Geely Group မှ Radar Auto  က လျှပ်စစ်ပစ်ကပ် RD6 စတင်ရောင်းချ


Geely Group မှ Radar Auto  က လျှပ်စစ်ပစ်ကပ် RD6 စတင်ရောင်းချ

Geely Group က လျှပ်စစ်ပစ်ကပ်ထရပ်ကို Radar Auto ဟု brand အမည်ဖြင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း လွန်ခဲ့သော ၆ လက ကြေညာခဲ့ပါသည်။ ယခု ပထမဆုံးမော်ဒယ် RD6 ကို ထုတ်လုပ်ပါသည်။
ပြည်တွင်းဈေးကွက်အပြင် ပြည်ပမှ အမှာစာများကိုလည်း လက်ခံမည့် အစီအစဉ် ရှိပါသည်။
.
Geely Auto သည် Zhejiang Geely Holding Group Co., Ltd ၏ ထီးရိပ်အောက်မှ လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
တရုတ်နိုင်ငံတွင် အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း ထိပ်တန်း (၁၀) စာရင်းတွင် Zhejiang Geely Holding Group ပါဝင်ပါသည်။ JIDU, Lotus, Volvo Cars,  ZEEKR အစရှိသည့် ကားလုပ်ငန်းများ၏ မိခင်လုပ်ငန်းစု ဖြစ်ပါသည်။ လျှပ်စစ်ကားများသာ ထုတ်လုပ်သည့် Polestar ကို Volvo နှင့်အတူ Geely က ပူးတွဲ ပိုင်ဆိုင်ပါသည်။


.
RD6 လျှပ်စစ်ပစ်ကပ်ထရပ်သည် တရုတ်ပြည်တွင်းဈေးကွက်တွင် အထင်ကရလုပ်ငန်းစုကြီးတစ်ခုက လျှပ်စစ်ပစ်ကပ်ထရပ်ကို ပထမဆုံး ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါသည်။
.
RD6 လျှပ်စစ်ပစ်ကပ်ထရပ်တွင် 200 kW အထိ ပါဝါထုတ်ပေးနိုင်သော မော်တာတစ်လုံး တပ်ဆင်ထားသည်။ 0-100 km/h (0-62 mph) ကို ၆.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
.
ယခုဖွင့်ထားသည့် အမှာစာအရ 
ဘက်ထရီ- ခရီးတာများမှာ
63 kWh – 400 km (249 mi)
86 kWh – 550 km (342 mi)
100 kWh – 632 km (393 mi)
တို့ ဖြစ်ပါသည်။
အနိမ့်ဆုံးဗားရှင်း 63 kWh – 400 km (249 mi) အခြေခံဈေးနှုန်းမှာ ယွမ် 178,800 ($24,870 ဝန်းကျင်) ဖြစ်ပါသည်။ တရုတ်ပြည်တွင်းဈေးကွက်အတွက်သာဖြစ်ပြီး ယခုအခါ အမေရိကန်တွင် ရောင်းချနေသော လျှပ်စစ်ပစ်ကပ်ထရပ်များထက် ဈေးချိုပါသည်။
86 kWh – 550 km (342 mi) ကို ဗားရှင်း ၂ မျိုးဖြင့် ထုတ်လုပ်ထားပါသည်။ ဈေးနှုန်းများမှာ ယွမ် 198,800 ($27,650)နှင့် ယွမ် 228,800 ($31,825) တို့ဖြစ်ပါသည်။
အမြင့်ဆုံးအလွှာ 100 kWh – 632 km (393 mi) သည် ခရီးဝေးဝေး သွားနိုင်သည့် ဗားရှင်းဖြစ်ပြီး ဈေးနှုန်းမှာ ယွမ် 268,800 ($37,390)ဖြစ်ပါသည်။
ယခုအခါ ထုတ်လုပ်မှု စတင်နေပြီဖြစ်ပြီး ၂၀၂၃ ဇန်နဝါရီလတွင် ပထမအသုတ်ကို မှာကြားထားသူများထံ ပေးအပ်မည် ဖြစ်ပါသည်။
Source Electrek.co

 

 

 

MAG

Read 1491 times