General Motors ရဲ့ ယာဉ်ပျံ eVTOL စီမံကိန်း


လျှပ်စစ်ကား တီထွင် ထုတ်လုပ်မှုကဏ္ဍမှာ လမ်းတွေပေါ် မောင်းနှင်တဲ့ လျှပ်စစ်ကားအပြင် လေထဲ ပျံဝဲတဲ့ ယာဉ်းပျံတွေကိုလည်း ကြံဆလုပ်ကိုင်နေကြတယ်။ လျှပ်စစ်ကားကို EV လို့ အတိုကောက် ခေါ်ဝေါ်ကြပြီး လျှပ်စစ် မော်တော်ယာဉ် Electric Vehicle   လို့ ဆိုလိုပါတယ်။ လျှပ်စစ်ယာဉ်ပျံကိုတော့ eVTOL လို့ အတိုကောက် ခေါ်ဝေါ်ကြပြီး လျှပ်စစ် ထောင်လိုက် တက်ဆင်း electric vertical takeoff and landing လို့ ဆိုလိုပါတယ်။
လျှပ်စစ်ကား လောကထဲကို မောင်းဝင်တော့မယ်လို့ ကြေညာထားတဲ့ General Motors က ထုတ်လုပ်မယ့် လျှပ်စစ်ကားမော်ဒယ်တွေကို ထုတ်ဖော်ပြသတဲ့အပြင် ယာဉ်ပျံ eVTOL  ကိုပါ ထုတ်ဖော်ပြသလိုက်ပါတယ်။
ပန်ကာ လေးလုံးတပ် ယာဉ်ပျံကို ၉၀ kWh အား ရှိတဲ့  EV motor နဲ့ လှည့်ပေးမှာ ဖြစ်ပြီး ယာဉ်ပျံက အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၅၆ မိုင်ဖြင့် ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် ပြခန်းတွေ ခင်းကျင်းပြသဖို့ မဖြစ်နိုင်တာကြောင့် အွန်လိုင်းမှာ ကျင်းပခဲ့တဲ့ CES 2021 မှာ General Motors က  GM Exhibit Zero အမည်ဖြင့် ပါဝင်ပြသခဲ့တာမှာ မဝေးတော့တဲ့ အနာဂတ်မှာ ထုတ်လုပ်မယ့် ယာဉ်ပျံ eVTOL ကို ပြသခဲ့တာ ဖြစ်ပါတယ်။


 

 

 

Read 356 times