GAC Mitsubishi ဖက်စပ်လုပ်ငန်း ရောင်းအားကျဆင်းသဖြင့် ထုတ်လုပ်မှု ရပ်ဆိုင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံမှ Guangzhou Automobile Group (GAC) နှင့် ဂျပန်နိုင်ငံမှ Mitsubishi တို့၏ ဖက်စပ်လုပ်ငန်းသည် နှစ်အတန်ကြာ ရောင်းအားကျဆင်းလာပြီးနောက် ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းထားလိုက်ပြီး လုပ်သားအင်အား စတင်လျှော့ချခဲ့သည်။
တရုတ်နိုင်ငံမှ ကားဝယ်စီးသူများသည် အစဉ်အလာ ဓာတ်ဆီကားများ အဝယ်နည်းပြီး လျှပ်စစ်ကားနှင့် ဟိုက်ဘရစ်ကားများ အဝယ်များကြသဖြင့် ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီကားများ ရောင်းအားကျဆင်းခဲ့သည်။
အဆိုပါ GAC Mitsubishi ဖက်စပ်လုပ်ငန်းတွင် GAC ၅၀% ၊ Mitsubishi Motors ၃၀% ၊ Mitsubishi Corp. ၂၀% ပါဝင်ထားသည်။
ဝန်ထမ်းများထံ ပေးပို့သည့် စက်ရုံ ရပ်ဆိုင်းကြောင်း အသိပေးစာတွင် မည်မျှကြာကြာ ရပ်ထားမည် မဖော်ပြထားပေ။ ဝန်ထမ်းမည်မျှ လျှော့ချမည်၊ လျှော့ချမည့် အစီအစဉ်တို့ကိုလည်း မဖော်ပြထားပေ။
၂၀၂၂ ခုနှစ် နှစ်ကုန်တွင် GAC Mitsubishi ဖက်စပ်လုပ်ငန်းတွင် ဝန်ထမ်းအင်အား ၂,၇၀၀ ရှိသည်။
GAC Mitsubishi သည် ၂၀၁၈ ခုနှစ်တွင် ရောင်းအား အကောင်းဆုံး အခြေအနေ ရရှိခဲ့စဉ်က တစ်နှစ်တာရောင်းအား ၁၄၄,၀၁၈ စီး ရှိခဲ့သည်။
ထုတ်လုပ်မှု ၂ ဆတိုးရန် ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်လျှင် စီးရေ ၂ သိန်းအထိ ထုတ်လုပ်နိုင်အောင် တိုးချဲ့ခဲ့သည်။
ထိုနောက်ပိုင်း ရောင်းအား ဆက်တိုက်ကျဆင်းခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ၃၃,၅၇၉ စီးမျှသာ ရောင်းအား ရှိခဲ့သည်။ ရောင်းအား ကျသဖြင့် ကားများ လျှော့ထုတ်ရသည်။ စက်ရုံ ထုတ်လုပ်နိုင်စွမ်း၏ ၂၀% ကိုသာ အသုံးပြုနိုင်သည်။
မတ်လတွင် GAC Mitsubishi သည် ၃,၉၆၉ စီး ရောင်းချခဲ့ပြီး အစီးရေ ၃,၃၆၈ စီး ထုတ်လုပ်ခဲ့သည်အထိ လျော့ကျနေခဲ့သည်။
GAC နှင့် Toyota Motor ဖက်စပ်လုပ်ငန်း၊ GAC နှင့် Honda Motor ဖက်စပ်လုပ်ငန်းတို့သည် ၂၀၂၂ ခုနှစ်တွင် အစီးရေ စုစုပေါင်း ၁.၇ သန်းကျော် ရောင်းအား ရရှိခဲ့သည်။
Source Asia nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U