ကားများတွင် manual ဂီယာ (Shift System) နှင့် အော်တိုဂီယာ (Lock-up Timing System) ဟူ၍ (၂) မျိုးနှစ်စားရှိရာ manual ဂီယာသည် hydraulic စနစ်ဖြင့် ထိန်းချုပ်ခြင်းဖြစ်ပြီး အောင်တိုဂီယာမှာ လျှစ်စစ်စနစ်ဖြင့် ထိန်းကြောင်းခြင်းဖြစ်သည်။ ယခု အသုံးပြုနေကြသော လျှပ်စစ်စနစ်ဖြင့် ထိန်းချုပ်သော အော်တိုဂီယာများသည် အာရုံခံ စနစ် (sensor)၊ solenoid and relay စက်ပစ္စည်းကို အသုံးပြု၍ ဂီယာ အပြောင်းအလဲများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
ဂီယာဆီများသည် ရေရှည်ခံသော ဆီများမဟုတ်သည့်အတွက် ယင်းကို တစ်လတစ်ကြိမ် ပုံမှန်စစ်ဖို့ လွန်စွာ မှ အရေးကြီးပါသည်။ ဂီယာဆီကို စစ်ဆေးခြင်းဖြင့် ကားဂီယာအခြေအနေနှင့် ပတ်သက်၍ ပြောင်းလဲမှုများ လုပ်သင့်၊ မသင့် သိနိုင်ပါသည်။ ဂီယာဆီများ ညစ်ပေနေခြင်းကို တွေ့ရှိပါက သင့်အနေဖြင့် ဆီမဖြစ်မနေ လဲလှယ်ရတော့မည်ဖြစ်သည်။ ဂီယာဆီအသစ်မှာ ကြည်လင်သော အနီရောင်ဖြစ်ပြီး ညစ်ပေမှုရှိသောဆီမှာ အညိုနက် (သို့မဟုတ်) အနက်ရောင်ဖြစ်သည်။
ထို့အပြင် အနံ့ကို သေချာအောင်စစ်ဆေးဖို့လိုပါသည်။ ဆီမှာ ညော်န့ံ့ထွက်နေပါက ပြဿနာရှိနိုင်ပါသည်။ ကားဂီယာသည် ၎င်းအတွက် သတ်မှတ်ထားသော ဂီယာဆီပမာဏ (ATF) လိုကိုလိုအပ်ပါသည်။ ဆီနည်းပါးလွန်းလျှင် ဂီယာအုံများ အပူလွန်ခြင်း၊ ဂီယာပြောင်းရခက်ခြင်း၊ တုန်ခါခြင်း အစရှိသည့် ပြဿနာများ ဖြစ်ပေါ် တတ်ပါသည်။ ATF ပမာဏအား ဂိတ်တံ (dipstick) ကို အသုံးပြု၍ တိုင်းတာနိုင်ပြီး ပမာဏနည်းနေလျှင် ဆီထပ်ဖြည့်ခြင်းကို ပြုလုပ်ရမည်။
ထို့အပြင် ယင်းဂိတ်တံဖြင့် hot and cold level ကို တိုင်းတာနိုင်သည်။ သို့သော် ဆီနည်းပါးနေခြင်းသည် ဂီယာဆီယိုဖိတ် ခြင်းလည်း ဖြစ်နိုင်သည်ကို သတိထားသင့်ပါသည်။ ဂီယာဆီယိုဖိတ်လေ့ရှိသော နေရာများမှာ check nut များ၊ ချောင်နေပြီဖြစ်သော အောက်ခံသံပြားများတို့မှဖြစ်သည်။ ဆီယိုနေပြီဆိုပါက ပြင်ဆင်မှုကို ချက်ခြင်းလုပ်ဆောင်ရန် လိုအပ်ပြီး မပြင်ဆင်ဘဲ ထားရှိလေလေ ဆီယိုထွက်မှု ပိုများလေဖြစ်သည်။
