Car Showroomတွေမှာ လျှောက်ထားနိုင်တဲ့ HS Code line (၇၀၀) ကျော်ကို ထပ်မံခွင့်ပြုပေးသွားမည်


မော်တော်ယာဉ်အရောင်းပြခန်း (Showroom)များအတွက် သွင်းကုန်လိုင်စင်လျောက်ထားမှုအား အောက်တိုဘာလဆန်းမှစတင်ပြီး Fully Online စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းကဆင်ဟွာသို့ အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

 

“မော်တော်ယာဉ်အရောင်းပြခန်းတွေအတွက် သွင်းကုန်လိုင်စင်လျှေက်ထားမှုကို ကျွန်တော်တို့အနေနဲ့ အောက်တိုဘာ၁ရက်ကစပြီး Fully Online စနစ်ဖြင့်

 

လက်ခံဆောင်ရွက်ပေးနေတယ်။ Showroomတွေမှာ လျှောက်ထားနိုင်တဲ့ HS Code line (၇၀၀) ကျော်ကို ထပ်မံခွင့်ပြုပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

 

COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှစတင်၍

 

ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များအား အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ

 

(၂၃,၆၀၀ ) တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၇ဒသမ၆)ဘီယံကျော်ဖိုးအား အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Read 466 times