Ghibli black Limited Edition Maserati ကို Ghibli Nerissimo ဟုနာမည်ပေးထားပြီး အစီးရေ ၄၅၀ တိတိကျကျပဲ ကန့်သတ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Ghibli၊ Ghibli Sနဲ့ Ghibli S Q4 မူကွဲတွေရဲ့ Limited Edition အသီးသီးကို Nerissimo စီးရီးတွေအဖြစ် ထုတ်လုပ်မယ်လို့ Maseratiက အတည်ပြုခဲ့ပါသည်။
ယင်းကားတွင်လက်မ ၂၀ အရွယ်အနက်ရောင်တောက်တောက် Urano ဘီးခွေများ၊ အနက်ရောင် တံခါးလက်ကိုများွ၊အနက်ရောင်တံခါးဘောင်များွနဲ့အနက်ရောင်အင်ဂျင်လေထွက်ပေါက်များကိုတပ်ဆင်ထားပါသည်။
ကားပြင်ပမှာသာမကအတွင်းပိုင်းတွင်လည်း အနက်ရောင်များလွှမ်းမိုးထားပြီး ထိုင်ခုံများမှာလည်း အနက်ရောင် အဆင့်မြင့် သားရေသားနဲ့ ချုပ်လုပ်ထားပြီးစတီယာရင်မှာလည်းအနက်ရောင်အသားပေးခြယ်သထားပါသည်။
Ghibli Nerissimoမှာ လုံခြုံရေးနည်းပညာပိုင်းအထောက်အပံ့တွေလည်း ပါရှိလာပြီးမြင်ကွင်းကွယ်သည့် နေရာများွကိုထောက်လှမ်းနိုင်သည့်စနစ်များ၊ရှေ့ဘက်နဲ့နောက်ဘက်တွင်ပါကင်အထောက်အကူပြုအာရုံခံစနစ်များွ၊ အဝေးမှကားစက်နှိုးနိုင်သည့်စနစ်များွက အခြေခံစံနှုန်းအနေနဲ့ ပါဝင်လာမည်ဖြစ်သည်။
Ghibli Sနှင့်Ghibli S Q4 များ၏ Limited Editionတွင် Harman Kardon၏ဖျော်ဖြေရေးအသံစနစ်ကိုပါ ထည့်သွင်းပေးထားပါသည်။
Limited Edition အစီး ၄၅၀ စလုံးမှာ Nerissimoဟုဆိုသောသီးသန့်တံဆိပ်ကိုထည့်သွင်းတပ်ဆင်ထားမှာဖြစ်ပြီး မှာယူသူတွေက ဇိမ်ခံကား အနေနဲ့၊ သို့မဟုတ် ပြိုင်ကားအနေနဲ့ ပိုပြီး ပီပြင်စေမယ့် စိတ်ကြိုက် ရွေးချယ်ခွင့်ကို ရရှိမယ်ဟုသိရသည်။
ကားစက်ဖုံးကိုဖွင့်ကြည့်ပါက Ferrari နည်းပညာသုံး Twin Turbocharged 3.0-litre V6 အင်ဂျင်ကို တွေ့နိုင်မည်ဖြစ်သည်။
မြင်းကောင်ရေ ၄၀၄ ကောင်အားအင်ဂျင်ကို ZF အော်တိုဂီယာ ၈ ချက်ကအထောက်အပံ့ပေးနေမည်ဖြစ်ပြီး လေးဘီးယက်စနစ်နှင့် မောင်းနှင်သည့် Ghibli S Q4ကတော့ စက်အားအကောင်းဆုံးဖြစ်ပြီး ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၄.၇ စက္ကန့်အတွင်း အရှိန်မြှင့်နိုင်မှာ ဖြစ်သလို အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၁၇၆ မိုင်ထိ မောင်းနှင်နိုင်မယ်လို့လည်း သိရပါသည်။