ယာဉ်မောင်းလိုင်စင်အသစ်ရယူရန်ပြုလုပ်ရမည့်အချက်များ


ယာဉ်မောင်းလိုင်စင်အမျိူးအစားလိုက်လျှောက်ထားရယူရန်လိုအပ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(၁)သ” ယာဉ်မောင်းလိုင်စင်

ထိုယာဉ်မောင်းလိုင်စင်ရယူလိုသူသည်အသက်(၁၆) နှစ် ပြည့်ပြီးသူဖြစ်ပြီး၎င်းအားယာဉ်မောင်းသင်ကြားပေးသူရှိရမည်။

(၂)က-၁” ယာဉ်မောင်းလိုင်စင်

စက်စွမ်းအား ၁၁၀ စီစီနှင့်အောက်မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်ရယူလိုသူသည်
(၁) အသက်(၁၆)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
(၂) "သ"လိုင်စင်ရရှိထားပြီးသူဖြစ်ရမည်။
(၃) သတ်မှတ်ယာဉ်မောင်းသင်တန်းတက်ရောက်၍ စစ်ဆေးမှုဖြေဆိုအောင်မြင်ပြီးသူဖြစ်ရမည်။
(၃)“က” ယာဉ်မောင်းလိုင်စင်

ယင်းလိုင်စင်ရယူလိုသူသည်အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး“သ” လိုင်စင်သက်တမ်း(၃)လပြည့်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်းတက်ရာက်အောင်မြင်ပြီးသူဖြစ်ရမည်။

“က-၁” လိုင်စင်သက်တမ်း(၂)နှစ်ပြည့်ပြီး (အသက်၁၈နှစ်ကျော်ပြီးသူ)မှ “က”လိုင်စင်လျှောက်ထားလာပါကလှဲလှယ်ထုတ်ပေးရမည် ဖြစ်သည်။

(၄)ခ"ယာဉ်မောင်းလိုင်စင်

ယင်းလိုင်စင်ရယူလိုသူသည်အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး"သ"လိုင်စင်သက်တမ်း (၃)လပြည့်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်းတက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။ 
"က" လိုင်စင်သက်တမ်း(၃)လပြည့်ပြီးပါကလည်း "ခ" ယာဉ်မောင်းလိုင်စင်သို့လျှောက်ထားနိုင်သည်။

(၅)ဂ” ယာဉ်မောင်းလိုင်စင်

ယင်းလိုင်စင်ရယူလိုသူသည်အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး“သ” လိုင်စင်တင်ပြနိုင်ရမည့်အပြင်မောင်းနှင်ခွင့်ရလိုသော စက်ယန္တရားကြီးများ၊ စက်တပ်ယာဉ်ကြီးများကိုမောင်းနှင်နိုင်သူဖြစ်ရမည်။

(၆)ဃ” ယာဉ်မောင်းလိုင်စင်

ယင်းလိုင်စင်ရယူလိုသူသည် “ခ” လိုင်စင်သက်တမ်း(၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး“ခ” လိုင်စင်သက်တမ်း (၃)နှစ် ပြည့်ပါက “ဃ” ယာဉ်မောင်းလိုင်စင်လျှာက်ထားနိုင်သည်။ 
၎င်းလိုင်စင်ဖြင့်တက္ကစီယာဉ်မောင်းလိုပါကပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်) ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။

(၇)င"ယာဉ်မောင်းလိုင်စင်

ယင်းလိုင်စင်ရလိုသူသည်"ဃ"လိုင်စင်သက်တမ်း (၂)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီးတဆက်တည်းသက်တမ်းရှိ "ခ"ယာဉ်မောင်း လိုင်စင်(၅) နှစ်ပြည့်ပြီးသူဖြစ်ရမည့်အပြင်ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။

သတ်မှတ်ထားသော ကျန်းမာရေးအဆင့်အတန်းနှင့် ညီညွတ်ရမည့်အပြင်ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့်စစ်ဆေးမှုများကိုပါအောင်မြင်ရမည်။
(၈)ဌ" ယာဉ်မောင်းလိုင်စင်

ယင်းလိုင်စင်ရယူလိုသူသည်အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည့်အပြင်အမောင်းသင်လိုင်စင်ရယူပြီးသူဖြစ်ရမည်ဖြစ်ပြီးထရော်လဂျီ၊ ထရပ်တာများမောင်းနှင်နိုင်သူဖြစ်ရမည်။
သတ်မှတ်သည့်စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။
(၉)တပ်မတော်

(ကြည်း/ရေ/လေ)၏ယာဉ်မောင်းလိုင်စင်ကိုအနည်းဆုံးတစ်နှစ်ရရှိထားပြီးသူသည် ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်းဥပဒေအခန်း(၄)၊ ပုဒ်မ-၆၂ အရသင့်လျော်သောယာဉ်မောင်းလိုင်စင်တစ်ခုခုကို လျှောက်ယူနိုင်သည်။
"သ"ယာဉ်မောင်းလိုင်စင်ရယူရန်မလို။
တပ်မတော်ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့်အညီအောက်ပါယာဉ်မောင်းလိုင်စင်အမျိုးအစားများကို လျှောက်ယူနိုင်သည်။

