ဂျာမန်ကားဈေးကွက် တရုတ်ပြည်ဖြစ်ကားများ အဝင်များလာသဖြင့် စိုးရိမ်စရာ ဖြစ်လာ


ဂျာမန်ကားဈေးကွက် တရုတ်ပြည်ဖြစ်ကားများ အဝင်များလာသဖြင့် စိုးရိမ်စရာ ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 
၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဂျာမနီနိုင်ငံသို့ တရုတ်ပြည်ဖြစ် ကားများနှင့် ယာဉ်အစိတ်အပိုင်းများ တင်သွင်းမှု ၇၅% မြင့်တက်လာသည်။

တရုတ်ပြည်သို့ ဂျာမနီပြည်ဖြစ် ကားများနှင့် ယာဉ်အစိတ်အပိုင်းများ တင်ပို့မှု ၂၁% လျော့ကျသွားသည်။

မော်တော်ယာဉ်ကဏ္ဍတွင် တရုတ်အမှတ်တံဆိပ် ၈ ခု ယခုနှစ်တွင် ဂျာမနီဈေးကွက်သို့ ဝင်ရောက်ခဲ့သည်ဟု German Economic Institute (IW) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဂျာမနီ ကားဈေးကွက်တွင် ၎င်းတို့ အားလုံး စုစုပေါင်း ဈေးကွက်ဝေစု ၁.၅% ရရှိခဲ့ကြသည်။

 

 

ဂျာမနီမှ BMW ၏ လျှပ်စစ်ကားစစ်စစ် iX3 ကဲ့သို့သော တရုတ်ပြည်ဖြစ် ကားဖြစ်သော်လည်း တရုတ်အမှတ်တံဆိပ် မဟုတ်သည့်ကားများ တရုတ်ပြည်မှာ ထုတ်လုပ်ပြီး ဂျာမနီသို့ တင်သွင်းသည့် စီးရေ ပိုများလာနေသည်။ 

တရုတ်ပြည်ဖြစ်ကားများ ဈေးကွက်ထဲ ဝင်လာ‌သည့် စီးရေ ပိုပိုများလာသဖြင့် မျက်ခုံးလှုပ်စရာ ဖြစ်လာသည်။

ဥရောပကော်မရှင်သည် စျေးသက်သာသော တရုတ်လျှပ်စစ်ကားတင်သွင်းမှုကြောင့် အီးယူမှ ကားထုတ်လုပ်သူများ မထိခိုက်အောင် အကာအကွယ်ပေးရန် ဒဏ်ခတ်အခွန် စည်းကြပ်ရန် သင့်မသင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ခဲ့သည်။ တရုတ်အစိုးရ၏ ငွေကြေးအပါအဝင် ထောက်ပံ့မှုများ ရရှိသဖြင့် တရုတ်အီးဗီများ ဈေးသက်သာနေခြင်း ဟုတ်မဟုတ်ကို စူးစမ်းလေ့လာမည် ဖြစ်သည်။ 

ဂျာမနီပြည်ဖြစ် ကားများသည် အရည်အသွေး မြင့်မားပြီး စံမီသည်ဆိုသည့် ဂုဏ်ဖြင့် ဂျာမနီမှာ အရည်အသွေးမြင့် ကားများ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည့် အစဉ်အလာ မှေးမှိန်လာသည်။

ဂျာမန် ကားထုတ်လုပ်သူတို့သည် ထုတ်လုပ်မှုများကို တရုတ်ပြည်သို့ ပြောင်းရွှေ့အခြေချခြင်း ပိုများလာနေသည်။ ယခင်က ပရီမီယံ အထက်တန်း အတန်းအစားမှ အမှတ်တံဆိပ်များက တရုတ်ပြည် ထုတ်လုပ်မှုကို လက်ရှောင်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့သည်လည်း တရုတ်ပြည်မှာ ထုတ်လုပ်မှု ပိုများလာနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မော်တော်ယာဥ်များသည် အာရှထုတ်ကုန် ဖြစ်လာနေသည်မှာ ပို၍ကျယ်ပြန့်လာသည်။ ထုတ်လုပ်သည့် ကားများအားလုံး၏ ၆၀% ကို အာရှမှာ ထုတ်လုပ်သည်။ ၂၀၀၀ ပြည့်နှစ်က ၃၁% ဝန်းကျင် ရှိခဲ့ရာမှ ယခုအခါ ၂ ဆနီးပါး တိုးသွားခြင်း ဖြစ်သည်။

ဥရောပ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍ ကျဆုံးနေသည်။ ကားထုတ်လုပ်သူ ကမ္ဘာ့ထိပ်တန်း (၁၀) နိုင်ငံစာရင်းတွင် ၂၀၀၀ ပြည့်နှစ်တုန်းက ပါဝင်ခဲ့သော ပြင်သစ်၊ ဗြိတိန်နှင့် အီတလီတို့သည် ယခုအခါ စာရင်းထဲ ပါမလာတော့ပါ။ ဂျာမနီနှင့် စပိန်တို့သာ ကျန်ရှိတော့သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 244 times