ကားလောကတွင် ပြောလေ့ထရှိသော ဂီယာဘောက်စ်၏ နောက်ကွယ်မှ လုပ်ဆောင်ချက်များ


 ကားတစ်စီး၏ ခန္ဓာဗေဒတွင် ဂီယာဘောက်စ်သည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ကားခန္ဓာဗေဒကျမ်းများတွင် အခေါ်အဝေါ်အားဖြင့် ၂ မျိုးတွေ့ရသည်။

အမေရိကန်များက ထရန်စမစ်ရှင်း (transmission) ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ အင်္ဂလန်အပါအဝင် မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံတို့တွင် ဂီယာဘောက်စ် (gear box) ဟု ခေါ်ဝေါ်သုံးစွဲကြသည်။

ထရန်စမစ်ရှင်းသည် ဖလိုင်းဝှီး၊ ကလပ် အစရှိသော အစိတ်အပိုင်းများ အားလုံးကို သိမ်းကျုံး၍ ခေါ်ဆိုခြင်းဖြစ်သည်။ ဂီယာဘောက်စ်သည် ထရန်စမစ်ရှင်းစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထရန်စမစ်ရှင်းစနစ်တွင် အော်တိုဂီယာဟုခေါ်သည့် အလိုအလျောက်စနစ်နှင့် လက်ဖြင့် တစ်ချက်ချင်း ဂီယာထိုးရသောစနစ်ဟူ၍ ၂ မျိုးရှိပါသည်။ မြန်မာနိုင်ငံတွင်ရှိသော ကားအများစုမှာ တစ်ချက်ချင်း ဂီယာထိုးရသော

စနစ်ဖြစ်သောကြောင့် ထိုစနစ်ကို ဦးစားပေး၍ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဂီယာဘောက်စ်သည် အင်ဂျင်နှင့် ဘီးအကြား အဆင်ပြေအောင် ကြားခံပေးထားသော အရာတစ်ခုဖြစ်သည်။ သာမန်အားဖြင့် အင်ဂျင်အတွင်း၌ ရှိသည့် ကရိုင်းရှပ်ဟူသော ရှပ်တံသည် စက်နှိုးထားချိန်၌ ပတ်ရေ ၁ မိနစ်လျှင်

၉၀၀ ဝန်းကျင်ခန့် လည်ပတ်နေသည်။ ကားမောင်းနှင်၍ မြန်မြန်ဆန်ဆန် ဖြစ်လာသောအခါ ပတ်ရေ ၇၅၀၀ ဝန်းကျင်အထိ ရှိသည်။ သို့ဖြစ်ရာ အလည်လွန်နေသော ကရိုင်းရှပ်ကို ထိန်းကျောင်းရန်အတွက်

ခွေးသွားစိတ်များပါရှိသည့် ဂီယာအစိတ်အပိုင်းများကို စနစ်တကျ အသုံပြုရသည်။

ဂီယာနှစ်ခုချိတ်ဆက်ထားပြိး အလုပ်လုပ်ခိုင်းရာ၌ လည်ပတ်နှုန်းပြောင်းလဲမှုကို ခွေးသွားစိပ် အရေအတွက်တို့က ဖန်တီးပေးသည်။ တွက်ချက်ရလွယ်ကူစေရန် ခွေးသွားစိပ်ရေ ၂၀ နှင့် ၁၀ အသီးသီးရှိသော ဂီယာနှစ်ခုဖြင့်

စဉ်းစားကြည့်မည်။

ခွေးသွားစိပ် အရေအတွက်တို့ကို အချိုးချကြည့်ပါက ၂း၁ ရှိသဖြင့် ခွေးသွားစိပ် ၂၀ ခုရှိသော ဂီယာကို ၁ ပတ်တိတိ လှည့်လိုက်ပါက ခွေးသွားစိပ် ၁၀ ခုရှိသော ဂီယာသည် ၂ ပတ်လည်သွားမည်ဖြစ်သည်။

ထိုသို့ ပတ်ရေတိုးသွားခြင်းကို gearing up (ဂီယာတိုးသည်) ဟု ပြောဆိုကြသည်။ အကယ်၍ ခွေးသွားစိပ် ၁၀ ခုရှိသော ဂီယာသည် လှည့်ပေးသည့်ဘက်မှဖြစ်ပြီး ခွေးသွားစိပ် ၂၀ ခုရှိသော ဂီယာသည် အလှည့်ခံသည့်ဘက်မှ

ဖြစ်ပါက ခွေးသွားစိပ် ၁၀ ခုရှိသည့် ဂီယာကို ၂ ပတ်လှည့်မှ ခွေးသွားစိပ် ၂၀ ခုရှိသည့် ဂီယာသည် ၁ ပတ်လည်မည်ဖြစ်ပါသည်။ ထိုသို့ အပတ်ရေလျှော့သွားခြင်းကို gear down (ဂီယာလျော့သည်) ဟု ပြောဆိုကြသည်။

ဂီယာသည် အနားသတ်တွင် ခွေးသွားစိပ်များ ရှိနေသည့် ဘီးပြားဝိုင်းဖြစ်ပြီး အရိုးစင်းဆုံးခွေးသွားတွင် ထောင်လိုက်အတည့်ဖြစ်ပြီး spur gear ဟု ခေါ်ဝေါ်သည်။ တစ်နည်းအားဖြင့် ခွေးသွားစိပ်သည် လည်နေသည့် ဝင်ရိုးနှင့်

