Geely ရဲ့ အကြီးမားဆုံး SUV ဖြစ်တဲ့ Hao Yue


Geely ရဲ့ Hao Yue ဟာ ခုနစ်ယောက်စီး SUV ကို စတင်ပွဲထုတ်လိုက်တယ်။ Geely ထုတ်လုပ်တဲ့ SUV တွေထဲမှာ  Hao Yue ဟာ အကြီးမားဆုံး ဖြစ်ပါတယ်။

ကားဈေးကွက်မှာ အပိုင်းအကန့် segmentတွေကို အင်္ဂလိပ်အက္ခရာ အတိုကောက်ဖြင့် သတ်မှတ်ထားတာမှာ D-segment SUV  ကားဈေးကွက်ကို ဦးတည်ထားတဲ့ အကြီးစား SUV  ဖြစ်ပါတယ်။ Geely  အနေဖြင့် D-segment SUV  ကားဈေးကွက်ထဲ ပထမဆုံးအကြိမ် စတင်ဝင်ရောက်လိုက်တာလည်း ဖြစ်ပါတယ်။ 

A-segment: mini cars အသေး

B-segment: small cars အငယ်

C-segment: medium cars အလတ်

D-segment: large cars အကြီး 

 

Hao Yue ဟာ အလျား  4,835 မီလီမီတာ (190.3 လက်မ) 

အကျယ် 1,900 မီလီမီတာ (74.8 လက်မ)

အမြင့် 1,780 မီလီမီတာ (70 လက်မ) 

 wheelbase  2,815 မီလီမီတာ (110.8 လက်မ) ရှိပါတယ်။

၅ ယောက်စီးနဲ့ ၇ ယောက်စီး ၂ မျိုးထုတ်လုပ်ထားပါတယ်။

 

ထိုင်ခုံအတန်း ဒုတိယနဲ့ တတိယ အတန်းတွေ ရှေ့ကို ချိိုးချပြီး နောက်ဘက်မှာ ပစ္စည်းတင်ဖို့ နေရာ ချဲ့ပေးလို့ရတယ်။ 2.2 စတုရန်းမီတာ (23.7 စတုရန်းပေ) ကျယ်တဲ့အထိ ရနိုင်တယ်။

 king-sized မွေ့ရာအရွယ်အစား ဖြစ်ပါတယ်။ 

 

 

 

 

 

 

Read 2225 times