(၄) နှစ်အတွင်း အမြတ်ငွေတိုးလာသော်လည်း စွမ်းဆောင်ရည်အပေါ် မကျေနပ်သေးသည့် Geely


၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံရှိ Geely Automobile Holdings ၏ တင်ပြချက်အရ အလွန်ကောင်းမွန်သည့် ရလဒ်များ ပေါ်ထွက်လာခဲ့သော်လည်း ကုမ္ပဏီ၏ CEO ဖြစ်သူ  Gui Sheng Yue က လက်ရှိ စွမ်းဆောင်ရည်အပေါ် ကျေနပ်မှုမရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး တရုတ်ပြည်မကြီးတွင် ရှိသည့် ကော်ပရေးရှင်းများတွင် တွေ့ရခဲသော ဝေဖန်မှုမျိုးကို ပြုလုပ်ခဲ့သည်။ 

 

ကောင်းမွန်တဲ့ ရလဒ်များ ပေါ်ထွက်လာခဲ့သော်လည်း ယခုလက်ရှိမှာ ပိုပြီး အရေးကြီးတဲ့ အရာက မိမိတို့ ကုမ္ပဏီရဲ့ အားနည်းချက်တွေကို စမ်းစစ်ရမှာ ဖြစ်တယ်လို့ Gui Sheng Yue က Covid Pendamic ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သတင်းသမားများနှင့်လေ့လာသုံးသပ်သူများဖြင့်  မျက်နှာချင်းဆိုင် နှစ်ပတ်လည် ဝင်ငွေဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ 

 

Gui Sheng Yue

Geely ၏ CEO ဖြစ်သူ Gui Sheng Yue

 

Hong Kong ရဲ့ စာရင်းဝင် ကားထုတ်လုပ်ရေးကုမ္ပဏီ Geely သည် ၎င်း၏ ၄ နှစ်ကြာ အောက်ဆုံးအခြေအနေမှ အသားတင်အမြတ်ငွေ ၉ ရာခိုင်နှုန်း ( ယွမ် ၅.၂၆ ဘီလီယံ ) တိုးလာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ၄၆ ရာခိုင်နှုန်း တိုးတက်လာကာ ဝင်ငွေ ယွမ်  ၁၄၇.၉၆ ဘီလီယံ ( ဒေါ်လာ ၂၁.၅ ဘီလီယံ ) ရရှိခဲ့သည့် အချိန်တွင် Gui Sheng Yue ဟာ ၎င်း၏ စွမ်းဆောင်ရည်အပေါ် မကျေနပ်မှုကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

 

Gui က သူ၏ မကျေနပ်မှုအတွက် အဓိက အကြောင်းအရင်း ၂ ခု ကိုပြောကြားခဲ့ပြီး ၎င်းမကျေနပ်ချက်မှာ ကုမ္ပဏီ၏ New Energy Vehicles ( NEV ) ကဏ္ဍအတွင်း ဝင်ရောက်မှု နှေးကွေးနေခြင်းနှင့် ဗျူဟာများ တိတိကျကျ ချမှတ်ထားမှု မရှိခြင်းတို့ဖြစ်သည်။ NEV သည် တရုတ်ပြည်တွင်း အခေါ်အဝေါ်တစ်ခုဖြစ်ပြီး လျှပ်စစ်ကားများနှင့် Plug-in Hybrid မော်တော်ယာဥ်များအတွက် ရည်ရွယ်သော စကားလုံးဖြစ်သည်။ 

 

Geely Zeekr 001

Geely Zeekr 001 EV

 

Geely သည် သမာရိုးကျနည်းဖြင့် မော်တော်ယာဥ်များ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ၎င်း၏ ဈေးကွက်အား ဓာတ်ဆီလောင်စာသုံး အင်ဂျင်ကားများ ထုတ်လုပ်ကာ ထူထောင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ Gui က ၎င်း၏ ကုမ္ပဏီသည် လျှပ်စစ်သုံး မော်တော်ကား ဈေးကွက်တွင် နောက်ကျ ကျန်ခဲ့ပြီး အထူးသဖြင့် တရုတ်နိုင်ငံအတွင်းမှာပင် နောက်ကျနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

