ချစ်ပ်မရသဖြင့် ဂျာမန်ကားစက်ရုံ ၂၀၂၂ အထိ ယာယီပိတ်


ဂျာမနီနိုင်ငံမှ Opel စက်ရုံက တစ်နှစ်လျှင် စီးရေ ၁၃၀,၀၀၀ ထုတ်လုပ်ပြီး ဝန်ထမ်းဦးရေ ၂,၀၀၀ နီးပါး ရှိပါတယ်။
ယခုအခါ ချစ်ပ်တွေ မရတဲ့အတွက် စက်ရုံကို ၂၀၂၂ ခုနှစ်ရောက်တဲ့အထိ ပိတ်ထားမယ်လို့ အသိပေး ကြေညာပါတယ်။

Citroen, Fiat, Alfa Romeo, Jeep, Peugeot, Ram, Opel အပါအဝင် ကားအမှတ်တံဆိပ် ၁၄ ခုကို ပိုင်ဆိုင်တဲ့ နယ်သာလန် အခြေစိုက် Stellantis မှ ပြောရေးဆိုခွင့်ရသူက အသိပေးပြောကြားခဲ့တာမှာ ကိုဗစ်ကြောင့် နဲ့ ချစ်ပ်မရခြင်းကြောင့် စက်ရုံကို ယာယီအားဖြင့် ပိတ်ထားမယ်။ Opel Grandland ထုတ်လုပ်မှုကို ၂၀၂၂ နှစ်ဆန်းပိုင်းကျမှ ပြန်စနိုင်မယ်လို့ ဆိုပါတယ်။

Opel စက်ရုံမှာ ဓာတ်ဆီကားနဲ့ ဓာတ်ဆီဘက်ထရီ ကပြားကားတွေ ထုတ်လုပ်ပါတယ်။ အလယ်အလတ်အရွယ်အစား SUV ဖြစ်တဲ့ Opel Grandland မော်ဒယ်တွေ ထုတ်လုပ်လျက်ရှိတာကို ရပ်ဆိုင်းထားလိုက်ရတာ ဖြစ်ပါတယ်။ 

 

 

Read 12246 times