Gigafactory 6 စက်ရုံအသစ်အတွက် Tesla ထံ ယာဉ်ပစ္စည်း ပေးသွင်းသူများ မက္ကဆီကိုတွင် စက်ရုံများ တည်ဆောက်


Gigafactory 6 စက်ရုံအသစ်အတွက် Tesla ထံ ယာဉ်ပစ္စည်း ပေးသွင်းသူများ မက္ကဆီကိုတွင် စက်ရုံများ တည်ဆောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

မော်တော်ယာဉ် ပစ္စည်းပေးသွင်းသည့် တရုတ်ကုမ္ပဏီများသည် မက္ကဆီကို နိုင်ငံ မွန်တာရီမြို့အနီးရှိ Tesla ၏ မကြာသေးမီက ကြေညာခဲ့သော Gigafactory အတွက် ယာဉ်အစိတ်အပိုင်းများ ပေးသွင်းနိုင်စေရန် မက္ကဆီကိုနိုင်ငံတွင် စက်ရုံများကို အလျင်အမြန်တည်ဆောက်လျက်ရှိသည်။

လျှပ်စစ်ကားထုတ်လုပ်သူ Elon Musk က မေလတွင် စက်ရုံသစ်အတွက် ပန္နက်ချခဲ့ပြီးနောက် Ningbo Xusheng Group၊ Zhejiang Sanhua Intelligent Controls နှင့် Tuopu Group အပါအဝင် ပြည်မကြီးမှ စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီ ၇ ခုထက် မနည်းသည် မက္ကဆီကိုတွင် ထုတ်လုပ်မှုတိုးချဲ့ရန် အစီအစဉ်များကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

Gigafactory 6 ဟု အမည်တွင်သည့်စက်ရုံ အသစ်ကို တည်ဆောက်ရန် Tesla  ဆုံးဖြတ်ချက် ချပြီးသည့်အခါ  မော်တော်ယာဉ်အစိတ်အပိုင်း ပေးသွင်းသည့် တရုတ်ကုမ္ပဏီများကို မက္ကဆီကိုတွင် စက်ရုံများဖွင့်လှစ်ရန် Tesla က ဖိတ်ခေါ်ခဲ့သည်။

ရှန်ဟိုင်းရှိ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် ZF TRW မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Peter Chen က နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသည့် "win-win scenario" ဖြစ်ကြောင်း ပြောကြားသည်။
Gigafactory အသစ်အတွက် မရမဖြစ် လိုအပ်နေသည့် တရုတ် ပစ္စည်းပေးသွင်းသူများကို Tesla ရရှိသွားသည်။
တရုတ် ပစ္စည်းပေးသွင်းသူများသည် ပြည်ပဈေးကွက်များသို့ ဝင်ရောက်ရန် ခြေကုပ် ရရှိသွားကြသည်။


တရုတ်နိုင်ငံမှ ထုတ်လုပ်သူများသည် ကားအစိတ်အပိုင်းများ ကမ္ဘာ့လိုအပ်ချက် ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးနေကြပြီဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ကားအစိတ်အပိုင်းများ စုစုပေါင်း ကန်ဒေါ်လာ ၁.၅၁ ထရီလီယံဖိုး ရောင်းချခဲ့ရာ၌ ကန်ဒေါ်လာ ၇၁၀ ဘီလီယံဖိုးသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သူများက ရောင်းချခဲ့ကြခြင်း ဖြစ်သည်။
အီးဗီဘက်ထရီများ၏ ၆၀% ကျော်ကို CATL နှင့် BYD ကဲ့သို့သော တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သည်။

တရုတ်နိုင်ငံ၏ ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သူများသည် ကားလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းနှင့် ပြည်ပ နှစ်ခုစလုံးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
Source: SCMP
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 163 times