NEV များ၏ အရောင်းအဝယ်သည် လွန်ခဲ့သည် နှစ်တွင် ၆.၂ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၂၂.၉ ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့ပြီး Gui က NEV များကို ထုတ်လုပ်သည့် လမ်းကြောင်းတွင် ၎င်းတို့ ကုမ္ပဏီသည် အခြားမော်တော်ယာဥ်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် နှိုင်းယှဥ်ပါက အတော်အတန်ပင် နောက်ကျကျန်ခဲ့ပြီဟု သူ၏ ပြိုင်ဘက်ကုမ္ပဏီများ ဖြစ်သည့် Tesla နှင့် BYD တို့အား ရည်ညွန်းပြောကြားခဲ့သည်။ 

 

ဒါ့အပြင် Gui က Geely ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်များနှင့် ဈေးကွက်ရှာဖွေရေးအပိုင်းတွင် ချို့ယွင်းချက်များ ရှိနေကြောင်းကို ဝန်ခံပြောကြားခဲ့ပြီး ကုမ္ပဏီ၏ ဗျူဟာကင်းမဲ့မှုကို ချပြ ပြောကြားခဲ့သည်။ Geely သည်လွန်ခဲ့သည့် နှစ်အတွင်းက သူ၏ အဓိက Brand များဖြစ်သည့် Lynk & Co နှင့် Zeekr တို့ကို ထုတ်လုပ်ရောင်းချခဲ့ပြီး Gui က ထို Brand များ၏ ဈေးကွက်အတွင်း နေရာချထားမှု အပေါ်ကိုလည်း ကျေနပ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ 

 

Gui ဟာ လက်ရှိကိစ္စရပ်များက Geely ၏ စတော့ရှယ်ယာ အပေါ်ထင်ဟပ်နေပြီး လွန်ခဲ့သည် နှစ်နှစ်ခန့်က Hong Kong ၃၆ ဒေါ်လာ ရှိခဲ့ပြီး လက်ရှိတွင် Hong Kong ဒေါ်လာ ၉.၅ အထိသာရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။ 

 

Phyo Thu Kha

Advertisement

Click Here >>> Phyo Thu Kha

 

Geely ၏ မိခင်ကုမ္ပဏီဖြစ်သည့် ZheJiang Geely Holding Group ၏ အမှုဆောင်အရာရှိဖြစ်သူ An Conghui က Geely ၏ ဈေးကွက်နေရာချထားမှုကို ရှင်းပြခဲ့ပြီး Lynk Brand ဟာ ယွမ် ၂ သိန်းမှ ၃ သိန်း အထိ ရှိပြီး အလယ်အလတ်တန်းစားနှင့် အထက်တန်းလွှာရှိ ဝယ်ယူသူများအတွက် ဦးတည် ထုတ်လုပ်ထားခြင်းဖြစ်ကာ Zeekr Brand ဟာ ယွမ် ၃ သိန်းအထက်ရှိပြီး ထိပ်ဆုံးအလွှာမှ ဝယ်ယူသူများကို ဦးတည်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Geely Brand တွေဟာ မူလက ယွမ် ၂ သိန်းအောက်သာရှိပြီး ဈေးကွက်အတွင်း အလုံးအရင်း ထုတ်လုပ်ရောင်းချနိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်သည်။ 
 

Geely Lynk

Geely Lynk

 

Geely ဟာ ၎င်း၏ အောက်ဆုံးအခြေအနေမှ အကျိုးအမြတ်တစ်ခုရရှိခဲ့ပြီး ဤအကျိုးအမြတ်သည် နိုဝင်ဘာလတွင် အဆုံးသတ်နိုင်ခဲ့သည့် ပြင်သစ်မှ Renault နှင့် Samsung Group တို့နှင့် ပူးပေါင်းခြင်းမှ တောင်ကိုရီးယားမော်တော်ယာဥ် ဖက်စပ်လုပ်ငန်းများတွင် ရှယ်ယာ ၃၄ ရာခိုင်နှုန်း ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

 

