Geely  ပိုင်ဆိုင်သည့် ကားအမှတ်တံဆိပ်များ ၂၀၂၃ တွင် အစီးရေ ၁ ဒသမ ၆၈ သန်း ရောင်းချ


Geely  ပိုင်ဆိုင်သည့် ကားအမှတ်တံဆိပ်များ ၂၀၂၃ တွင် အစီးရေ ၁ ဒသမ ၆၈ သန်း ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


၂၀၂၃ ခုနှစ်တွင် Geely  ပိုင်ဆိုင်သည့် ကားအမှတ်တံဆိပ်များသည် စုစုပေါင်း အစီးရေ ၁ ဒသမ ၆၈ သန်းကျော် (၁,၆၈၆,၅၁၆ စီး) ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၁၈% ပိုများပါသည်။ 
ယင်းတို့အနက် စွမ်းအင်သစ်သုံး ကားများ ၄ သိန်းကျော် (၄၈၇,၄၆၁ စီး) ပါဝင်သည်။ ၂၀၂၂ ခုနှစ်ထက် ၄၈% ပိုများသည်။ ၂၀၂၃ ခုနှစ်တွင် Geely  ပိုင်ဆိုင်သည့် ကားအမှတ်တံဆိပ်များသည် စုစုပေါင်း အစီးရေ၏ ၃၀% ဝန်းကျင်သည် စွမ်းအင်သစ်သုံး ကားများ ဖြစ်သည်။ 

 


၂၀၂၄ ခုနှစ်တွင် Geely သည် အစီးရေ ၁.၉ သန်း ရောင်းချရန် ရည်မှန်းချက် ချမှတ်ထားသည်။  စွမ်းအင်သစ်သုံး ကားများ ရောင်းအား ၆၆% ပိုများရန်ကိုလည်း ရည်မှန်းထားသည်။ 

 

Geely  ပိုင်ဆိုင်သည့် ကားအမှတ်တံဆိပ်များထဲမှ အချို့ကို ကောက်နုတ်တင်ပြအပ်ပါသည်။ 

Geely Galaxy စီးရီးမှ L7 PHEV SUV နှင့်  L6 PHEV ဆီဒင်များ ၂၀၂၃ ခုနှစ်တွင် ၈၃,၄၉၇ စီး ရောင်းချခဲ့သည်။ 
Geely Geometry စီးရီးသည်  ၂၀၂၃ ခုနှစ်တွင် ၁၉၁,၃၄၆ စီး ရောင်းချခဲ့သည်။ 

 Lynk & Co အမှတ်တံဆိပ်သည် ၂၀၂၃ ခုနှစ်တွင် ၂၂၀,၂၅၀ စီး ရောင်းချခဲ့သည်။ 
Lynk & Co သည် ဥရောပတွင် အရောင်းပြခန်း ၁၁ ခု ဖွင့်လှစ်ထားသည်။ 

 

 


Zeekr အမှတ်တံဆိပ်သည် ၂၀၂၃ ခုနှစ်တွင် ၁၁၈,၆၈၅  စီး ရောင်းချခဲ့သည်။ 
တရုတ်ပြည်တွင် Zeekr အမှတ်တံဆိပ်ဖြင့် အားသွင်းရုံများ ထူထောင်လျက် ရှိရာ ၄၃၂ ရုံ ရှိသွားပြီ ဖြစ်သည်။ ၂၀၂၄ ခုနှစ်အကုန်တွင် ရုံ ၁,၀၀၀ ထားရှိရန် ရည်မှန်းထားပြီး ၂၀၂၆ ခုနှစ်တွင် ရုံပေါင်း တသောင်း ထားရှိမည်ဟု ရည်မှန်းထားသည်။ 

 

Livan ကားအမှတ်တံဆိပ်သည် Nio နည်းတူ ဘက်ထရီ အလုံးလိုက်လဲလှယ် တပ်ဆင်သည့်နည်းလမ်းကို အသုံးပြုသည်။  ၂၀၂၃ ခုနှစ်တွင် ၃၈,၀၀၁  စီး ရောင်းချခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံတွင် အရောင်းပြခန်းတခု စတင်ဖွင့်လှစ်ခဲ့သည်။ မော်ဒယ်အသစ် Livan 7 SUV စတင် ရောင်းချခဲ့သည်။ 

 

Geely သည် ၂၀၂၃ ခုနှစ်တွင် ပြည်ပသို့ ကား ၂၄၇,၁၀၁ စီး တင်ပို့ခဲ့သည်။ နိုင်ငံပေါင်း ၇၀ ကျော်တွင် အရောင်းပြခန်းနှင့် ဆားဗစ်စင်တာ ၅၃၂ ခု ဖွင့်လှစ်ထားသည်။ 

Source carnewschina

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 660 times