Geely အီးဗီ Zeekr 'gigapress' စတင်သုံးစွဲ


Geely အီးဗီ Zeekr 'gigapress' စတင်သုံးစွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လျှပ်စစ်ကားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အချိန်ကို လျှော့ချရန်အတွက် Tesla မှ ရှေ့ဆောင်ပြုလုပ်ခဲ့သော "gigapress" ပုံသွန်း နည်းပညာကို Geely ၏ အီးဗီ brand ဖြစ်သည့် Zeekr ထုတ်လုပ်မှုတွင် စတင်သုံးစွဲပါသည်။
 .
Zeekr ၏ ထုတ်လုပ်ရေးနည်းပညာအကြီးအကဲ Jiang Kehong က ‌ ၆ ယောက်ဆန့် multi-purpose van (MPV) အမျိုးအစား Zeekr 009 မော်ဒယ်၏ ကြီးမားသော ယာဉ်နောက်ခြမ်း အတွင်းခံကိုယ်ထည်ကို အင်မတန်ကြီးမားသော ဖိအားသုံးစွဲပြီး ပုံသွန်းသည့် "gigapress" ပုံသွန်း နည်းပညာကို စတင်အသုံးပြုခဲ့ကြောင်း ရိုက်တာသတင်းမီဒီယာသို့ ပြောကြားခဲ့သည်။
၎င်းနည်းပညာကို သုံးစွဲသည့်အတွက် ဂဟေဆော်ရသည့် ပွိုင့် ၈၀၀ နီးပါးကို လုပ်ဆောင်ရန် မလိုတော့ကြောင်း ပြောကြားသည်။ ထို့ပြင် ယာဉ်အလေးချိန် လျော့ကျသည့် အကျိုးကျေးဇူးကိုလည်း ရရှိသည်။ တောင့်တင်းမှုလည်း ပိုကောင်းသွားကြောင်း ၎င်းက ပြောကြားသည်။
နောက်နောင်တွင် ၎င်းပုံသွန်းနည်းပညာကို အခြားမော်ဒယ်များတွင်လည်း အသုံးပြုမည်ဟု Jiang က ပြောကြားသည်။
.
သတ္တုနှင့် ပလတ်စတစ် အရည်တို့ကို ဖိအားပေးပြီး ပုံစံခွက် အခေါင်းပေါက်ထဲ ရောက်စေပြီး ပုံသွန်းထုတ်လုပ်ခြင်းကို အသုံးပြုခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
.
ကြီးမားသော အလူမီနီယမ် ‌ကားကိုယ်ထည်အတွင်းခံကို အလွန်မြင့်မားသည့် ဖိအားဖြင့် ပုံသွန်းခြင်းသည် နည်းလမ်း အသစ်အဆန်း ဖြစ်သည်။ 
.
IDRA မှပြုလုပ်သော နောက်ဆုံးပေါ်နှင့် အကြီးမားဆုံးသော ဖိစက်သည် တန်ချိန် ၉,၀၀၀ ကျော်ဖြင့် ဖိသိပ်နိုင်စွမ်းရှိသည်။  ကားကိုယ်ထည် ရှေ့ခြမ်းနှင့် အနောက်ခြမ်း အတွင်းခံ ကိုယ်ထည်တို့ကို ပုံသွန်းပေးသည်။ ရှေ့ခြမ်းနှင့် နောက်ခြမ်းတို့ကို ယာဉ်ကြမ်းပြင်အောက်ရှိ ကြီးမားသော ဘက်ထရီထုပ် အထိုင်ဖြင့် တွဲပေးထားသည်။
သို့ဖြစ်ရာ အီးဗီချာစီကို အပိုင်း ၃ ပိုင်းဖြင့် တည်ဆောက်ထားသည်။

IDRA သည် အီတလီမှ ပုံသွန်းစက် ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး တရုတ်ကုမ္ပဏီ LK Group က အပြည့်အဝ ပိုင်ဆိုင်သည်။


ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

Tesla စိတ်ကူး တကယ်ဖြစ်လာတဲ့ ကားချာစီ  ပုံသွန်းနည်းသစ် 
https://www.automobiledirectory.com.mm/article/tesla-lk-group.html



.
Zeekr သည်  ၂၀၂၀ ခုနှစ်တွင် "gigapress" နည်းပညာကို စတင်စူးစမ်းခဲ့ပြီး LK ထံမှ ဧရာမ ပုံသွန်းစက်များ ဝယ်ယူခဲ့သည်။
.
Zeekr သုံးစွဲသည့် ပုံသွန်းစက်များသည် တန်ချိန် ၇,၂၀၀ အသုံးပြုကြောင်း Jiang က ပြောကြားသည်။ 
အလျား ၁.၉ မီတာ အကျယ် ၁.၆ မီတာ အရွယ်အစားရှိ  Zeekr009 ကိုယ်ထည်အတွင်းခံကို ထုတ်လုပ်ပေးသည်။
.
အားနည်းချက်မှာ ကိုယ်ထည် အစိတ်အပိုင်းများ အားလုံးကို တစ်ဆက်တစ်စပ်တည်း တစ်ခုတည်းအဖြစ် ထုတ်လုပ်ထားသဖြင့် အကယ်၍ ယာဉ်တိုက်မှု ဖြစ်ပွားပါက ထိခိုက်သည့်နေရာမှ အပိုင်းကို ဖြုတ်ပြီး အသစ်ဖြင့် လဲတပ်ဖို့ မဖြစ်နိုင်ချေ။ ဥပမာအားဖြင့် ဘန်ပါကို ဖြုတ်လဲဖို့ မဖြစ်နိုင်ချေ။

 

 

 

 

 

Read 179 times