အီးဗီအတွက် ရင်းနှီးမြှုပ်နှံရန် တိုယိုတာ ရှယ်ယာများ ရောင်းချ


အီးဗီအတွက် ရင်းနှီးမြှုပ်နှံရန် တိုယိုတာ ရှယ်ယာများ ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Toyota Motor နှင့် တွဲဖက်ကုမ္ပဏီနှစ်ခုသည် ယာဉ်အပိုပစ္စည်း ပေးသွင်းသူ Denso ၏ ရှယ်ယာစုစုပေါင်း၏ ၁၀% ကို ရောင်းချရန် စီစဉ်ထားသည်။ ၎င်းရှယ်ယာများသည်  ယန်း ၇၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄.၇ ဘီလီယံခန့်) ခန့် တန်ဖိုးရှိပါသည်။
တိုယိုတာသည် အီးဗီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ငွေဖော်သည့်အနေဖြင့် အပြန်အလှန် ရှယ်ယာပိုင်ဆိုင်မှုများမှ ရှယ်ယာများ ထုတ်ရောင်းနေခြင်း ဖြစ်ပါသည်။


၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်တွင် Toyota Motor သည်  Denso ၏ စုစုပေါင်းရှယ်ယာ၏ 24% ခန့်ကို ပိုင်ဆိုင်ထားသည်။ တိုယိုတာ၏ တွဲဖက်ကုမ္ပဏီနှစ်ခုဖြစ်သည့် Toyota Industries သည် ၉% နှင့် Aisin သည် ၂% အသီးသီး ပိုင်ဆိုင်ထားသည်။
တိုယိုတာက ရှယ်ယာပိုင်ဆိုင်မှုကို ၂၀% သို့ လျှော့ချမည်။ Toyota Industries က ၅% သို့ လျှော့ချမည်။ Aisin က ရှယ်ယာအားလုံးကို ရောင်းချမည် ဖြစ်သည်။ Aisin သည် တိုယိုတာထံ ယာဉ်ပစ္စည်း ပေးသွင်းသူ ဖြစ်ပါသည်။ 

ထိုသို့ ရောင်းချရာတွင် ရှယ်ယာအချို့အဝက်ကို  Denso က ပြန်ဝယ်မည်ဖြစ်သည်။

Toyota Motor သည် ဆက်သွယ်ရေးအော်ပရေတာ KDDI တွင် တိုယိုယာ ပိုင်ဆိုင်သည့် ယန်း ၂၅၀ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာများကို ရောင်းချမည်ဟု ဇူလိုင်လတွင် ပြောကြားခဲ့သည်။

တိုယိုတာ လုပ်ငန်းစုသည် ကုမ္ပဏီများ ထူထောင်ရာတွင် အရင်းအနှီး ပြုနိုင်စေရန် ရှယ်ယာများ ဝယ်ယူပေးသည်။ ကာလရှည်ကြာ စီးပွားဖက် ပြုခြင်းကြောင့်လည်း ရှယ်ယာများ ဝယ်ယူသည်။

Source Nikkei Asia 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1036 times