ကြံ့ခိုင်မှုအသားပေးကိုယ်ထည်နှင့်မြန်မာပြည်ရောက် GAC-GS8


GS8ကိုတရုတ်နိုင်ငံတွင်ထုတ်လုပ်ထားသော်လည်းသူ၏ဒီဇိုင်းနှင့်ရုပ်ထွက်မှာဥရောပဆန်ပါသည်။

Flying Dynamic Designနှင့်တည်ဆောက်ထားသည့်ရှေ့ရှဲလ်သည် လှပဆန်းသစ်မှုနှင့်အတူလေခွင်းအား ကောင်းမွန်စေမည်ဖြစ်ပါသည်။

ရှေ့မီးခွက်တွင် LED မီးများအသုံးပြုထားပြီး DTRL နေ့လင်းမီးများကိုပါထည့်သွင်းထားပါသည်။

ကားခေါင်မိုးမှာသဘာဝအတိုင်းခံစားမောင်းနှင်စေရန် Panoramic Sunroof ကိုလည်းတပ်ဆင်ထားသည့်အပြင် Shark Antenna နှင့် Luggage Rack များကိုလည်းတပ်ဆင်ပေးထားပါသည်။

အတွင်းခန်းကို Premium Grade Option များနှင့်ဇိမ်ကျကျစီးနင်းနိုင်အောင်စီမံပေးထားပါသည်။

ထိုင်ခုံများကို သြစတြေးလျကသားရေအစစ်များနှင့်ပြုလုပ်ထားပြီး ယာဉ်မောင်းထိုင်ခုံများအတွက်ပုံစံခြောက်မျိုး နှင့်ရှေ့ Passenger ထိုင်ခုံအတွက်ပုံစံလေးမျိုးတို့ကို Power Adjust နှင့်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဖျော်ဖြေရေးနှင့်သတင်းအချက်အလက်အတွက် Harman Top-level Entertainment System၊ စပီကာ ၁၀ လုံး၊ Bluetooth Connective၊ Trip Computer နှင့်ခုနှစ်လက်မ Touch Screen တို့ကိုတပ်ဆင်ထားပါသည်။

GS8 တွင်အသုံးပြုထားသည့်အင်ဂျင်မှာအမေရိကန်ကားစက်ပစ္စည်းကုမ္ပဏီ BorgWarner မှထုတ်လုပ်ထားသည့် 2.0L တာဘိုအင်ဂျင်ဖြစ်ပါသည်။

2WD ကားအမျိုးအစားဖြစ်ပြီး မြင်းကောင်ရေနှစ်ရာအားနှင့်တွန်းအား 342Nmရှိသောကြောင့်ပျမ်းမျှအားဖြင့် ကီလိုမီတာတစ်ရာကို ဆီ ၆ ဒသမ ၃ လီတာသာကုန်ကျမည်ဖြစ်ပါသည်။

ဂီယာကိုဂျပန်နိုင်ငံ Aisin မှ 6 Speed Auto ဂီယာအသုံးပြုထားပါသည်။

GS8 တွင်မောင်းနှင်မှုပုံစံများအနေဖြင့် Sandy,Muddy,Snowy,Intelligent Auto, Sports နှင့် Eco Mode အစရှိသည့်မောင်းနှင်မှုပုံစံခြောက်မျိုးကိုရွေးချယ်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

GS8 ၏လုံခြုံမှုအပိုင်းတွင် C-NCAP ကြယ်ငါးပွင့်ရရှိထားသည့်ကားတစ်စီးဖြစ်ပါသည်။

ယင်းကားတွင် Electronic Stability Program,Hill Hold control, Hill Decent Control, ခေတ်မီ ၃၆၀ ဒီဂရီပါက်ကင်မရာ၊ အသက်ကယ်လေအိတ် ၁၀ လုံးတို့ကိုတပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် GS8 ၏ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၅၈၈၈၈ ဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့်ငါးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့်သုံးနှစ်အခမဲ့ဝန်ဆောင်မှုများပေးထားပါသည်။

 

Read 5838 times