GAC Aion နိုင်ငံတကာသို့ ပထမဆုံးအသုတ် စတင် တင်ပို့


GAC Aion နိုင်ငံတကာသို့ ပထမဆုံးအသုတ် စတင် တင်ပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်နိုင်ငံမှ GAC Group ၏ လုပ်ငန်းခွဲဖြစ်သော GAC Aion သည် ပြည်ပသို့ ကားတင်ပို့သည့် ပထမဆုံးအသုတ်ကို စတင်တင်ပို့နေပြီဖြစ်သည်။ ဇွန်လကုန်က ထိုင်းဈေးကွက်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယခုအခါ ထိုင်းသို့ အီးဗီများ စတင် တင်ပို့သည်။

ဩဂုတ်လ ၂၁ ရက်နေ့တွင် GAC Aion ၏ပထမဆုံးအသုတ် တင်ပို့သောယာဉ်များဖြစ်သည့် Aion Y Plus အစီးရေ ၁၀၀ ကို Guangzhou ၏ Nansha ဆိပ်ကမ်းရှိ သင်္ဘောပေါ်သို့ တင်ဆောင်ခဲ့သည်။ ထိုင်းနိုင်ငံ လန်ချာဘန်ဆိပ်ကမ်းသို့ ပို့ဆောင်မည် ဖြစ်သည်။


၎င်းပထမဆုံးအသုတ်သည် GAC Aion ၏ ပြည်ပဈေးကွက်သို့ မော်တော်ယာဉ်များ ပထမဆုံး တင်ပို့ရောင်းချမှုဖြစ်သဖြင့် ၎င်း၏ နိုင်ငံတကာ ကားလုပ်ငန်းအဖြစ်သို့ အသွင်ကူးပြောင်းရေး ခရီးစဉ်တွင် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်သည်ဟု ကုမ္ပဏီက ပြောကြားသည်။


Aion Y Plus ယာဉ်များသည် ထိုင်းဈေးကွက်အတွက် အထူးထုတ်လုပ်ထားသည့် GAC Aion ၏ ယာစတီယာရင်ဗားရှင်းဖြစ်သည်။ ထိုင်း ပို့ဆောင်ရေးအာဏာပိုင်တို့ထံမှ အတည်ပြု ခွင့်ပြုလက်မှတ် ရယူထားသည်ဟု ကုမ္ပဏီက ပြောကြားသည်။

GAC Aion က ထိုင်းနိုင်ငံတွင် ၎င်း၏ အရှေ့တောင်အာရှ ရုံးချုပ်ကို ယခုနှစ်အတွင်း ထားရှိမည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင် အီးဗီများ ထုတ်လုပ်ရန်အတွက်လည်း စီစဉ်နေသည်။

ဇွန်လ ၂၈ ရက်နေ့တွင် GAC Aion သည် ထိုင်းဈေးကွက်သို့ ဝင်ရောက်ရန် ထိုင်းဖြန့်ဖြူးသူနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

GAC Aion သည် တရုတ်နိုင်ငံတွင် အရောင်းရဆုံး အီးဗီ အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်ပြီး ဇူလိုင်လတွင် ကားအစီးရေ ၄၅,၀၂၅ စီး ရောင်းချနိုင်ခဲ့သည်။ အစီးရေ ၄ သောင်းကျော် ရောင်းချနိုင်ခဲ့သည်မှာ ၄ လဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ GAC Aion သည် ကားအစီးရေ ၂၅၆၃၆၁ စီး ရောင်းချခဲ့ပါသည်။

Source cnevpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 349 times