ကားဆီစားနှုန်းသက်သာစေမည့် နည်းလမ်းများ


ကားလောင်စာဆီဈေးနှုန်း တဖြည်းဖြည်းမြင့်တက်လာတာ၊ ကားကဆီအရမ်းစားလွန်းတာတွေကြောင့် စိတ်ညစ်နေပါသလား...?

ကားဆီသုံးစွဲမှုအပိုင်းမှာ အကျိုးရှိရှိအသုံးချပြီး အသုံးစရိတ်သက်သာစေမည့် နည်းလမ်းများကို ကားချစ်သူများသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဝန်ပေါ့ပေါ့ပါးပါးတင်ခြင်း
ကားတစ်စီးသည်ဝန်များများသယ်ဆောင်ရလေ ဆီလောင်ကျွမ်းသုံးစွဲမှုပိုမိုလေဖြစ်သောကြောင့် သင့်ကားအတွင်းမှ မလိုအပ်သောပစ္စည်းများကို ဖယ်ရှားထားရပါ။

(၂) ကားစတီယာရင်ကိုတည်ငြိမ်အောင်ထားခြင်း

ကားကိုပုံမှန်လမ်းကြောင်းအတိုင်းတည့်တည့်မောင်းနေမှုထက် ကားစတီယာရင်ကိုကွေ့ဝိုက်မောင်းနှင်နေရမှုသည် ဆီသုံးစွဲမှုပိုမိုသောကြောင့် မလိုအပ်ပဲစတီယာရင်ကိုလှည့်ပတ်မောင်းနှင်မှုကို ရှောင်ကြည်ပါ။

(၃) ပုံမှန်သွားနေကျလမ်းကြောင်း

မိမိနေ့စဉ်ပုံမှန်သွားလာမောင်းနှင်နေကြလမ်းတစ်ခုတွင် မည်သည့်နေရာတွင်ရပ်ရမည်၊ အရှိန်တင်ရမည်၊ အချိန် မည်မျှကုန်သည်စသည်တို့ကို သိရှိနေပြီးဖြစ်သဖြင့် လိုအပ်သည့်နေရာကိုလိုက်၍

ပုံမှန်အတိုင်းအရှိန်ထိန်းသိမ်း၊ မြှင့်တင်မောင်းနှင်နိုင်သောကြောင့် ဆီစားသက်သာစေပါတယ်။

(၄) ကားအင်ဂျင်သန့်ရှင်းရေး

ကားအင်ဂျင်သန့်ရှင်းရေးပုံမှန်ပြုလုပ်ခြင်းသည် ကားတစ်စီးကို အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်အောင်ဆောင်ရွက်ပေးသကဲ့သို့ဆီစားသက်သာမှုတွင်လည်း ၄ရာခိုင်နှုန်းမှ ၄၀ရာခိုင်နှုန်းအထိ သက်သာအောင်ဆောင်ရွက်ပေးပါတယ်။

(၅) လိုအပ်မှ ကားအရှိန်မြှင့်ပါ

ကားအရှိန်ကို သာမန်လမ်းကြောင်းတစ်ခုတွင် မလိုအပ်ပဲမြင့်တင်မောင်းနှင်ခြင်းသည် ဆီသုံးစွဲမှုများစေပါတယ်။

(၆) ကားအဲယားကွန်းကို ဂရုတစိုက်သုံးစွဲပါ

မိမိကျန်းမာရေးနှင့် ရာသီဥတုဆိုးဝါးသောအခြေအနေများမှလွဲ၍ အခြားအချိန်များတွင် ကားအရှိန်နှေးနှေးဖြင့်မောင်းနှင်နေရပါက ကီလိုမီတာ ၆၀ ထက်မောင်းနှင်၍ရသော အဝေးပြေးလမ်းမများတွင် မှန်ပိတ်အဲကွန်းဖွင့်ပြီး မောင်းနှင်ပါကဆီစားသက်သာမည်။

(၇) ကားတာယာ

ကားတာယာကိုလည်း အရည်အသွေးမြင့်ပြီး စွမ်းဆောင်ရည်အပြည့်အဝပေးနိုင်သော တာယာအမျိုးအစားကိုသာ တတ်နိုင်သလောက်ဝယ်ယူသုံးစွဲပါ။

(၈) လေလျော့နေသောကားဘီးများ

ကားဘီးများလေလျော့နေလျှင် ဆီလောင်ကျွမ်းမှုပိုမိုသုံးစွဲရသဖြင့် လေပေါင်ကို သတ်မှတ်ပေါင်အတိုင်းဖြစ်နေစေရန် ပုံမှန်စစ်ဆေးမောင်းနှင်ပါ။

 

Read 7283 times