Geely က Volvo နည်းပညာဖြင့် မလေးရှားတွင် Proton မော်ဒယ်အသစ် ထုတ်မည်


တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ကားလုပ်ငန်းဖြစ်တဲ့ Geely က ၎င်းပိုင်ဆိုင်တဲ့ Volvo ကားလုပ်ငန်းမှ နည်းပညာကို အသုံးပြုပြီး အလေးရှားနိုင်ငံရှိ ၎င်းတစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော Proton ကားလုပ်ငန်းမှ ကားမော်ဒယ်အသစ်ကို ထုတ်လုပ်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

၂၀၁၃ ခုနှစ်မှ စလို့ Geely က ၎င်းရဲ့ ကားထုတ်လုပ်တဲ့ စက်ရုံတွေမှာ Volvo နည်းပညာ အသုံးပြုပြီး ကားတပ်ဆင်ထုတ်လုပ်မှု ပလက်ဖောင်းတွေကို အဆင့်မြှင့်တင်နေခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းရှိ ကားစက်ရုံတွေအပြင် ပြည်ပရှိ ၎င်းရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေကိုပါ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင်နေခဲ့ပြီး ယခု မလေးရှားနိုင်ငံမှ Proton ကားစက်ရုံကို Volvo နည်းပညာ သုံးစွဲပြီး ကားထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

Zhejiang Geely Holding Group က ၂၀၁၇ ခုနှစ်မှာ Proton ရဲ့ ရှယ်ယာ ၄၉.၉% ကို ဝယ်ယူခဲ့ပါတယ်။ ဆွီဒင်မှ Volvo ကို လွန်ခဲ့တဲ့ ၁၀ နှစ်က အမေရိကန်ဒေါ်လာ ၁ . ၈ ဘီလျံဖြင့် Geely က ဝယ်ယူသိမ်း ပိုက်ခဲ့ပါ တယ်။ 

၁၉၈၆ ခုနှစ်မှာ တရုတ်ပြည် အ‌ရှေ့ပင်လည်ကမ်း‌ခြေရှိ တိုင်ကျိုမြို့မှ ရေခဲသေတ္တာအတွက် အစိတ်အပိုင်းတချို့ ထုတ်လုပ်တဲ့ စက်မှဒ လုပ်ငန်း၍ယ်အဖြစ် စတင်ခဲ့ပြီး ယခုအခါ Geely ဟာ ကမ္ဘာ့ကားဈေးကွက်များထဲမှာ အကြီးမားဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ကားထုတ်လုပ်သူ အဖြစ်သို့ ရောက်ရှိနေပါပြီ။

 

Geely ရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ ကားထုတ်လုပ်မှုတွေထံမှ ဈေးကွက်ထဲ မောင်းဝင်လာပြီး ရောင်းချရတဲ့ကားတွေက သုံးပုံတစ်ပုံကို ဝေစု ရှထားပါတယ်။

 

ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်မှာ စက်ရုံထုတ် ကားအသစ် သုံးစီး ရောင်းချရတိုင်း အနည်းဆုံး တစ်စီးက Geely ရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ ကားလုပ်ငန်းမှ ဖြစ်ပါတယ်။ Geely ရဲ့ကား brand အမျိုးမျိုးတို့ရဲ့ ရောင်းအားက တစ်နှစ်ကို စီးရေ ၂ သန်း ကျော် ရှိပါတယ်။ 

 

 

တိုင်ကျိုဇာတိဖွား ဘီလျံနာ Li Shufu ရဲ့ Zhejiang Geely Holding Group ကို ဂျာမနီ ကားထုတ်လုပ်ငန်း Daimler AG ရဲ့ ရှယ်ယာ ၉.၇% ကို ဝယ်ယူထားပါတယ်။ ဗြိတိသျှပြိုင်ကား Lotus မှာလည်း ရှယ်ယာအများစုကို Geely က ပိုင်ဆိုင်ထားပါတယ်။ 

တိုင်ကျိုမှာ တည်ရှိတဲ့ ကားစက်ရုံမှာ Volvo Polestar 2 လျှပ်စစ်ဆီဒင်ကားတွေ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့လျက် ရှိပါတယ်၊ အမေရိကန်နဲ့ ဥရောပဈေးကွက်တို့ထံ အဓိကထားပြီး တင်ပို့ပါတယ်၊ 

 

Geely က တရုတ်ပြည်ဖြစ် Lynk & Co 01 SUV တွေကို ယခုနှစ် မကုန်ခင်မှာ ဥရောပဈေးကွက်သို့ တင်ပို့ရန် အစီအစဉ် ရှိပါတယ်။

 

By Myanmar Automobile Guide

Ref: www.carsifu.my

 

Read 702 times