(က) တပ်မတော်ယာဉ်မောင်းလိုင်စင် အနည်းဆုံးသက်တမ်း တစ်နှစ်ရှိသူသည် "ခ"ယာဉ် မောင်းလိုင်စင်ကို လျှောက်ယူနိုင်သည်။

(ခ) တပ်မတော ်ယာဉ်မောင်းလိုင်စင် အနည်းဆုံး သက်တမ်း သုံးနှစ်ရှိသူသည်တက္ကစီယာဉ် မောင်းနှင်ရန်မှအပ " ဃ"ယာဉ်မောင်းလိုင်စင်ကို လျှောက်ယူနိုင်သည်။

(ဂ) တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး ငါးနှစ်ရှိ၍ စစ်မှုထမ်းခြင်းမှနှုတ်ထွက်ပြီးသူသည် "င"ယာဉ်မောင်းလိုင်စင်ကို လျှောက်ယူနိုင်သည်။

(ဃ) တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းတစ်နှစ်မပြည့်သူသည် ယာဉ်မောင်းလိုင်စင်ရယူလိုလျှင် "သ"ယာဉ်မောင်းလိုင်စင်ကိုရယူရမည်။

(၁၀) ၁၉၉၇ ခုနှစ်က အာဆီယံနိုင်ငံများအကြားလက်မှတ်ရေးထိုးခဲ့သည့် “အာဆီယံနိုင်ငံများမှထုတ်ပေးသည့် ပြည်တွင်းယာဉ်မောင်းလိုင်စင်များအားအပြန်အလှန်အသိအမှတ်ပြုရေးသဘောတူစာချုပ် (Agreement on the Mutal Recognition of Domestic Driving Licences Issued by ASEAN Countries) အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့သွားရောက်မည့်ပုဂ္ဂိုလ်များသည်ပြည်တွင်းမှထုတ်ပေးသည့် Smart Card ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်၍မောင်းနှင်နိုင်ပါသည်။

(၁၁)အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းခွင့်လက်မှတ် 
International Driving Permit (IDP) ရယူရန်လိုအပ်ချက်များမှာ

(က) သက်တမ်းရှိပြည်တွင်းယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္တူ။
(ခ) သက်တမ်းရှိနိုင်ငံကူးလက်မှတ်နှင့် မိတ္တူ။ (လျှောက်ထားသူသည် နိုင်ငံခြားသို့ရောက်ရှိနေပါက နိုင်ငံကူးလက်မှတ်မိတ္တူနှင့်လျှောက်ထားနိုင်ပါသည်။)
(ဂ) လျှောက်ထားသူ၏ Passport အရွယ်ဓါတ်ပုံ ၃ ပုံ။
(ဃ) အပြည်ပြည်ဆိုင်ရာယာဉ်မောင်းခွင့်လက်မှတ်အတွက်ကျသင့်ငွေ $ (20)နှင့်ညီမျှသောမြန်မာကျပ်ငွေ။

(၁၂)နိုင်ငံခြားလိုင်စင်မှမြန်မာနိုင်ငံလိုင်စင်သို့ကူးပြောင်းလိုလျှင်လိုအပ်ချက်များ -

(က) နိုင်ငံခြားလိုင်စင် မူရင်းနှင့် မိတ္တူ။
(ခ) Passport မူရင်းနှင့် မိတ္တူ။
(ဂ)ဓါတ်ပုံ (၃) ပုံ။
(ဃ) နိုင်ငံခြားသား၏သက်ဆိုင်ရာ ကုမ္ပဏီမှလျှောက်လွှာ။
(င) $( 50 ) နှင့် ညီမျှသောမြန်မာကျပ်ငွေနှင့်လိုင်စင်ကတ်ဖိုး ၁၂၀၀ ကျပ်။

(၁၃)ရုံးများမှသံတမန်များနှင့် သံတမန်အခွင့်အရေးရသူများအတွက်မြန်မာနိုင်ငံလိုင်စင်လျှောက်ထားလိုလျှင် လိုအပ်ချက်များ-

(က) သက်ဆိုင်ရာသံရုံးမှ လျှောက်လွှာ။
(ခ) သံတမန်ရေးရာဦးစီးဌာနမှ ထောက်ခံချက်။
(ဂ) သံတမန် Passport မိတ္တူ။
(ဃ) သံတမန်စိစစ်ရေးကတ်မိတ္တူ။
(င)သက်ဆိုင်ရာနိုင်ငံမှ လိုင်စင်မိတ္တူ။
(စ)ကျပ်ငွေ (၁၂၀၀ိ/-)။

(၁၄)မာ်တော်ယာဉ်မောင်းသူ အတတ်သင်ကျောင်းမှတ်ပုံတင်ကြေး သတ်မှတ်ခြင်း-

(က) ယာဉ်မောင်းသင်တန်းကျောင်း မှတ်ပုံတင်ကြေး (၁၀၀၀၀၀ိ/-)။

Read 5610 times