Geely ပေးဆောင်ခဲ့သည့် ယွမ် ၂၆၄ ဘီလီယံ ( ဒေါ်လာ ၂၀၂ မီလီယံ ) သည် အမှန်တကယ်ပေးဆောင်ရမည့် စုစုပေါင်း အသားတင်မျှတမှု တန်ဖိုးထက်များစွာ နိမ့်ကျခဲ့ပြီး ကွာဟနေသည့် ယွမ် ၁.၇၄ ဘီလီယံအား ကုန်ကျစာရိတ်မြင့်တက်လာမှုကို ထိန်းမိရန်နှင်ိ့ အမြတ်ငွေများကို ၂၀၂၁ ခုနှစ်ထက်ကျော်လွန်ကာ မြှင့်တင်သွားရန် သတ်မှတ်ခဲ့သည်။

  

ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တရုတ်ပြည်မကြီးမှ မော်တော်ယာဥ်ထုတ်လုပ်သူများ၏ ဈေးနှုန်းသတ်မှတ်မှု ပြဿနာများကို Geely ကုမ္ပဏီ၏ စီမံခန့်ခွဲရေးမှ တည်တည်ငြိမ်ငြိမ်နှင့် လက်ခံထားသည်ဟု ထင်မြင်ရပြီး မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းများကြားတွင် ရှင်သန်ရေးတိုက်ပွဲစတင်လာပြီး ဖြစ်သောကြောင့် ကုမ္ပဏီ၏ စုပေါင်းအင်အားသည် ပို၍ အရေးကြီးလာပြီ ဖြစ်သည်ဟု An Conghui ပြောကြားခဲ့သည်။ 

 

An Conghui

Geely ၏ အမှုဆောင်အရာရှိနှင့် ဥက္ကဌ ဖြစ်သူ An Conghui

 

ဒါ့အပြင် An က Geely သည် ၎င်း၏ အမှတ်တံဆိပ်၊ နည်းပညာ၊ အရေအသွေး၊ ဝန်ဆောင်မှု နှင့် ကော်ပရိတ်ကျင့်ဝတ်များကို မြှင့်တင်နိုင်ရန် အာရုံစိုက်မည်ဖြစ်ပြီး ဈေးနှုန်း ဖြတ်တောက်မှု ပြဿနာများနှင့် ဝေးကွာအောင်နေကာ ယခုလို ပြဿနာများကို ကျော်ဖြတ်နိုင်ရန် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါသည်။ 

 

Geely ဟာ ၂၀၂၂ ခုနှစ်တွင် ပြည်ပဈေးကွက်အတွင်း ကြီးမားသော တိုးတက်မှုရရှိခဲ့ပြီး ပြည်ပသို့တင်ပို့သည့် မော်တော်ယာဥ်ပမာဏသည် ၇၂ ရာခိုင်နှုန်း ( မော်တော်ယာဥ် ၁၉၈,၂၄၂ စီး ) အထိရောက်ရှိခဲ့သည်။ သို့သော်လည်း Geely ဟာ ဒေသတွင်း ရောင်းချမှုကိန်းဂဏန်းများကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိသည့်အပြင် US မှ စီးပွားရေးအရ ပိတ်ပင်ထားသည့်ကြားမှ Russia နိုင်ငံအတွင်းသို့ မော်တော်ယာဥ်များတင်ပို့ရောင်းချနေသည့် ကုမ္ပဏီများမှ တစ်ခုအပါအဝင်ဖြစ်သည်။ 

 

Russia နိုင်ငံအတွင်း မော်တော်ယာဥ်အသစ်များ ရောင်းချမှုသည် ၅၈.၈ ရာခိုင်နှုန်းလျော့ကျသွားခဲ့သော်လည်း Geely အတွက် ၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်ဟု ဥရောပစီးပွားရေးလုပ်ငန်းရှင်များအသင်း ၏စာရင်းများအရ သိရသည်။ ဒါ့အပြင် Geely ၏ ဈေးကွက်ရှယ်ယာသည် ယခင် ၁.၅ ရာခိုင်နှုန်းမှ ၃.၆ ရာခိုင်နှုန်းအထိ နှစ်ဆကျော် တိုးတက်လာခဲ့သည်။ 

Source - Nikkei Asia

Read 290 times