ယင်းကားအမျိုးအစားမှာ တရုတ်နိုင်ငံတွင် တပ်ဆင်ထားလုပ်ထားပြီး GAC Motor ထုတ်ကားပင်ဖြစ်ပါသည်။
ထိုကားသည် ၂၀၁၇ မိုဒယ်၊ဆီဒန်ကားအမျိုးအစားဖြစ်ကြောင်းသိရသည်။
GA 6၏ ရှေ့မျက်နှာပြင် Grille ဒီဇိုင်းကို Flying Dynamic ၊ ပျံသန်းနေသော ငှက်တစ်ကောင်ပုံစံ ဖန်တီးထားပါသည်။
ရှေ့မျက်နှာစာတစ်ဖက်တစ်ချက်မှာ လင်းအားကောင်းမွန်သော HID ရှေ့မီးကြီးများနှင့် အတူ DRL မီးများကိုပါ ထည့်သွင်းတပ်ဆင်ထားသောကြောင့် နေ့ခင်းဘက်တွင်မှာပါ ကားကိုမြင်သာနေစေမည်ဖြစ်ကြောင်းသိရသည်။
ကိုယ်ထည်ဒီဇိုင်းမှာလည်း Light and Sculpture 2.0 တည်ဆောက်မှုပုံစံကြောင့် လှပသောကိုယ်ထည် ကောက်ကြောင်းများနှင့် စတိုင်ကျလှပနေပါသည်။
ကား၏ အတွင်းပိုင်းမှာ ပြင်ပမှလေတိုးသံ၊ အင်ဂျင်ဆူညံသံ၊ ကိုယ်ထည် တုန်ခါခြင်းများကို နည်းပါးအောင်တည်ဆောက်ပေးထားပါသည်။
ရှေ့ခန်းထိုင်ခုံတွေမှာ ခါးကိုထိခိုက်မှုကာကွယ်ပေးသော Lumbar Support စနစ်ပါဝင်ပြီး ပါဝါနှင့် ပုံစံခြောက်မျိုးပြောင်းလဲအသုံးပြုနိုင်ပါသည်။
စတီယာရင်မှာ Multi-functional စနစ်များပါဝင်ပြီး ယာဉ်တစ်စီးလုံး၏ အချက်အလက်များကို Trip Computer ပါဝင်သော Colour LCD Gauge များကရှင်းရှင်းလင်းလင်းဖော်ပြပေးမည်ဖြစ်ပါသည်။
ကား၏ အတွင်းခန်းအပူချိန်ကို ထိန်းချုပ်ပေးနိုင်ရန် Dual-zone Automatic Air Conditioning စနစ်ကိုအသုံးပြုထားပါသည်။
ကား၏ နောက်ခန်း Luggage Space မှာ လီတာငါးရာဝင်ဆံ့မည်ဖြစ်ပါသည်။
၂၀၁၇ မိုဒယ် GA6 မှာ 1.8L Turbo ဓာတ်ဆီအင်ဂျင်ကိုအသုံးပြုထားပြီး 2WD ကားအမျိုးအစာဖြစ်ပါသည်။၏
စွမ်းဆောင်ရည်မှာ အင်ဂျင်တစ်မိနစ်လည်ပတ်အား 5250rpm တွင်မြင်းကောင်ရေ 177 ကောင်အားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဂီယာမှာ 7-Speed DCT ဂီယာကိုအသုံးပြုထားပါသည်။
လုံခြုံရေးစနစ်အနေဖြင့် အသက်ကယ်လေအိတ်ခြောက်လုံး၊ Tire Pressure Monitoring System၊ ယာဉ်တစ်စီးလုံးကို ရေဒါမှအဆက်မပြတ်ထောက်လှမ်းပေးနိုင်ပြီး အရာဝတ္တုတစ်ခုခုကို ထိခိုက်မိမည်ဆိုပါက အချက်ပြပေးနိုင်သည့် Front Collision Warnig System၊ Lane Departure Warning System ၊ Blind Spot Monitoring System များကိုတပ်ဆင်ထားပါသည်။
ထို့ပြင်ဘရိတ်အထောက်အကူပြုစနစ်များဖြစ်သည့် ABS နှင့် EBD စနစ်နှင့် လုံခြုံရေးကို အကောင်းဆုံး အထောက်အပံ့ပေးထားပါသည်။
၂၀၁၇ မိုဒယ်GA 6 ကားသစ်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၈,၈၈၈ ဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် ငါးနှစ်(သို့မဟုတ်) ကီလိုတစ်သိန်း အာမခံပေးထားသည့်အပြင် အချိန်သုံးနှစ် (သို့မဟုတ်) ကီလိုခြောက်သောင်း၊ Free Maintenance Service ပါထပ်ပြီး ပေးထားကြောင်းသိရသည်။
ထိုကာလအတွင်း Engine Oil,Engine Oil Filter, Air-con Filter, Air-Filter နှင့် Oil Filter များကိုလည်း GAC မှဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။