တရုတ်နိုင်ငံမှ ပထမဆုံး အီးဗီပစ်ကပ်မော်ဒယ် ပြည်ပသို့ ပထမအသုတ် စတင် တင်ပို့
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်နိုင်ငံမှ ပထမဆုံး လျှပ်စစ်ပစ်ကပ်ထရပ်ကားေမာ်ဒယ်ကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့တော့မည်ဖြစ်သည်။
Zhejiang Geely Holding Group (Geely Group) မှ ထုတ်လုပ်သော ၎င်းအီးဗီပစ်ကပ်မော်ဒယ်၏ ပြည်ပတင်ပို့မည့် ဗာရှင်း ပထမအသုတ်ကို Zibo Smart Factory စက်ရုံတွင် တပ်ဆင်ထုတ်လုပ်ခဲ့သည်ဟု Geely က ထုတ်ပြန်ကြေညာသည်။
အီးဗီပစ်ကပ်ထရပ်မော်ဒယ်များကို အမေရိကန်တွင် Ford, Rivian, GM, Tesla တို့ ထုတ်လုပ်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် Geely ၏ အီးဗီပစ်ကပ်ထရပ်မော်ဒယ်သည် ပထမဆုံး အမြောက်အမြား ထုတ်လုပ်သည့် မော်ဒယ်ဖြစ်သည်။
Geely Group သည် Radar Auto ဟု အမည်ပေးထားသော အမှတ်တံဆိပ်အသစ်ဖြင့် အီးဗီပစ်ကပ်ထရပ်မော်ဒယ် ထုတ်လုပ်မည်ဖြစ်ကြောင်း လွန်ခဲ့သော တစ်နှစ်ခန့်က အသိပေးပြောကြားခဲ့သည်။
ယခုအခါ Radar GD6 အီးဗီပစ်ကပ်ထရပ်မော်ဒယ်ကို ထုတ်လုပ်သည်။
GD6 ကို ဘက်ထရီ ဗားရှင်း ၃ မျိုးဖြင့် ထုတ်လုပ်သည်။
• 63 kW (ခရီးတာ ၂၄၈မိုင်/ ၄၀၀ကီလိုမီတာ)
• 86 kW (ခရီးတာ ၃၄၁မိုင်/ ၅၅၀ကီလိုမီတာ)
• 100 kW (ခရီးတာ ၄၉၂မိုင်/ ၆၃၂ကီလိုမီတာ)
200kW (268 hp) လျှပ်စစ်မော်တာ သုံးထားပြီး ရုန်းအား 284 Nm အထိ ထုတ်ပေးနိုင်သည်။
Radar RD6 ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချခဲ့သည်။ ၆ လအကြာတွင် ပြည်ပဈေးကွက်သို့ စတင် ပေးပို့သည်။
ပြည်ပရောင်းဈေးများ မကြေညာသေးသော်လည်း ပြည်တွင်းရောင်းဈေးများမှာ
• အနိမ့်တန်း ယွမ် ၁၇၈,၈၀၀၊
• အလယ်အလတ်တန်း ယွမ် ၁၉၈,၈၀၀ ၊
• အမြင့်တန်း ယွမ် ၂၂၈,၈၀၀
ဖြစ်ပါသည်။
Source: Electrek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL