Geely Auto ၏ သြဂုတ်လ ရောင်းအား တစ်နှစ်ထက်တစ်နှစ် ၁၂ ရာခိုင်နှုန်းတိုး


Geely Auto ၏ သြဂုတ်လ ရောင်းအား တစ်နှစ်ထက်တစ်နှစ် ၁၂ ရာခိုင်နှုန်းတိုး Geely Automobile Holdings ကုမ္ပဏီ တနည်းအားဖြင့် ( Geely Auto ) ကို ဩဂုတ်လတွင် စီးရေပေါင်း ၁၁၃,၄၄၃ စီးရာင်းခဲ့ပါတယ်။

ယမန်နှစ်ထက် ၁၂ ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၀ ဇူလိုင်လတွင် ၈ ရာခိုင်နှုန်းထပ်မံတိုးလာခဲ့တယ်လို့ Geely Autoကုမ္ပဏီ မှ စက်တင်ဘာလ ၇ ရက်နေ့တွင်ကြေညာခဲ့ပါတယ်။

 

ယခင်လက ရောင်းခဲ့ရသောကားများစီးရေ ၆,၆၀၉ စီးသည် စွမ်းအင် နှင့် လျှပ်စစ်ကား (NEEVS) အသစ်များအပါအ၀င် the Geometry As၊ the Emgrand EVs ၊ Engrand GSes တို့သည် ရောင်းအားရာခိုင်နှုန်းအားဖြင့် တစ်လထက်တစ်လ ၃ ရာခိုင်နှုန်းတိုး ကြောင်းသိရပါတယ်။

 

သြဂုတ်လ ၇ ရက်နေ့တွင် စီးရေ ဒုတိယအများဆုံး ထုတ်လုပ်သည့် ပထမဆုံးသော Geometry SUV မော်ဒယ်လည်းဖြစ်သော Geometry C သည်စျေးကွက်သို့ မူကွဲ ၅ မျိုးကို တစ်ပြိုင်နက်တည်း ထုတ်လုပ် ရောင်းချခဲ့ပါတယ်။

 

Geely Auto အုပ်စုသည် (Geely Auto နှင့် ၎င်းလက်အောက်ခံကုမ္ပဏီများ) ၏ပို့ကုန်ပမာဏသည် တစ်နှစ်လျှင် ၉၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သြဂုတ်လတွင် ၆,၃၂၂ စီးအထိရှိခဲ့တယ်လို့ဆိုပါတယ်။

 

ပြည်တွင်းရောင်းချမှုမှာ ၁၀၇,၁၂၁ စီးရှိပြီး ယခင်နှစ်ထက် ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ ဩဂုတ်လတွင် Geely Auto ကုမ္ပဏီမှ Sedan ကားစီးရေ ၃၈,၄၇၅စီး နှင့် Suvs စီးရေ ၇၁,၅၆၅ စီး ရောင်းရခဲ့ကြောင်း သိရပါတယ်။

 

တိကျစွာပြောရလျှင် Emgrand sedan ကားများ၏ရောင်းအား စီးရေမှာ၂၀,၁၂၉ စီးသို့တိုးလာပြီး Boyue နှင့် Boyue PRO SUVs တို့၏ ပေါင်းစပ်ရောင်းအားသည် ၂၀,၆၈၅ စီးဖြစ်ကြောင်းသိရပါတယ်။ Haoyue SUV ၏ရောင်းအားပမာဏ စီးရေစုစုပေါင်းသည် ဩဂုတ်လတွင် ၁၁,၉၀၄ စီးဖြစ်

ပြီး ယခင်လထက် ၆,၅၀၅ စီးအထိနှစ်ဆ တိုးခဲ့ပါတယ်။

 

ထိုလအတွင်းပင် Lynk & Co- တံဆိပ်တပ်ထားသော ကားများ၏ရောင်းအားမှာ စီးရေ ၁၇,၀၉၈ ဖြစ်ပြီးတစ်နှစ်လျှင် ၅၆ ရာခိုင်နှုန်းဝန်းကျင်မြင့်တက်ခဲ့တာကြောင့် တစ်လရောင်းအားတွင်အမှတ်တံဆိပ်၏စံချိန်တင်မြင့်တက်မှုကိုရရှိခဲ့ပါတယ်။

 

ယခုနှစ်ပထမရှစ်လတွင် ကားအစီးရေ ၇၄၉,၁၀၇စီး ကိုရောင်းချခဲ့ပြီးယမန်နှစ်က ၁၁ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီးနှစ်စဉ်ရောင်းအား ၁ ဒသမ ၃၂ သန်း၏ ၅၇ ရာနှုန်းပြည့်ခဲ့တယ်လို့ဆိုပါတယ်။

 

By Myanmar Automobile Guide

Ref:autonews.gasgoo

 

Read 627 times