GAC မှ အသစ်ထုတ်လုပ်ထားသော GA 4 ကားအကြောင်း


တရုတ်အခြေစိုက် GAC ကားကုမ္ပဏီက ထုတ်လုပ်ခဲ့ အသစ်စက်စက် ၂၀၁၈ မော်ဒယ်လ် GA4 ဆီဒင်ကားအမျိုးအစားကို ခေတ်မီနည်းပညာတွေ၊ ဆန်းသစ်လှပတဲ့ ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ကာ အသစ်ထပ်မံ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

၂၀၁၈ မော်ဒယ်လ် GA 4 ကားအသစ်ရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၉,၈၈၈ ရှိပါတယ်။ GAC ကားတွေကို ထုတ်လုပ်သူ အာမခံ ငါးနှစ် သို့မဟုတ် ကီလို တစ်သိန်း ရရှိမှာဖြစ်ပြီး လက်ခမဲ့ပြင်ဆင်ခြင်း ဝန်ဆောင်မှု သုံးနှစ် သို့မဟုတ် ကီလိုမီတာ ခြောက်သောင်းလည်း ရရှိမှာ ဖြစ်ပါတယ်။

GAC အရောင်းပြခန်းနဲ့ ဆားဗစ်စင်တာကို အမှတ် ၃၅၁၊ ပြည်လမ်း(ဟံသာဝတီအဝိုင်းအနီး) စမ်းချောင်းတွင် ဖွင့်လှစ်ထားပြီး ဖုန်း - 09964227253 နဲ့ 09969700625 ကို ဆက်သွယ်နိုင်ပါတယ်။

CB Bank, AYA Bank တို့နဲ့ ချိတ်ဆက်ပြီး ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်း လက်ငင်းပေးသွင်းကာ တစ်နှစ်ကနေ သုံးနှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

အင်ဂျင်

- 1300 CC Turbo Engine ကို အသုံးပြုထားပါတယ်။

- အင်ဂျင်စွမ်းဆောင်ရည်အနေဖြင့် 101 kw မြင်းကောင်ရေအားနဲ့ တွန်းအား 202 N.M/1500-4200 rpm ရှိပါတယ်။

- ပျမ်းမျှဆီစားနှုန်း ၅.၅ လီတာကို ၁၀၀ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်ပါတယ်။

- အော်တိုဂီယာ ခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

အတွင်းနှင့် အပြင်ပိုင်း

- လေဝင်ပေါက် ကျယ်ဝန်းပြီး ခရိုမီယမ်ရှ်လ် အတန်းလိုက် သုံးတန်းရဲ့အလယ်တွင် GAC ရဲ့ လိုဂိုတပ်ဆင်ထားပါတယ်။

- ပတ်လည်ကင်မရာ လေးလုံးကို ကားရဲ့ ပတ်ပတ်လည်မှာ တပ်ဆင်ထားတဲ့အတွက် ကားပတ်ဝန်းကျင်က ပုံရိပ်တွေအားလုံးကို ယာဉ်မောင်းသူက တွေ့မြင်ရမှာ ဖြစ်ပါတယ်။

- နောက်ကြည့်မှန်တွေက အီလက်ထရစ်စနစ်ဖြစ်လို့ အလိုအလျောက် ချိန်ညှိပေးသလို ရပ်နားစဉ်မှာလည်း ခေါက်သိမ်းပေးမှာ ဖြစ်ပါတယ်။

- ကားအတွင်းခန်းနဲ့ ထိုင်ခုံတွေကို အဆင့်မြင့်လည်သာတွေနဲ့ ချုပ်လုပ်အလှဆင်ထားပါတယ်။

- ၁၀ လက်မ touch screen ပါရှိပြီး ယာဉ်လမ်းကြောင်းပြစနစ်၊ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

- စပီကာ ခြောက်လုံးအထိ ပါရှိတဲ့ အဆင့်မြင့်အသံစနစ်ပါရှိပါတယ်။

- GAC ရဲ့ အဆင့်မြင့် လုံခြုံရေးစနစ်များစွာ ထည့်သွင်းထားတယ်ပါတယ်။

- အဆင့်မြင့် ဘရိတ်စနစ်တွေဖြစ်တဲ့ ABS စနစ်၊ EBD စနစ်၊ HBA စနစ်တွေပါရှိပါတယ်။

- တောင်ကုန်းအတက်အဆင်းတွေမှာယာဉ်ကို အရှိန်လွန်လိမ့်ဆင်းမသွားအောင် ထိန်းချုပ်ပေးနိုင်သော HHC စနစ်လည်း ပါရှိပါတယ်။

- မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ လမ်းချော်တာ၊ အရှိန်လွန်တိမ်းမှောက်တာတွေမဖြစ်အောင် ယာဉ်ရဲ့ကုတ်အားကို မြင့်တက်စေပြီး ယာဉ်ကိုတည်ငြိမ်စေတဲ့ TCS လည်းပါရှိပါတယ်။

- တာယာရဲ့လေပေါင်ကို အမြဲစောင့်ကြည့်သတိပေးတဲ့ Auto Hold Tire Pressure Monitoring System ပါရှိပါတယ်။

- ယာဉ်ရပ်နားထားစဉ်မှာ လုံခြုံစိတ်ချရတဲ့ Impact Sensing Door Unlock နဲ့ Engine Immbilizer တွေပါရှိပါတယ်။

- အသက်ကယ်လေအိတ်လေးလုံးပါရှိတဲ့အတွက် လုံခြုံစိတ်ချစွာနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Read 1275 times