လောင်စာဆီစနစ် Fuel System


 

အင်ဂျင်လည်ပတ်နေဖို့အတွက် လောင်စာဆီကို ကိုင်တွယ်ပေးနေတဲ့ စနစ်တစ်ခု ရှိကို ရှိရမယ်။

လောင်စာဆီစနစ်မှာ ဆီသိုလှောင်ထားဖို့ တိုင်ကီတစ်လုံး ပါတယ်။ ဆီကီု စုပ်ယူပြီး တွန်းပို့ပေးဖို့ ဆီပန့် ရှိမယ်။ 

ဆီလိုင်းက တိုင်ကီနဲ့ အင်ဂျင်တို့ကို သွယ်တန်းပေးထားတယ်။ ဆီလိုင်းမှာ ဆီစစ် ရှိတယ်။ အင်ဂျင် ပျက်စီးစေမယ့် အမှုန်တွေကို ဆီစစ်က တားဆီးပေးထားတယ်။ အင်ဂျင်ရဲ့ ဆလင်ဒါထဲကို ဆီကျွေးပေးဖို့ ဆီးကျွေးစနစ် ရှိတယ်။ 

အရင်တုန်းက ကားတွေမှာ ဆီထိုးကျွေးတဲ့စနစ်အတွက် ကာဗျူရေတာဆိုတဲ့ ကိရိယာ အစိတ်အပိုင်းတစ်ခု ပါတယ်။ ကာဗျူရေတာက ဆီနဲ့လေ အနှောကို အင်ဂျင်ထဲ ပို့ပေးတယ်။ 

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ကာဗျူရေတာ မသုံးတော့တဲ့ ကားတွေ စတင်ထုတ်လုပ်ခဲ့ကြတယ်။ ကာဗျူရေတာထက် ပိုစိတ်ချ ပိုအားကိုးရ ပိုထိရောက်တဲ့ လောင်စာဆီထိုးကျွေးစနစ်တွေကို သုံးကြတာမို့ ကာဗျူရေတာ ပြတိုက်ထဲ ရောက်သွားပါတော့တယ်။ 

 

 

လောင်စာဆီထိုးကျွေးစနစ်များ Fuel injection systems ဟာ ဆီနဲ့လေကို ရောပေးပြီး ဆီကို မှုန်နေအောင် လုပ်ပေးထားတာ မြူခိုးလို ဖြစ်နေတဲ့အထိပါပဲ။ 

ပြီးတော့ ဆလင်ဒါထဲ မီးလောင်ပေါက်ကွဲဖို့ လိုအပ်မယ့် ပမာဏ အတိအကျဖြင့် ဆီကျွေးပေးကြတယ်။ အဲဒီလို တိကျသေချာတဲ့ လောင်စာဆီထိုးကျွေးစနစ်တွေကို ကွန်ပျူတာဖြင့် စောင့်ကြည့်ထိန်းကျောင်းပေးတယ်။ 

အီလက်ထရွန်းနစ် ထိန်းချုပ်စနစ် electronic control Unit တွေ သုံးပြီး ထိန်းကျောင်းပေးပါတယ်။ 

By Myanmar Automobile Guide 

Read 955 times