ဂီယာဆီများ ကုန်ခမ်းသွားရခြင်း၏ နောက်ထပ် အကြောင်းအရာတစ်ခုမှာ အမျိုးအစားမတူသော ဂီယာဆီ ကို အသုံးပြုခြင်းကြောင့်လည်းဖြစ်သည်။ တချို့က ကားဂီယာဆီအားလုံးမှာ အတူတူဟု ယူဆထားကြသည်။ ယင်းမှာ မှားယွင်းသည်ဟု ပြောချင်ပါသည်။ သီးခြားဂီယာများအတွက် သီးသန့် ကားဂီယာဆီ လိုအပ်ပါ သည်။ ကားထုတ်လုပ်သော ကုမ္ပဏီများသည် ၎င်းတို့၏ ကားများတွင် အသုံးပြုနိုင်သော ဂီယာဆီ အမျိုးအ စားများကို owner manual များတွင် သတ်မှတ် ဖော်ပြထားလေ့ရှိပြီး သတ်မှတ်ထားခြင်းမရှိသော ဂီယာဆီ အသုံးပြုခြင်းနှင့် ရောစပ်အသုံးပြုခြင်းတို့သည် ကားဂီယာ၏ စွမ်းဆောင်ရည်ကို ကျဆင်းစေပါသည်။
ထို့အပြင် သတ်မှတ်ထားခြင်းမရှိသော ဂီယာဆီကို အသုံးပြုခြင်းသည်လည်း ဂီယာအပူလွန်ကဲခြင်းကို ဖြစ်စေပါသည်။ အပူလွန်ကဲခြင်းကြောင့် ဂီယာမှာ စွမ်းဆောင်ရည်ပြည့်ဝစွာ အလုပ်လုပ်နိုင်ခြင်းမရှိသလို လွယ်လွယ်ကူကူ ပျက်စီးစေတတ်ပါသည်။ ထို့ကြောင့် အပူလွန်ကဲခြင်းမဖြစ်ပေါ်စေရန် ဂီယာဆီအမျိုးအစား မှာ မှားယွင်းနေသလား၊ ဂီယာဆီမှာ ညစ်ပေနေသလားနှင့် ဆီနည်းပါးနေသလား အစရှိသည့် လက္ခဏာ များကို ပုံမှန်စစ်ဆေးပေးသင့်ပါသည်။
နောက်ထပ် ဂီယာပြဿနာတစ်ခုမှာ ဂီယာမပြောင်းခြင်င်းပြဿနာပင်ဖြစ်သည်။ ဂီယာပြောင်းခြင်းမ ရှိလျှင် ကားမှာ လိုသလောက် အရှိန်တင်မောင်းနှင်၍ မရဖြစ်တတ်ပါသည်။ ဂီယာဆီနည်းပါးခြင်း၊ ဂီယာဆီများ ယိုစိမ့်ခြင်း၊ ဆီမသန့်ခြင်း၊ ဂီယာဆီစီးဆင်းသည့် လမ်းကြောင်းများ ပျက်စီး၊ လောင်ကျွမ်းခြင်းနှင့် အထူးသဖြင့် ဂီယာ ဆက်သွားများ ပွန်းပဲ့ခြင်း အစရှိသည်တို့မှာ ဂီယာချော်ရခြင်း၏ အဓိက အကြောင်းအရာများဖြစ်သည်။
ဂီယာဆီများက အဓိက လုပ်ဆောင်ပေးသောအရာများရှိပါသည်။ ၎င်းတို့မှာ-
(၁) Torque Converter အတွင်းတွင်ရုန်းအားကိုလွဲပြောင်းပေးခြင်း။
(၂) Hydraulic Control Unit ၏ ထိန်းချုပ်မှုကိုဆောင်ရွက်ရန်နှင့် Brake & Clutch များအလုပ်များကို ဆောင်ရွက်ပေးခြင်း။
(၃) Planetary Gear Unit နှင့် အခြားလည်ပတ်နေသော အစိတ်အပိုင်းများကိုချောဆီ အဖြစ်တာ ဝန်ထမ်းဆောင်ရန်။
(၄) လှုပ်ရှားနေသောအစိတ်အပိုင်းများကို အအေးခံရန်တို့ဖြစ်သည်။
ဂီယာဝိုင်လဲလှယ်ရန်မှာ ကာတစ်စီးနှင့် တစ်စီး မတူညီနိုင်ပါ။ owner manual ၏ ညွှန်ကြားချက်များ အတိုင်း လိုက်နာသင့်ပါသည်။ ယေဘူယျအားဖြင့် မိုင် ၃၀,၀၀၀ မှ ၅၀,၀၀၀ အတွင်း မောင်းနှင်ပြီးပါက လဲလှယ်သင့် ပါသည်။ Auto changer လဲလှယ်ခြင်းနှင့် Transmission Crankcase ခွာ၍ လဲလှယ်ခြင်းဟူ၍ နှစ်မျိုးရှိရာ ပထမနည်းလမ်းဖြင့် လဲလှယ်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။