Geely က Aston Martin ရှယ်ယာများ ဝယ်ယူ


Geely က Aston Martin ရှယ်ယာများ ဝယ်ယူ

 

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

 

‌တရုတ်နိုင်ငံမှ Geely Holding Group သည် ဗြိတိန်မှ စည်းစိမ်ကားများ ထုတ်လုပ်တဲ့ Aston Martin Lagonda Global Holdings ရဲ့ ရှယ်ယာ ၇.၆% ကို ဝယ်ယူခဲ့ပါတယ်။ 

Geely အစုရှယ်ယာ ဝယ်ယူထားတဲ့ ဥရောပ brand တစ်ခု ထပ်တိုးသွားပါတယ်။

အရောင်းအဝယ် သဘောတူညီချက်တွင် Geely ကို ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ပေးအပ်ခြင်း မပါဝင်ပေမဲ့ Geely အဖို့ အကြောင်းမဟုတ်ပါဘူး။

ယခင်က Geely ဝယ်ယူခဲ့တဲ့ ကား brand တွေမှာလည်း ဒါရိုက်တာဘုတ်အဖွဲ့မှာ နေရာမရခဲ့ပါ။

Geely က Lotus ကို ပိုင်ဆိုင်ပြီး Polestar နှင့် Volvo Cars တို့၏ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားပါတယ်။ ၂၀၁၈ ခုနှစ်တွင် Mercedes-Benz မိခင်လုပ်ငန်း Daimler  မှာ ကန်ဒေါ်လာ ၉ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာ ၁၀% ကို ဝယ်ယူခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေမှာ Geely က ဒါရိုက်တာဘုတ်အဖွဲ့မှာ နေရာမရခဲ့ပါ။ ဒါပေမဲ့ ဩဇာညောင်းနိုင်ပါတယ်။ 

 Geely Holding Group စီအီးအို Daniel Donghui Li ထုတ်ပြန်တဲ့ ကြေညာချက်မှာ Geely ရဲ့ အစဉ်အလာကောင်းများနှင့် နည်းပညာများဖြင့် Aston Martin ရဲ့ အနာဂတ်မှာ အောင်မြင်မှုများ ရရှိစေမယ်လို့ ဆိုထားပါတယ်။

Aston Martin နှင့်  Geely တို့က ရှယ်ယာများရဲ့ တန်ဖိုးကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။
Source techcrunch
#MyanmarAutomobileGuide 
Join Telegram Channel 
https://t.me/Guid4U

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

 

 

Read 231 times