ဂီယာစနစ် ပျက်စီးနေသည့်လက္ခဏာများ


မော်တော်ယာဉ်၏ ဂီယာစနစ်သည် ကားတစ်စီးလုံး၏ အရေးပါဆုံးနှင့် အရှုပ်ထွေးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပါသည်။

ရှုပ်ထွေးသည့် ဟိုက်ဒရာလစ် စနစ်များ ရာချီပါ၀င်ပြီး ကွန်ပျုတာနှင့် ထိန်းထားသည့် လျှပ်စစ်ပစ္စည်းများကလဲ ဂီယာပြောင်းရန် အတူတကွ ပူးတွဲလုပ်ဆောင်နေရပါသည်။

ခုခေတ် ရှေ့ယက်ယာဉ်များ၊ အော်တိုဂီယာများ၊ ကွန်ပျုတာစနစ်များ ပါ၀င်လာသည့် ဂီယာစနစ်ရှုပ်ထွေးပြီး ပြင်ဆင်ရခက်ပါသည်။

ပုံမှန် service ပေးရန်၊ ဆီလဲပေးရန်လိုအပ်ပါသည်။

ဂီယာပျက်ခြင်းမှ ကာကွယ်ရန် ဂီယာစနစ် ပျက်စီးစ ပြုနေကြောင်းပြသည့် လက္ခဏာများကို ဖော်ပြပေးလိုက်ပါသည်။

၁။အရည်ယိုခြင်း

ဂီယာအုံက အရည်ယိုခြင်းသည် မိမိကားကို ဂရုစိုက်ရန်လိုပြီဖြစ်ကြောင်း ပြသည့်လက္ခဏာတစ်ခုဖြစ်ပါသည်။

မိမိကားဂိုထောင်ကြမ်းပြင်က အရည်လေးနည်းနည်းသည် ပြသနာကြီးအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။

ဂီယာဆီသည် ကားဂီယာပြောင်းနိုင်ရန်အရေးပါပြိး အနီရောင်တောက်တောက်ချိုသည့် အနံရှိသည့် အရည်တစ်မျိုးဖြစ်ပါသည်။

မိမိကားဂီယာဆီ အလိုလိုလျော့နေရင်ယိုနေလို့ဖြစ်ပါသည်။

ဂီယာဆီ ယိုနိုင်သည့် အကြောင်းများမှာ

-မကြာသေးခင်ကမှ ကားပြင်ထားခြင်း

-Gasket များ Seal များစားနေခြင်း

-Bell Housing များပြသနာဖြစ်နေခြင်း

-ဂီယာတံချောင်နေခြင်း

-ဂီယာစက်သွားချော်နေခြင်း

-အင်ဂျင်၊ ဂီယာ၊ Axle အထိုင်များချောင်နေခြင်း တို့ဖြစ်ပါသည်။

၂။ Warning မီးလင်းလာခြင်း

ခုခေတ်ကားများမှာကားတွင် ပြသနာဖြစ်နေသည့် နေရာများကို ပြောပြနိုင်သည့် အစွမ်းရှိပါသည်။

ဂီယာအုံက Sensor များသည် သင်မသိနိုင်သည့် တုန်ခါလာခြင်းများ၊ ပြသနာ စလာခြင်းများကို သိရှိပြီး ပြောပြနိုင်ပါသည်။

အဖြစ်အများဆုံးကတော့ Transmission Temperature Warning မီးလင်းလာခြင်းဖြစ်ပြီး ဂီယာဆီက ပုံမှန်ထက်ပိုပူနေပြီး ဂီယာအုံတစ်ခုလုံး အပူလွန်လာပါက လင်းတတ်ပါသည်။

ထိုမီးလင်းခြင်းနှင့် ဂီယာဆီ level နှင့် Coolant  level ကို ချက်ခြင်း စစ်ဆေးပါ။

၃။ အနံ့ဆိုးများ

ဂီယာဆီသည် ချိုသည့်အနံ့ရှိပါသည်။

မီးလောင်ထားသည့် အနံ့မျိုး ရနေရင်တော့ ဂီယာအမြန်ဆုံးလဲသင့်ပါသည်။

ဂီယာဆိသည် ဂီယာစနစ်တစ်ခုလုံးကို ချောမွေ့အောင်လုပ်ပေးသည့်အပြင် အပူမလွန်အောင်လဲ ကာကွယ်ပေးပါသည်။

