Geely ဘီလျံနာ Li Shufu က ECARX ကို အမေရိကန်မှာ ရှယ်ယာရောင်းဖို့ စီစဉ်


Geely ဘီလျံနာ Li Shufu က ECARX ကို အမေရိကန်မှာ ရှယ်ယာရောင်းဖို့ စီစဉ်


Geely ဘီလျံနာ Li Shufu က ကျောထောက်နောက်ခံပေးထားတဲ့ ECARX Holdings Inc. နည်းပညာလုပ်ငန်းက အမေရိကန် စတော့ရှယ်ယာ ဈေးကွက်မှာ ရှယ်ယာများ စတင်ရောင်းချဖို့ စီစဉ်နေပါတယ်။ 
ရှယ်ယာရောင်းချရေး ကိစ္စအဝဝကို ဆောင်ရွက်ပေးတဲ့ကုမ္ပဏီ COVA Acquisition Corp နှင့် ပူးပေါင်းလိုက်ပါတယ်။
ကုမ္ပဏီနှစ်ရပ်ပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၈ ဘီလျံ ဖြစ်ပါတယ်။ 
ECARX Holdings Inc. ပူးပေါင်းမှုမှာ ဘီလျံနာ Li Shufu ရဲ့ Zhejiang Geely Holding Group Co., နှင့်အတူ Luminar Technologies Inc. ၊ Lotus Technology တို့ ပါဝင်ကြပါတယ်။

အမေရိကန်စတော့ရှယ်ယာ ဈေးကွက်မှာ ရှယ်ယာရောင်းချဖို့ စီစဉ်နေတာ အောင်မြင်ခဲ့ရင် ECARX က အမေရိကန်စတော့ရှယ်ယာ ဈေးကွက်မှာ အကြီးမားဆုံး တရုတ်ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ယခင်က တက္ကဆီအငှား ဝန်ဆောင်မှု မဟာလုပ်ငန်းကြီး Didi Global Inc. ကို နယူးယောက် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီအဖြစ်မှ စာရင်းပယ်ဖျက်ခံရပါတယ်။ တရုတ်အစိုးရက နည်းပညာကုမ္ပဏီကြီးတွေကို နှိပ်ကွပ်တဲ့အထဲမှာ  Didi လည်း ပါနေလို့ အမေရိကန်စတော့ရှယ်ယာ ဈေးကွက်မှာ ပြန်ရုတ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ အခုလို အမေရိကန်စတော့ရှယ်ယာဈေးကွက်မှ နောက်ပြန်ဆုတ်ရတဲ့အတွက် Didi Global Inc. ရဲ့ ဈေးကွက်တန်ဖိုး ၉၀% ခန့် ဆုံးရှုံးသွားခဲ့ပါတယ်။

ECARX Holdings Inc. က မော်တော်ယာဉ်သုံး ချစ်ပ်တွေမှာ သုံးစွဲတဲ့ နည်းပညာကို စူးစိုက်လုပ်ကိုင်ပါတယ်။  လက်ရှိကုမ္ပဏီဉက္ကဋ္ဌနှင့် စီအီးအို Ziyu Shen နှင့် Geely ဘီလျံနာ Li Shufu တို့ ၂၀၁၇ မှာ ပူးတွဲထူထောင်ခဲ့ကြပါတယ်။ Li Shufu က ကုမ္ပဏီရှယ်ယာအများစုကို ပိုင်ဆိုင်ပါတယ်။
ECARX က ယာဉ်မောင်းနေရာရှေ့ဘက် ဒက်ရှ္ဘုတ်မှာ တပ်ဆင်ထားရှိတဲ့ digital cockpit and infotainment system များအတွက် ပစ္စည်းအမာထည်နှင့် ဆော့ဖ်ဝဲလ်တို့ကို ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါသုံး ကားများနှင့် ဘက်ထရီပါဝါသုံး လျှပ်စစ်ကား နှစ်မျိုးစလုံးအတွက် ထုတ်လုပ်ပါတယ်။

ယာဉ်မောင်းတွေက ကားပေါ်အသင့်ပါတဲ့ ဒစ်ဂျစ်တယ်မြေပုံများ၊ အက်ပ်များကို အားကိုးအားထား ပြုပြီး မောင်းနှင်သွားလာကြတော့ ယာဉ်မောင်းနေရာကို လေယာဉ်ဦးခန်းမှာ အီလက်ထရွန်းနစ် စက်ပစ္စည်းတွေ ရှိနေတာနဲ့ တင်စားပြီး လေယာဉ် ဦးခန်း ကော့ပစ် cockpit လို့ ပြောဆိုလာခဲ့ကြပါတယ်။ ကားကော့ပစ်အတွက် ဒစ်ဂျစ်တယ် ပစ္စည်းများနှင့် ဆော့ဖ်ဝဲလ်များကို ECARX က စူးစိုက်လုပ်ကိုင်ပါတယ်။

ဘီလျံနာ Li Shufu ရဲ့ Geely က ပိုင်ဆိုင်တဲ့ Volvo, Lotus, and Proton,Geely, Lotus တို့အပြင် Geely အစုရှယ်ယာ ပါဝင်ထားတဲ့   Mercedes-Benz Group ရဲ့ AG နှင့်  smart အစရှိတဲ့ ကား brand  ၁၂ ခုတို့က ECARX မှ ထုတ်လုပ်တဲ့ ပစ္စည်းများနှင့် ဆော့ဖ်ဝဲလ်များကို ဝယ်ယူသုံးစွဲကြပါတယ်။  

 

 

 "ကျွန်တော်တို့က ပိုမို ကြီးမားလာနေပါတယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံတကာ ကုမ္ပဏီတစ်ခု အဖြစ်ဖြင့် ရပ်တည်ချင်ပါတယ်" လို့ ECARX ဥက္ကဋ္ဌ Shen က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ "လာမယ့်ငါးနှစ်အတွင်းမှာ အလွန်ခိုင်မာတဲ့ နိုင်ငံတကာ ချဲ့ထွင်မှုတွေ ရှိချင်ပါတယ်” လို့ သူက ပြောကြားပါတယ်။

 #MyanmarAutomobileGuide 

Read 2807 times