၂၀၂၁ တရုတ်ဈေးကွက် အရောင်းရဆုံး အိမ်စီး စွမ်းအင်သစ် မော်တော်ယာဉ်များ


၂၀၂၁ တရုတ်ဈေးကွက် အရောင်းရဆုံး အိမ်စီး စွမ်းအင်သစ် မော်တော်ယာဉ်များ

တရုတ် အိမ်စီးကား အသင်း China Passenger Car Association က ၂၀၂၁ ခုနှစ်အတွင်း ရောင်းချခဲ့တဲ့ အိမ်စီး လျှပ်စစ်မော်တော်ယာဉ်များ စာရင်းကို ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ အဆိုပါ စာရင်းအရ တန်ဖိုးနည်း အိမ်စီး လျှပ်စစ်မော်တော်ယာဉ် Hongguang Mini က ရောင်းရစီးရေ အများဆုံး ဖြစ်ပါတယ်။
အမြင့်တန်းမှာတော့ Tesla နဲ့  BYD  တို့ရဲ့ ကားမော်ဒယ်တွေက စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) အမျိုးအစား အရောင်းရဆုံး ကားစာရင်းကို ကြီးစိုးထားပါတယ်။ NEV အမျိုးအစား ကားတွေက စွမ်းအင်သစ် သုံးစွဲတဲ့ကားတွေ ဖြစ်ပြီး စွမ်းအင်အသစ်ကို အဟောင်းနဲ့ တွဲသုံးတဲ့ နှစ်မျိုးစပ် hybrid ကားတွေလည်း အကျုံးဝင်ပါတယ်။ 
တရုတ်ပြည်တွင်း ကားဈေးကွက်ရဲ့ လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) ထဲသို့ နောက်ပိုင်းမှ မောင်းဝင်လာပြီး အပြည့်အဝလျှပ်စစ်ကား တန်ဖိုးနည်း Nezha V SUV က န့ပါတ် (၁၅) နေရာကို ရရှိထားပါတယ်။ 


တရုတ်ပြည်တွင်း အီးဗီဈေးကွက်ထဲမှာ ၂၀၂၁ ခုနှစ်အတွင်း Tesla နဲ့  BYD  တို့ကို ဦးဆောင်နေရာကို ဆက်လက် ရယူထားကြပါတယ်။ Nio ကဲ့သို့သော ပြိုင်ဘက်အသစ်တွေ ပေါ်ထွက်လာနေပေမဲ့ ရောင်းအားပမာဏ နည်းပါးနေကြဆဲ ဖြစ်ပါတယ်။ 

ဘတ်ဂျက်အီးဗီ ဖြစ်တဲ့ Hongguang Mini က ယခင်နှစ် ရောင်းရစီးရေထက် ၃ ဆ ပိုများခဲ့ပြီး ၃၉၅,၄၅၁ စီး ၂၀၂၁ မှာ ရောင်းချခဲ့ရပါတယ်။ စီးရေအများဆုံး ရောင်းရတဲ့ အီးဗီအဖြစ် သရဖူဆောင်းပါတယ်။ 

တရုတ် အိမ်စီးကား အသင်း China Passenger Car Association က ၂၀၂၁ ခုနှစ်အတွင်း ရောင်းချခဲ့တဲ့ အိမ်စီး လျှပ်စစ်မော်တော်ယာဉ်များစာရင်းအရ အရောင်းရဆုံး NEV မော်ဒယ်စာရင်းကို ဖော်ပြအပ်ပါတယ်။ 


1. Hongguan Mini (SAIC-GM-Wuling)
2. Qin (BYD)
3. Model Y (Tesla)
4. Model 3 (Tesla)
5. Han (BYD)
6. Song (BYD)
7. Li One (Li Auto)
8. eQ (Chery)
9. Benben EV (Changan)
10. Aion S (GAC Motor spin-off)
11. Ora Black Cat (Great Wall Motor)
12. P7 (Xpeng)
13. Tang (BYD)
14. Ora Good Cat (Great Wall Motor)
15. Nezha V (Hozon Auto)

ထိပ်တန်း (၁၀) မှာ BYD ရဲ့ မော်ဒယ် သုံးခု ပါဝင်ပါတယ်။ BYD Qin sedan က စီးရေ ၁၈၇,၂၂၇ ရောင်းချခဲ့ရပါတယ်။ Tesla မော်ဒယ်တွေ အကုန်လုံးထက် ပိုများပါတယ်။
BYD Qin ရဲ့ နောက်မှာ Tesla Model Y ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ တရုတ်ပြည်တွင်း ဈေးကွက်ထဲ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ္. တန်းမြင့် စွမ်းအင်သစ် SUV အမျိုးအစားမှာ အများဆုံး ရောင်းရတဲ့ မော်ဒယ်ဖြစ်ပြီး ၂၀၂၁ မှာ စီးရေ ၁၆၉,၈၅၃ ရောင်းချခဲ့ရပါတယ်။ 
၎င်းမော်ဒယ်နောက်မှာ Tesla Model 3 ရှိနေပြီး စီးရေ ၁၅၀,၈၉၀ ရောင်းချခဲ့ရပါတယ်။ ၂၀၂၀ ထက် ၂၀၂၁ မှာ ရောင်းရစီးရေ ၁၀% ပိုများလာပါတယ်။

Li Auto ရဲ့ နှစ်မျိုးစပ် hybrid အမျိုးအစား Li One  က စွမ်းအင်သစ် အိမ်စီးကား အရောင်းရဆုံး ထိပ်တန်း(၁၀) စာရင်းထဲ ရောက်ရှိလာခဲ့ပါတယ်။ 
Xpeng ရဲ့ P7 က နံပါတ်(၁၂) ဖြစ်တာကြောင့် ထိပ်တန်း(၁၅) စာရင်းထဲ ရောက်ရှိသွားပါတယ်။ 
ဈေးကွက်ထဲသို့ အသစ်မောင်းဝင်လာတဲ့ကားတွေထဲမှာ အိမ်စီး အပြည့်အဝလျှပ်စစ်ကား ဖြစ်တဲ့ Nezha V SUV  က နံပါတ် (၁၅) ကို ရရှိခဲ့ပါတယ်။ Nezha က ကားလုပ်ငန်းသစ် Hozon Auto ရဲ့ brand  တစ်ခု ဖြစ်ပါတယ်။ 

၂၀၂၂ မှာတော့ ပြိုင်ဘက်တွေ ပိုစည်းကားလာဖို့ ရှိပါတယ်။ စမတ်ဖုန်း လုပ်ငန်းတွေ ကားထုတ်လုပ်ကြတော့မှာ ဖြစ်ပါတယ်။ 

၂၀၂၁ အတွင်း တရုတ်ပြည်တွင်း ဈေးကွက်မှာ အိမ်စီးကား စုစုပေါင်း စီးရေ ၂၀.၁၅ သန်း ရောင်းချခဲ့ရပြီး အိမ်စီး စွမ်းအင်သစ် မော်တော်ယာဉ် စီးရေ ၃ သန်း နီးပါး ရောင်းချခဲ့ရပါတယ်။ တရုတ်အစိုးရရဲ့ ရည်မှန်းချက်က ၂၀၂၅ ခုနှစ်မှာ ရောင်းချတဲ့ ကားအသစ်စီးရေ စုစုပေါင်းရဲ့ ၂၀% က စွမ်းအင်သစ်မော်တော်ယာဉ် ဖြစ်ရမှာ ဖြစ်ပါတယ်။

Read 6790 times