Scion ဆိုသည်မှာ Toyota ၏ ကားကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင်လူငယ် customer များအတွက် ရည်ရွယ်စတင်ထုတ်လုပ်ခဲ့ပြီး အမေရိကဈေးကွက်ကို အဓိကတင်ပို့ရောင်းချကြောင်းသိရသည်။
ထိုကား၏ ကိုယ်ထည်ကို ထူးထူးခြားခြားပြောင်းလဲထားခြင်းမရှိပဲ တံခါးလေးပေါက်ပါဝင်ပြီး စုံဖွင့်လို့ရသောတံခါးတည်ဆောက်မှုမှာ ထူးခြားနေပါသည်။
ကားဘီးများကို ၁၈ လက်မအရွယ် Chrome အလွိုင်း၊ Tube-less တာယာအပါးနှင့်ရိုးရိုးလေးဖြင့် အမြင်ဆန်းအောင်ပြုလုပ်ထားပါသည်။
ကား၏ အတွင်းခန်းကိုအဓိကအလှဆင်ထားသောကြောင့် အလွန်လှပပါသည်။
အတွင်းခန်းကို Limousine Theme အနေဖြင့် Full Leather၊ Full Alpine Audio System၊ LED Ceiling ၊Mini Bar တို့ကို လိုက်ဖက်ညီစွာ အလှဆင်ထားသည်ကို တွေ့ရသည်။
Entertainment အတွက် Alpine တံဆိပ် DVD Display ကို တံခါးတွင် တပ်ဆင်ထားပြီး Woofer တစ်လုံးသီးသန့်တပ်ဆင်ထားပါသည်။