ဂီယာ မချိန်းတဲ့ ပြဿနာ ဒီလိုရှာ


Caldina GT Four (3S -GTE) ဟာ  ချက်မီးလည်း မလင်း သလို code ဖတ်ကြည့်တော့ လည်း no fault code ပါ။

အဲဒါနဲ့ စက်ထိုးပြီး အရင်ဆုံးစမ်းမောင်း ကြည့်တဲ့အခါ ဂီယာနံပါတ်ဝမ်းက နေ နံပါတ်တူး ချိန်းတဲ့အခါ အချိန်း နောက်ကျနေပါတယ်။

အဲဒါနဲ့ စက်ထိုးပြီး အရင်ဆုံးစမ်းမောင်း ကြည့်တဲ့အခါ ဂီယာနံပါတ်ဝမ်းက နေ နံပါတ်တူး ချိန်းတဲ့အခါ အချိန်း နောက်ကျနေပါတယ်။

နံပါတ်တူး ကနေ နံပါတ်သရီးကို လုံးဝမချိန်း တော့ပါဘူး။ အဲဒါနဲ့ ဒေတာကို စစ် ကြည့်လိုက်တဲ့အခါမှာတော့ TPS data က ၄၄ရာခိုင်နှုန်း ဖြစ်နေပါ တယ်။ သူ့ပုံမှန် ဒေတာက (၁၁ရာ ခိုင်နှုန်း+) ဒါမှမဟုတ် (-၂)လောက် မှာပဲ ရှိရမှာပါ။ သည်နေရာမှာ စဉ်းစားစရာ  နှစ်ချက်ပဲရှိပါတယ်။ TPS sensor ကို သူ့အမျိုးအစား အမှန် မဟုတ်ဘဲ တပ်ထားတာလား ဒါမှ မဟုတ် ECU ကပဲ ပျက်တာလား၊ အတွေ့အကြုံအရကတော့ sensor မမှန်တာ ဖြစ်ဖို့များပါတယ်။

ဘာလို့လဲဆိုတော့ သည် 3S- GTE spare part တွေက တော်တော်ကို ရှားတဲ့အတွက် ပုံစံတူ sensor ကို ထည့်ထားတာလို့ ယူဆ မိပါတယ်။ သေချာအောင် အဖြေ ရှာဖို့ throttle body ဖြုတ်ခိုင်းပြီး ကားမှာ scantool ချိတ်ဆက်ကာ TPS ကို လိုသလို   ချိန်ညှိကြည့် လိုက်တော့ scan tool မှာ TPS ၁၁ ရာခိုင်နှုန်း ရောက်တဲ့ချိန်မှာ နတ် ပေါက်ကတလွဲ ဖြစ်နေပါတယ်။

ဒါဆိုရင်တော့ ဆင်ဆာမှားထည့် ထားတာ သေချာပြီလေ။ သူ့ရဲ့ spare part ရှားပါးတဲ့အတွက် ဆင် ဆာအမှန်ကို ရှာဝယ် ထည့်ဖို့ မစဉ်းစားတော့ပါဘူး။ အဲဒါကြောင့် အငှားအထိုင် တစ်ခုပြုလုပ်ပေးပြီး ထွင်ထည့်ပေး လိုက်တော့ ဂီယာလည်း အချိန်း မှန်သွားပြီး အင်ဂျင်အဆွဲအရုန်း လည်း ကောင်းမွန်သွားပါတယ်။

တိုယိုတာကားတွေမှာ TPS ဆင်ဆာဟာ မော်ဒယ်လ်နိမ့်ကား တွေမှာ ကြိုးလေးကြိုးနဲ့ လာသလို အမြင့်ကားတွေမှာ ကြိုးသုံးကြိုးနဲ့ လည်းလာပါတယ်။ အခုခေတ်ကားတွေမှာ အသုံး များတဲ့ သုံးကြိုးနဲ့လာတဲ့ TPS တွေ မှာဆိုရင် 5V,E2 နဲ့ VTA ဆိုပြီး လာပါတယ်။

Read 3382 times