ဂီယာဆီကိုယ်တိုင်က အပူလွန်နေပါက မိမိဂီယာအုံပါ လိုက်ပါပူနေပြီး ကြာရင် ဂီယာအုံချရသည့် အဆင့်ရောက်သွားနိုင်ပါသည်။

၄။ Dipstick ဖြင့်စစ်ဆေးခြင်း

ဂီယာဆီကို Dipstick ဖြင့်စစ်ဆေးခြငးက အလွယ်ဆုံးနည်းလမ်းပါ။

မိမိကား ဂီယာဆီ Dipstick ရှိသည့်နေရာကို Manual ထဲကရှာကြည့်ပါ။

-ကားအင်ဂျင်ကို Neutral သို့မဟုတ် Pack မှာထိုးပြီးအင်ဂျင်နွေးထဲထိစောင့်ပါ။

ပြီးရင် အင်ဂျင်မရပ်ပဲ Dipstick ထုတ်လိုက်ပါ။

-အင်ဂျင်ဆီ အရောင်သိရန် လက်မလက်ညှိုးနှင့်ပွတ်လိုက်ပါ။

-ထိုအရည်သည် ပန်းရောင်ရှိပြီး ကြည်လင်နေရပါမည်။

-အညိုရောင်ဖြစ်ပြီး လောင်ထားသည့် အနံ့ရရင်တော့လဲသင့်ပါပြီ။

-အရည် ပြည့်မပြည့်ကိုလဲ စစ်ကြည့်ပါ။

၅။အသံဆိုးများ

ထိုနေရာတွင် Auto နှင့် Manual ဂီယာစနစ်အသံဆိုးများ မတူကြပါဘူး။

Manual စနစ်မှာဆိုလျှင် ဂီယာချိန်းတိုင်းတွင် အရမ်းဖိကြိတ်ခံထားရသကဲ့သို့ အသံထွက်တာမကောင်းသည့် လက္ခဏာပါ။

-ကလပ်နင်းလိုက်ရင် ထိုအသံထွက်ရင်လဲမကောင်းပါဘူး။ ကလပ်ပြန်ချိန်ရမည်ဖြစ်ပါသည်။

-ဂီယာစက်သွားများ စားသွားတာလဲဖြစ်နိုင်ပါသည်။

အော်တိုဂီယာဆိုရင်တော့ ဂီယာချိန်းတိုင်းတွင် မသိမသာ ပြောင်းသွားခြင်းမျိုးမဟုတ်ပဲ သိသိသာသာ ခံဏားသိရှိနေရင်တော့ တခုခုမှားနေပါပြီ။

-တုန်နေသည့် အသံပါကြားရပါက ပိုသေချာပါသည်။

-တတ်ကျွမ်းသူနှင့် သွားပြကြည့်ပါ။

၆။ ဂီယာချက်ခြင်းမပြောင်းခြင်း

ဂီယာများသည် လိုအပ်သည့်အဆင့်ကို ချက်ခြင်းရောက်ရန် ဒီဇိုင်းထုတ်ထားပါသည်။

အဲဒါကို ချက်ခြင်း မပြောင်းပါက တစ်ခုခုမှားနေပါပြီ။

Manual ဂီယာများတွင် ဂီယာပြောင်းလိုက်ပါက ကားအင်ဂျင်ပါ ပိုလည်လာသော်လညး် ကားသွားနှုန်းပိုတက်မလာပါက ကလပ်စားနေခြင်းဖြစ်ဖြစ်၊ ဂီယာပြသနာဖြစ်ဖြစ် ဖြစ်နိုင်ပါသည်။

Auto ဂီယာမှာတော့ park နှင့် drive ပြောင်းသည့်အခါချက်ခြင်းမရောက်တာ ဖြစ်တတ်ပါသည်။

ထိုအချက်သည် ကားပြသနာတင်မဟုတ်ပဲ သင့်လုံခြုံရေးအတွက်လဲ ပြသနာဖြစ်ပါသည်။

 

Read 9491 times