မျဥ်းပြိုင်တည်ရှိသည်။ ချိတ်ဆက်လည်ပတ်ရာ၌ ညက်ညောမှုရှိရန်အတွက် ခွေးသွားစိပ်တို့ကို ခပ်စောင်းစောင်းလုပ်ပေးထားသော ဂီယာကို helical gear ဟု ခေါ်ဝေါ်ပါသည်။ ဂီယာအသွားများ ထိတွေ့မှုညင်သာသဖြင့်

အသံလည်း ငြိမ်သည်။ အကယ်၍ အသွားမာျးကို ၄၅ ဒီဂရီ စောင်းထားမည်ဆိုလျှင် တစ်ခုကို အလျားလိုက်ထားပြီး ကျန်တစ်ခုကို ထောင်လိုက်ထားလျှင် ချိတ်ဆက်ပေးနိုင်သည့် အကျိုးကျေးဇူးရှိပေသည်။

ကားတွင် ဂီယာလေးချက်၊ ငါးချက်ပါသည်ဆိုခြင်းမှာ ဂီယာ ၄ ခု၊ ၅ ခု ပါခြင်းကိုဆိုလိုခြင်းမဟုတ်ဘဲ လှည့်သည့်ဂီယာနှင့် အလှည့်ခံ ဂီယာများ၏ ခွေးသွားစိပ် အရေအတွက်များ၏ အချိုးများ ၄ မျိုး ၊ ၅ မျိုး ရှိနေခြင်းကို

ဆိုလိုခြင်းဖြစ်ပါသည်။

ဂီယာများထည့်ထားသဖြင့် ဂီယာသေတ္တာ သို့မဟုတ် ဂီယာဘောက်စ်ဟု ခေါ်ဝေါ်ကြရာ၌ ၎င်း၏ အလုပ်သည် အင်ဂျင်မှ ထုတ်ပေးသော ပါဝါဖြင့် ဘီးများ အဆင်ပြေပြေဖြင့် လည်ပတ်နိုင်စေရန် လုပ်ပေးရသည်။

ထိုသို့ လုပ်ကိုင်ပေးရာတွင် ရုန်းအားကိုလိုအပ်သော အခြေအနေရှိသကဲ့သို့ ပြေးအားကို လိုချင်သော အခြေအနေလည်းရှိပေသည်။ ထို့အပြင် မီးပွိုင့်ကဲ့သို့ နေရာမျိုးတါင် စက်မသတ်ဘဲ ကားရပ်ရန်လည်း လိုအပ်သည့်

အင်ဂျင်သာလည်နေပြီး ဘီးမလည်သော အခြေအနေမျိုးဖြစ်သည်။

ထိုသို့သော အခြေအနေအမျိုးမျိုးအတွက် ဂီယာအမျိုးမျိုးကို အသုံးပြုရသည်။ ဂီယာတို့ကို ပြောင်းလဲအသုံးပြုပေးရန်အတွက် ယာဉ်မောင်းသူမှ ဂီယာထိုးပေးရသည်။

အထက်တွင်ဖော်ပြသည့် အကြောင်းအရာများသည် ကားရှေ့သို့မောင်းနှင်လျှင် ထိုးရသော ဂီယာများသည်။ ကားသည်တစ်ခါတစ်ရံ၌ နောက်ဆုတ်ရသည့် အခြေအနေမျိုးလည်း ရှိပေသည်။ နောက်ဆုတ်လိုသဖြင့် အင်ဂျင်ကို

 ပြောင်းပြန်လည်ခိုင်းရန်မဖြစ်နိုင်ပေ။ ထိုသို့ ရှေ့မတိုးဘဲ နောက်ဆုတ်ရသည့်အခြေအနေမျိုးများအတွက်လည်း ဂီယာကို သီးသန့်ထားရှိပေးထားသည်။

ရှေ့သို့ သွားသည့်အခါ၌ သုံစွဲသော ဂီယာနှင့် ကွဲပြားချက်မှာ ဘီးနှင့် ဆက်သွယ်မည့် ရှပ်ပေါ်ရှိ အလှည့်ခံဂီယာနှင့် အင်ဂျင်မှလာသော ရှပ်ပေါ်ရှိ လှည့်ပေးမည့် ဂီယာများကြားတွင် လည်သည့်လားရာကို ပြောင်းပြန်ဖြစ်သွားစေရန်

ပြုပေးသည့် ဂီယာတစ်တုံကို ကြားခံဂီယာအဖြစ် ထည့်သွင်းအသုံးပြုခြင်းဖြစ်သည်။ ဂီယာထိုးတံပေါ်တွင် R ဖြင့် သင်္ကေတပြုရာ၌ နောက်ပြန် Reverse ကို ဆိုလိုခြင်းဖြစ်သည်။

ထိုဂီယာဖြင့် မောင်းနှင်သည့်အခါ ကားမှ နောက်ဖက် Back သို့ ရွေ့သဖြင့် ဘက်ဂီယာဟု မြန်မာကားလောကတွင် ပြောဆိုကြပါသည်။ သို့သော် ဘက်ဂီယာကို B ဘီဖြင့်မဖော်ပြဘဲ R အာဖြင့်ဖော်ပြထားသည်ကို သတိပြုရပေမည်။

Read 6665 times