်များနှင့် ပူးပေါင်း၍ ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ထုတ်လုပ်သော ဓာတ်ဆီအင်ဂျင်ကားများက လွှမ်းမိုးထားသည်။
ယခုနှစ်တွင် $22,500 ~ $30,000 ဈေးအဆင့်အတန်းတွင် ဓာတ်ဆီကားများ ဈေးကွက် ပျောက်ကုန်သည်။ ပထမ၃ လပတ်တွင် ရောင်းအား ၂၀.၅% ကျဆင်းသည်။ အီးဗီနှင့် ပလပ်ထိုး ဟိုက်ဘရစ်များက ရောင်းအား ၆၈% မြင့်တက်သည်။
BYD က ပလပ်ထိုး ဟိုက်ဘရစ် SUV အမျိုးအစား Song မော်ဒယ်ကို $20,000 ဖြင့် ဈေးဖွင့်သည်။ Nissan Sylphy ထက် ရောင်းအား ပိုကောင်းသည်။ Nissan Sylphy သည် တရုတ်ဈေးကွက်တွင် အရောင်းရဆုံး ၃ နှစ်ဆက်တိုက် သရဖူဆောင်းခဲ့သည့် ကားမော်ဒယ် ဖြစ်သည်။
BYD က Dolphin EV ကို $17,000 ဖြင့် ဈေးဖွင့်သည်။ ၎င်းမော်ဒယ် ရောင်းအားသည် Volkswagen Passat ရောင်းအားကို ကျော်တက်သွားသည်။
.
တရုတ်ကားဈေးကွက်တွင် ပရီမီယံ အတန်းအစားသည် ရောင်းဈေး $52,500 မှ $60,000 အထိ ရှိသည်။ ယင်းအတန်းအစားတွင် အီးဗီနှင့် ပလပ်ထိုး ဟိုက်ဘရစ်များ ကြီးစိုးနေပြီ ဖြစ်သည်။ အရောင်းရဆုံး ကားမော်ဒယ်များအဖြစ် သရဖူ ဆောင်းထားကြသည်။
.
BYD သည် တရုတ်စျေးကွက်ကို ပလပ်ထိုး ဟိုက်ဘရစ်ဖြင့် လွှမ်းမိုးထားသည်။ ပလပ်ထိုး ဟိုက်ဘရစ်သည် ဓာတ်ဆီအင်ဂျင်ပါသည်။ ဘက်ထရီထုပ်ကို ပလပ်ထိုး အားသွင်းပြီး ခရီးတိုကို ဘက်ထရီဖြင့် မောင်းနှင်နိုင်သည်။
.
ပလပ်ထိုး ဟိုက်ဘရစ်ကားများသည် ယခုနှစ် BYD ရောင်းချမှု၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည်။
.
Tesla သည် ဓာတ်ဆီအင်ဂျင်မပါသည့် လျှပ်စစ်ကား စစ်စစ်များကိုသာ ထုတ်လုပ်သည်။ ယခုနှစ် ပထမ ၃ လပတ်တွင် Model 3 ဆီဒင်နှင့် Model Y crossover စီးရေ ၁၃၇,၀၀၀ ကျော် ရောင်းချခဲ့သည်။ ဈေးချရောင်းသဖြင့် ဈေးကွက်ဝေစု တိုးခဲ့သည်။ တရုတ်ပြည် ရောင်းဈေးသည် အမေရိကန်မှာထက် သက်သာသည်။
.
တရုတ်ကား အမှတ်တံဆိပ်များသည် ပြည်ပသို့လည်း ကားများ တင်ပို့ကြသည်။ အီးဗီနှင့် ပလပ်ထိုး ဟိုက်ဘရစ်များ တင်ပို့ကြသည်။
ပြည်တွင်းဈေးကွက်မှာ အနိုင်ယူပြီးသည့်နောက် ပြည်ပဈေးကွက်များတွင်လည်း နိုင်ငံအချို့တွင် အနိုင်ယူ ကြီးစိုးနိုင်ကြမည် ဖြစ်သည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U