Geely ၏ Lynk & Co  အရှေ့တောင်အာရှသို့ ဗီယက်နမ်မှာ စတင်ဝင်ရောက်


Geely ၏ Lynk & Co  အရှေ့တောင်အာရှသို့ ဗီယက်နမ်မှာ စတင်ဝင်ရောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Geely ၏ Lynk & Co သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ၎င်း၏ အထင်ကရစတိုးဆိုင်ကို ဖွင့်လှစ်ခြင်းဖြင့် အရှေ့တောင်အာရှသို့ စတင်ဝင်ရောက်လိုက်ပါသည်။

ယခုနှစ် ၂၀၂၃ ဩဂုတ်လတွင် ကြေညာခဲ့သည့်အတိုင်း Tasco Group ၏လုပ်ငန်းခွဲဖြစ်သော GreenLynk Automotives သည် ဗီယက်နမ်နိုင်ငံတွင် Lynk & Co မော်တော်ယာဉ်များ၏တရားဝင်ဖြန့်ဖြူးသူဖြစ်ပြီး ဗီယက်နမ်အတွက်အတည်ပြုထားသော ပထမဆုံးအသုတ် မော်ဒယ်သုံးမျိုးမှာ 01, 05 နှင့် 09 တို့ဖြစ်သော်လည်း 09 မော်ဒယ် တမျိုးတည်းကိုသာ ဒေါင် ၂.၁၉၉ ဘီလီယံ ($90,700)ဖြင့် ဈေးဖွင့်ပြီး အမှာစာ စတင်လက်ခံသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ကားစတင်အပ်နှံမည် ဖြစ်သည်။ 
01 နှင့် 05 တို့ကို ဈေးမဖွင့်သေးပါ။


 09 သည် Lynk & Co ၏ အကြီးဆုံး SUV ဖြစ်ပါသည်။ 2.0 litre turbocharged ဓာတ်ဆီအင်ဂျင်ကို 48-volt စနစ်နှင့် တွဲထားသော ဟိုက်ဘရစ် ဖြစ်ပါသည်။

 

01 နှင့် 05 များသည် အရွယ်အစား ငယ်သော SUV ကားများဖြစ်သည်။
01 သည် Lynk & Co ၏ ပထမဆုံးမော်ဒယ်ဖြစ်ပြီး လွန်ခဲ့သော ၆ နှစ်က စတင်ထုတ်လုပ်ခဲ့သည်။ 
05 သည် 01 ကို အမိုးလှန် ဗားရှင်းဖြင့် ထုတ်လုပ်ထားပြီး ကိုယ်ထည် ၈၀ မီလီမီတာ ပိုရှည်ပေးထားသည်။ 

Lynk & Co သည် အရှေ့တောင်အာရှကို ဗီယက်နမ်မှ စတင်ဝင်ရောက်ပြီးလျှင် ဖိလစ်ပိုင်ကို ဆက်လက်တိုးချဲ့မည် ဖြစ်သည်။ မလေးရှား၊ ရုရှား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့တွင်လည်း အရောင်းပြခန်း ဖွင့်လှစ်မည် ဖြစ်သည်။ 
ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းစီးတီးတွင်လည်း အရောင်းပြခန်း ဖွင့်လှစ်မည် ဖြစ်သည်။ 

Source paultan
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 581 times