General Motors က အလုပ်ထွက်မည့်သူများအတွက် ဒေါ်လာ ၁.၅ ဘီလီယံအထိ သုံးစွဲမည့် မက်လုံးအစီအစဉ် စတင် 


General Motors က အလုပ်ထွက်မည့်သူများအတွက် ဒေါ်လာ ၁.၅ ဘီလီယံအထိ သုံးစွဲမည့် မက်လုံးအစီအစဉ် စတင် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

General Motors Co က ၎င်း၏ လစာ ဝန်ထမ်းအများစုအတွက်  အလုပ်ထွက်ရန် မက်လုံးအစီအစဉ်  ကမ်းလှမ်းထားပြီး မက်လုံးကုန်ကျစရိတ်များအတွက် ကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားသည်။


GM မှ ဝန်ထမ်းဦးရေ လျှော့ချမည့် အစီအစဉ်တွင် အမေရိကန်နိုင်ငံမှ လခစား ဝန်ထမ်းများတွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိသူများ၊ ကမ္ဘာတစ်လွှားမှ အမှုဆောင်အရာရှိများတွင် လုပ်သက်အနည်းဆုံး ၂ နှစ် ရှိသူများ အကျုံးဝင်သည်။ ထိုသူတို့သည် မိမိသဘောဆန္ဒအလျောက် ကုမ္ပဏီမှ အလုပ်ထွက်မည်ဆိုပါက တစ်လုံးတစ်ခဲတည်း ငွေပေးချေမှုနှင့် အခြားနစ်နာကြေးများအတွက် ငွေများ ရရှိမည်။

GM စီအီးအိုက Mary Barra ဝန်ထမ်းစရိတ် လျှော့ချရန်အတွက် အလုပ်ထွက်ခိုင်းခြင်းဟု ပြောကြားသည်။
လိုအပ်သလို အသုံးစရိတ်လျှော့ချရာ၌ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် လခစားဝန်ထမ်းများ လျှော့ချမည်ဟု သူမက ပြောကြားသည်။

"အခုချိန်မှာတော့ ကျွန်မတို့ လုပ်သမျှအရာတိုင်းအတွက် ကုန်ကျစရိတ်ကို စစ်စီမယ်ဆိုတဲ့  စိတ်ကူးရှိဖို့ လိုပါတယ်။ အဲဒါကို ကျွန်မတို့ ကုမ္ပဏီရဲ့ ဓလေ့ထုံးတမ်းအဖြစ်  ထည့်သွင်း  တည်ဆောက်ဖို့ လိုပါတယ်" ဟု သူမက ဝန်ထမ်းများထံ ပေးစာတွင် ရေးသားထားသည်။

GM သည် ဝန်ထမ်းများ အလုံးအရင်းဖြင့် လျှော့ချခြင်းကို ၂၀၂၃ ပထမ နှစ်ဝက်တွင် လုပ်ဆောင်မည် ဖြစ်သည်။

၂၀၂၂ နှစ်ကုန်တွင် GMထံ၌ လခစားဝန်ထမ်း ဦးရေ ၅၈,၀၀၀ ရှိသည်။

မက်လုံးများ ရယူပြီး အလုပ်ထွက်လိုသူများသည် မတ်လ ၂၅ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည်။ ဇွန်လ ၃၀ ရက်တွင် GM မှ အလုပ်ထွက်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးထားရမည်။
"ယခုအခါ အလုပ်ထွက်ကြခြင်းကြောင့် နောက်နောက်တွင် ဆန္ဒမပါဘဲ အလုပ်ထွက်ရခြင်းကို ရှောင်လွှဲနိုင်စေမည်" ဟု Barra က ရေးသားထားသည်။

လွန်ခဲ့သည့် နှစ်လအတွင်း အမေရိကန်ကုမ္ပဏီများမှ အလုပ်ထုတ်ခံရသည့်ဦးရေသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း  အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အလုံးအရင်းဖြင့် အလုပ်ထုတ်ခြင်းများ ထပ်မံ ပေါ်ပေါက်ဦးမည် ဖြစ်သည်။ 

လွန်ခဲ့သည့် နှစ်လအတွင်း  အမေရိကန်ကုမ္ပဏီများက ကမ္ဘာတစ်လွှားတွင် အလုပ်အကိုင် ၁၈၀,၀၀၀ ကျော် အလုပ်ပြုတ်ခဲ့ပြီးရာ၌ သုံးပုံ တစ်ပုံဝန်းကျင်သည် နည်းပညာလုပ်ငန်းကဏ္ဍမှ ဖြစ်သည်။ Facebook ၏ မိခင် လုပ်ငန်း Meta က ပထမအသုတ် ဝန်ထမ်းဦးရေ တစ်သောင်းဝန်းကျင် အလုပ်ဖြုတ်ခဲ့ပြီး ယခု ဒုတ်ယအသုတ် ဝန်ထမ်းဦးရေ တစ်သောင်းကျော် အလုပ်ဖြုတ်ဦးမည်ဟု ကြေညာထားသည်။ 
Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 349 times