GAC-Toyota အီးဗီစစ်စစ် SUV မော်ဒယ် Bozhi 4X   အရောင်းပြခန်းများသို့ စတင်ပေးပို့


GAC-Toyota အီးဗီစစ်စစ် SUV မော်ဒယ် Bozhi 4X   အရောင်းပြခန်းများသို့ စတင်ပေးပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အီးဗီစစ်စစ် SUV မော်ဒယ် Bozhi 4X ကို  တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်က စတင်ရောင်းချခဲ့ပြီး ဈေးနှုန်းမှာ ယွမ် ၁၇၉,၈၀၀ မှ ၂၃၈,၈၀၀ (အမေရိကန်ဒေါ်လာ ၂၅,၂၀၀ မှ ၃၃,၅၀၀) ကြား ရှိသည်။

ဗားရှင်း ၄ မျိုး ထုတ်လုပ်ထားသည်။ ဗားရှင်းတိုင်းမှာ မော်တာ တလုံး နှင့် မော်တာ နှစ်လုံး ၂မျိုး ထုတ်လုပ်သည်။ 
Bozhi 4X သည် ယခင်ထုတ်လုပ်ခဲ့သည့် bZ4X မော်ဒယ်ကို အဆင့်မြှင့်ပေးထားခြင်း ဖြစ်သည်။

Bozhi (铂智) သည် တရုတ်ပြည်မှ GAC-Toyota ဖက်စပ်လုပ်ငန်း၏ စွမ်းအင်သစ် မော်တော်ယာဉ် အမှတ်တံဆိပ် ဖြစ်သည်။

4X သည် Bozhi ၏ ပထမဆုံး မော်ဒယ်ဖြစ်သည်။

4X ကို e-TNGA (Toyota New Global Architecture)  ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားသည်။ 

 


အလယ်အလတ် အရွယ်အစား SUV ဖြစ်သည်။
• အလျား 4690 mm
• အကျယ် 1860 mm
• အမြင့် 1650 mm
• ခါးအလျား 2850 mm

 


66.7 kWh ဘက်ထရီထုပ် သုံးစွဲထားပြီး ၃၀% မှ ၈၀% သို့ အားသွင်းရန် မိနစ် ၃၀ ကြာသည်။
ခရီးတာ ၆၁၅ ကီလိုမီတာ သွားနိုင်သည်။

 

 


Source: GAC-Toyota, PCAuto
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2032 times