အက္ခရာ (ဃ)ကားများနှင့် စပ်လျဉ်းသည့် သတင်းသည် သတင်းမှားသာဖြစ်


အက္ခရာ (ဃ)ကားများနှင့် စပ်လျဉ်းသည့် သတင်းသည် သတင်းမှားသာဖြစ်

 (၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်) ရက်စွဲဖြင့်  မော်တော်ယဉ်နှင့် စက်မှူဆိုင်ရာ ဌာနများအား ပြဌာန်းခြင်းဟု ခေါင်းစီးတပ်ကာ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ မှ အမိန့်အမှတ် (၃၇၈/ ၂၀၂၂) အား ထုတ်ပြန်လိုက်သည်။ model ( ၂၀၀၃) နှစ်အောက်အက္ခရာ (ဃ) တန်းအထိမည်သည့် ကားအမျိုးအစားကိုမဆို အပ်ကားစာရင်းနှင့် ဖျက်သိမ်းခြင်း ပြုမပြုကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ လဆန်းပိုင်း နောက်တွင် ပြန်လည်စိစစ် သုံးသပ်သွားမည်။" ဟု ဖော်ပြထားသည့် အမိန့်စာသည် အတုသာဖြစ်ကြောင်း ကညန (ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန) မှ အသိပေးကြေညာထားပါသည်။

 



 

မှတ်ပုံတင်ထားမှုမရှိတော့ပါ။ သို့ဖြစ်ပါ၍ ဖော်ပြချက်မှာ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ပါသည်။ ယာဉ်ပိုင်ရှင်များအနေနှင့် စိတ်ချမ်းသာစွာဖြင့် မှတ်ပုံတင်ထားသည့်ယာဉ်များအား ဆန္ဒအလျောက် အသုံးပြုနိုင်ပါကြောင်းနှင့် ဖော်ပြပါစာမှာ သတင်းတု၊ သတင်းမှားသာဖြစ်ပါကြောင်း အသိပေး အပ်ပါသည်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Read 2383 times