Geely က ရိုဘော့အသုံးပြုမှုနည်းပညာသုံး JI YUE အီးဗီများ ထုတ်လုပ်မည် 


Geely က ရိုဘော့အသုံးပြုမှုနည်းပညာသုံး JI YUE အီးဗီများ ထုတ်လုပ်မည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 တရုတ်ကားထုတ်လုပ်သူ Geely Holding Group  သည် ပရီမီယံ အသိဉာဏ်နည်းပညာ အမှတ်တံဆိပ် JI YUE ကို ထုတ်ဖော်ပြသခဲ့သည်။

 

JI YUE လိုဂို


 ကားလုပ်ငန်းကြီး Geely နှင့် နည်းပညာလုပ်ငန်းကြီး Baidu Inc တို့ ပူးပေါင်းလုပ်ဆောင်ပြီး ပေါ်ထွက်လာသည့် " အလိုအလျောက် ရိုဘော့ အသုံးချမှု" နည်းပညာ၏ ပထမဆုံး မော်ဒယ်မှာ JI YUE 01 ဖြစ်သည်။

Geely က Baidu နှင့် အီးဗီဖက်စပ်လုပ်ငန်း Jidu ကို ထူထောင်ထားသည်။

Baidu က ယာဉ်မောင်းထိုင်သည့် နေရာတွင် စမတ်နေရာ ဖန်တီးရန်၊ အလိုအလျောက် မောင်းနှင်ရန်၊ ဉာဏ်ရည်တု နည်းပညာများ သုံးစွဲရန်တို့မတွက် ကျွမ်းကျင်လိမ္မာမှုများ ပံ့ပိုးပေးမည်။ ၎င်းတို့ကို Geely မှ ထုတ်လုပ်မည့် JI YUE ကားများတွင် သုံးစွဲမည် ဖြစ်သည်။

Geely က ဉာဏ်ရည်ပါ စမတ် လျှပ်စစ်ကားများကို JI YUE အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည့်အပြင်  ကိုယ်ပိုင်အားသွင်းကွန်ရက်ကိုလည်း JI YUE က ထူထောင်မည်။ 

လက်ရှိတွင် JI YUE brand ဖြင့် ထုတ်လုပ်မည့် အီးဗီ မော်ဒယ် ၃ ခုကို တရုတ်နိုင်ငံ စက်မှုဝန်ကြီးဌာနတွင် အတည်ပြု ခွင့်ပြုချက် လျှောက်ထားဆဲ ဖြစ်သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 248 times