Geely ၏ Meizu နှင့် Polestar ပူးပေါင်းကာ ကားဆော့ဖ်ဝဲ လည်ပတ်မှုစနစ် တည်ဆောက်


Geely ၏ Meizu နှင့် Polestar ပူးပေါင်းကာ ကားဆော့ဖ်ဝဲ လည်ပတ်မှုစနစ် တည်ဆောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဆွီဒင်လျှပ်စစ်ကား ထုတ်လုပ်သူ Polestar သည်  တရုတ်နိုင်ငံတွင် ရောင်းချသည့် Polestar ကားများအတွက် နောက်ဆုံးပေါ် စမတ်နည်းပညာများကို ပံ့ပိုးပေးမည့် ကားဆော့ဖ်ဝဲ လုပ်ငန်းလည်ပတ်မှုစနစ် operating system တစ်ခု တည်ဆောက်ရန်  Xingji Meizu နှင့် ဖက်စပ်လုပ်ငန်းတစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း တနင်္လာနေ့ (ဇွန် ၁၉)တွင် ပြောကြားခဲ့သည်။
.
အဆိုပါ အကျိုးတူပူးပေါင်းမှုသည် တရုတ်သုံးစွဲသူများအတွက် အထူးသီးသန့် ထုတ်လုပ်ထားသော ကားများဖြစ်စေရန် Geely group ၏ အရွေ့ တစ်ခု ဖြစ်သည်။
.
တစ်ချိန်က တရုတ်ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ခဲ့သည့် Meizu ကို Geely အကြီးအကဲ Li Shufu က ပိုင်ဆိုင်သည်။ သူသည် Polestar တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည်။ 
.
Polestar သည် လက်ရှိတွင် ၎င်း၏ ကားများအားလုံးကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နေသည်။
.
အသစ်ထုတ်လုပ်မည့် လည်ပတ်စနစ် operating system သည် Xingji Meizu ၏ Flyme Auto system ကို အခြေခံထားသည်။ 
.
Xingji Meizu သည် Flyme Auto ကို ယခုနှစ်ဆန်းပိုင်းတွင် စတင်သုံးစွဲခဲ့သည်။ Flyme Auto သည် ကားထဲမှ အက်ပ်များကို ကားသုံးစွဲသူ၏ မိုဘိုင်းဖုန်းနှင့် တွဲချိတ်ပေးသည်။
.
ထူထောင်လိုက်သည့် ဖက်စပ်လုပ်ငန်းတွင် Polestar က ၄၉% ပိုင်ဆိုင်ပြီး Xingji Meizu က ၅၁% ပိုင်ဆိုင်သည်။ Polestar က ကန်ဒေါ်လာ ၉၈ သန်း အရင်းအနှီး ထည့်ဝင်ပြီး Meizu က ကန်ဒေါ်လာ ၁၀၂ သန်း ထည့်ဝင်သည်။ 
.
တရုတ်ပြည် ပြင်ပတွင် ရောင်းချသည့် ကားများတွင် ယခုလက်ရှိ သုံးစွဲနေသည့် Google Auto system ကို ဆက်လက် သုံးစွဲမည်ဟု Polestar စီအီးအို   Thomas Ingenlath က ရိုက်တာ သတင်းဌာနကို ပြောကြားသည်။
.
Xingji Meizu သည် Android ကို အပြိုင်ပြုပြီး လည်ပတ်စနစ် ဖန်တီးထားသော်လည်း လက်ရှိတွင် တရုတ်ပြည်တွင်း သုံးစွဲရန်အတွက် အထူးရည်ရွယ်ထားသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 280 times