GAC Aion ကားစက်ရုံ ဆောက်လုပ်ရေး စတင်


GAC Aion ကားစက်ရုံ ဆောက်လုပ်ရေး စတင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

GAC Aion သည် ထိုင်းနိုင်ငံ ရယောင်းပြည်နယ်ရှိ ရယောင်း စက်မှုဥယျာဉ်တွင် ကားစက်ရုံ စီမံကိန်းကို စတင်တည်ဆောက်ကြောင်း တရားဝင်ကြေညာပါသည်။

 

၎င်းစက်ရုံသည် GAC Aion ၏ ပထမဆုံး ပင်လယ်ရပ်ခြားစက်ရုံ ဖြစ်ပါသည်။ 

စက်ရုံအတွက် ဘတ် ၂.၃ ဘီလီယံ (ကန်ဒေါ်လာ ၆၄.၈ သန်း) ရင်းနှီးမြှုပ်နှံပါသည်။ 

အနည်းဆုံး ရင်းနှီးမြှုပ်နှံ၊ အမြန်ဆုံး ထုတ်လုပ်၊ ပြောင်းလဲတိုးတက်ဟူသည့် အခြေခံမူများအရ စက်ရုံကို အကောင်အထည်ဖော်ပါသည်။ 

 

စက်ရုံသည် တနှစ်လျှင် အစီးရေ ၅ သောင်း ထုတ်လုပ်နိုင်မည့် ၎င်းစက်ရုံကို အဆင့် နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်ပါသည်။ ပထမအဆင့်သည် ယခုနှစ်နှင့် ဇူလိုင်လတွင် ပြီးစီးရန် လျာထားပါသည်။

Aion Y Plus  မော်ဒယ်ကို အရင်ဆုံး ထုတ်လုပ်မည် ဖြစ်ပါသည်။ 

 

GAC Aion သည် ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ၂၀၂၅ ခုနှစ်တွင် အစီးရေ ၁ သန်း ထုတ်လုပ်ရောင်းချနိုင်ရန် ရည်မှန်းချက် ချမှတ်ထားပါသည်။ 

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် GAC Aion သည် 40th Thailand International Motor Expo တွင် မော်တော်ယာဉ် မော်ဒယ်ငါးခုနှင့် အီးဗီ နည်းပညာများကို ပြသခဲ့ပါသည်။

 

Source: Aion; iTHome; RoyalFlush


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 310 times