Gaikindo အင်ဒိုနီးရှား နိုင်ငံတကာ ကားပြပွဲ


Gaikindo အင်ဒိုနီးရှား နိုင်ငံတကာ ကားပြပွဲ
 

Gaikindo Indonesia International Auto Show မှာ ၄ဘီးယာဉ် brand ၂၅ ခုတို့က အိမ်စီးကားမော်ဒယ် ၂၁ မျိုး၊ လုပ်ငန်းသုံးကားမော်ဒယ် ၄ မျိုး ပြသကြပါမယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ ဆင်ခြေဖုံးမှာ ပြသတဲ့ Gaikindo Indonesia International Auto Show ကို ကြာသပတေးနေ့(ဩဂုတ် ၁၂) မှာ စတင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း Association of Indonesian Automotive Manufacturers (Gaikindo) မှ ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။

 

Gaikindo ကားပြပွဲမှာ ဂျပန်မှ   Toyota, Honda, Mitsubishi, Nissan, Mazda, Subaru, Suzuki တို့ ပါဝင်ပြသခဲ့ကြပါတယ်။ 

လက်ရှိအနေအထားမှာ အရှေ့တောင်အာရှ ကားရောင်းအားရဲ့ ၈၀% ကို ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများက ဈေးကွက်ဝေစု ရရှိထားပါတယ်။

Toyota Astra Motor မှ ဒုဥက္ကဋ္ဌ Henry Tanoto က အင်ဒိုနီးရှား ကားဈေးကွက် အီးဗီသို့ ကူးပြောင်းနေတဲ့ စပ်ကူးမတ်ကူးကာလမှာ Toyota က ဟိုက်ဘရစ်၊ ပလပ်ထိုး ဟိုက်ဘရစ်နှင့် ဘက်ထရီ မော်ဒယ်များ ရောင်းချပေးမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ 

 

 

လူဦးရေ သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားတွင်  ၂၀၂၅ မှာ  ကားအသစ်ရောင်းချစီးရေ စုစုပေါင်း၏ ၂၀% က  လျှပ်စစ်ကားများဖြစ်နေဖို့  စက်မှုဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။ 

ပြခန်းကြမ်းခင်းဧရိယာအရ ကြည့်လျှင် ယခုနှစ် Gaikindo ကားပြပွဲမှာ Toyota ရဲ့ ပြခန်းက အကျယ်ဆုံးဖြစ်ပြီး တောင်ကိုရီးယားမှ Hyundai     က ဒုတိယအကျယ်ဆုံး ဖြစ်ပါတယ်။

Toyota အလုပ်အမှုဆောင်တစ်ဦးက ကုမ္ပဏီအနေဖြင့်  အင်ဒိုနီးရှားဈေးကွက်ကို အနီးကပ် စောင့်ကြည့်နေကြောင်း Nikkei Asia သို့ ပြောကြားခဲ့ပါတယ်။  "ကျွန်‌ေတာ်တို့ အင်ဒိုနီးရှားမှာ အီးဗီ အမျိုးအစားများကို တိုးမြှင့်ပြီး ရောင်းချပါမယ်။ စျေးကွက်အခြေအနေအရ  ပြည်တွင်းထုတ်လုပ်မှုကို ထည့်သွင်းစဉ်းစားမယ်" လို့ ပြောကြားပါတယ်။   ပြပွဲတွင်ပြသထားတဲ့ Lexus စည်းစိမ်ကားများအားလုံးဟာ လျှပ်စစ် သို့မဟုတ် ဟိုက်ဘရစ်ပုံစံတစ်မျိုးမျိုးဖြစ်ကြောင်းလည်း သူက ပြောကြားပါတယ်။

 

တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်ကြတဲ့ Wuling Motors, DFSK , Chery တို့ Gaikindo ပြပွဲမှာ ပါဝင်ပြသကြပါတယ်။

#MyanmarAutomobileGuide 

 Telegram Channel https://t.me/Guid4U

Source: Nikkei Asia

Read 335 times