GAC Aion စီးရေ တစ်သန်းပြည့်ရန် ကမ္ဘာ့အမြန်ဆုံး  အမှတ်တံဆိပ် ဖြစ်လာ


GAC Aion စီးရေ တစ်သန်းပြည့်ရန် ကမ္ဘာ့အမြန်ဆုံး  အမှတ်တံဆိပ် ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် GAC Aion သည် ကားအစီးရေ ၁ သန်းမြောက်ကို ထုတ်လုပ်ကြောင်းကြေညာခဲ့သည်။


အစီးရေ ၁ သန်းမြောက်ကားမှာ Hyper HT SUV လျှပ်စစ်ကား ဖြစ်သည်။ 
GAC Aion ၏ ပထမဆုံးကားကို ထုတ်လုပ်ခဲ့ပြီး ၄ နှစ် ၈ လအကြာတွင် အစီးရေ ၁ သန်းမြောက်ကားကို ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။
GAC Aion သည် စွမ်းအင်သစ်သုံး မော်တော်ယာဉ် အမှတ်တံဆိပ်များတွင် အစီးရေ တစ်သန်းပြည့်ရန် ကမ္ဘာ့အမြန်ဆုံး  အမှတ်တံဆိပ် ဖြစ်သည့်အပြင် ကားအမှတ်တံဆိပ်များ အားလုံးထဲတွင်လည်း အစီးရေ တစ်သန်းပြည့်ရန် ကမ္ဘာ့အမြန်ဆုံး  အမှတ်တံဆိပ် ဖြစ်ပါသည်။

မော်တော်ယာဉ် ထုတ်လုပ်မှု အစီးရေ ၁ သန်းပြည့်ရန် ကြာမြင့်သည့်ကာလများကို ကြည့်လျှင် 
• GAC Aion ၄ နှစ် ၈ လ
• SGMW ၅ နှစ်
• Dongfeng-Nissan ၅ နှစ် ၃ လ
• Lynk & Co ၆ နှစ်
• Tesla ၁၂ နှစ်
• BYD ၁၃ နှစ် 

Guangzhou Automobile Group Co., Ltd. (GAC Group) သည် တရုတ်အစိုးရပိုင် လုပ်ငန်းစုဖြစ်ပါသည်။
GAC Group က နောင်တချိန်တွင် GAC Aion ဖြစ်လာမည့် GAC New Energy ကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် GAC Aion ဟု အမည်ပြောင်းသည်။ 
လက်ရှိတွင် GAC Aion မှာ စမတ်ကားစက်ရုံ ၂ ရုံ ရှိပြီး တတိယစက်ရုံမှာ ၂၀၂၄ ဇွန်လတွင် စတင်လည်ပတ်မည် ဖြစ်သည်။ 
၎င်းစက်ရုံ အပြည့်အဝ လည်ပတ်နိုင်သည့်အခါ စက်ရုံ ၃ ရုံ စုစုပေါင်း တစ်နှစ်လျှင် ကား အစီးရေ ၈ သိန်းအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

GAC Aion သည် အချိန်တိုတိုဖြင့် စီးရေ ၁ သန်း ပြည့်သွားသည်မှာ ရောင်းအား ကောင်းခဲ့ခြင်းသည် အကြောင်း တချက်ဖြစ်ပါသည်။ တနှစ်ထက် တစ်နှစ် ၂ ဆ နီးပါး မြင့်တက်ခဲ့သည်။ 

GAC Aion တွင် အမှတ်တံဆိပ် Aion အပြင် အမှတ်တံဆိပ် Hyper လည်း ရှိပါသည်။ 
Hyper တွင် Hyper SSR, Hyper GT, Hyper HT မော်ဒယ် ၃ မျိုး ထုတ်လုပ်သည်။ 

ယခုနှစ်တွင် နိုဝင်ဘာလအထိ ၁၁ လတာအတွင်း  GAC Aion ၏ အမှတ်တံဆိပ်များ စုစုပေါင်းရောင်းအားမှာ အစီးရေ ၄၃၄,၀၅၆ ဖြစ်ပါသည်။ 


GAC Aion သည် ၂၀၂၅ ခုနှစ်တွင် တနှစ်လျှင် အစီးရေ ၁ သန်း ထုတ်လုပ်နိုင်ရန်နှင့် ရောင်းချနိုင်ရန် ရည်မှန်းချက်ထားရှိပါသည်။
တရုတ်ပြည်တွင်းဈေးကွက်တွင် စွမ်းအင်သစ်သုံးကားများ ပြည့်လျှံနေပြီ ဖြစ်သဖြင့် GAC Aion သည် ပင်လယ်ရပ်ခြား ဈေးကွက်များသို့ ချဲ့ထွင်ပါသည်။ 
၂၀၂၃ ဇွန်လတွင် ထိုင်းဈေးကွက်အတွက် ထိုင်းမှ ကားအရောင်းကိုယ်စားလှယ်လုပ်ငန်း Jinhui နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါသည်။ 
ထိုင်းဈေးကွက်အတွက် Aion Y Plus ကို ထုတ်လုပ်ပါသည်။
ကမ္ဘောဒီးယားတွင်လည်း  Aion Y Plus ကို စတင်ရောင်းချပါသည်။ 
လက်ရှိတွင် GAC Aion သည် အစီးရေ ၃,၅၀၀ ပြည်ပသို့ တင်ပို့ခဲ့ပြီး ဖြစ်ပါသည်။

Source: GAC Aion
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1378 times