ဆီဈေးအကုန်အကျ မများဖို့ ဘယ်လိုကားတွေ ဝယ်ယူသင့်သလဲ


၂၀၂၂ ဟာ ဆီဈေးအတက်ဆုံးကာလဆိုရင် မမှားပါဘူး။ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ ပြည်တွင်းကို တင်ပို့နေတဲ့ ဆီဈေးတွေကို အဆမတန် ဈေးတက်သွားစေခဲ့ပါတယ်။

 

ကျွန်တော်တို့နိုင်ငံရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေရဲ့ ဈေးတွေက ၂၀၂၀ တုန်းကဆို  တစ်လီတာ ၆၀၀ ဝန်းကျင်ရှိခဲ့ပြီး၊ ကိုဗစ်ကာလမှာ တစ်လီတာ ၄၀၀ ဝန်းကျင်အထိကို ကျဆင်းခဲ့ပါသေးတယ်။

 

၂၀၂၁ မှာဆိုရင်တော့ တစ်လီတာ ၁၀၀၀ ကျော်ပဲ ရှိခဲ့ပေမဲ့ အခုကာလမှာတော့ ဓာတ်ဆီတစ်လီတာ ၁၀၀၀ ကျော်လောက်နဲ့ ရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

 

ဓာတ်ဆီတစ်လီတာ ၂၀၀၀ ကျော်နေတဲ့ ကာလမှာ ဆီဖိုးအများကြီးမကုန်စေမဲ့ ဘယ်လိုကားတွေကို ဝယ်စီးသင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။

 

၁။ EV [Electric Vehicle] လျှပ်စစ်ကား

 

Honda E-1

Source from -https://global.honda/?from=navi_header

 

 

တကယ်တော့ မီးမမှန်တဲ့ မြန်မာနိုင်ငံအတွက်တော့ လျှပ်စစ်ကားကို အရမ်းကြီး အကြံမပေးချင်ပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ လျှပ်စစ်ကားတွေရဲ့ အခန်းကဏ္ဍဟာ တော်တော်ကိုအရေးပါလာတော့မှာပါ။

 

နောက်ပြီး လျှပ်စစ်ကားတွေက ဘတ်ထရီနဲ့ သုံးပြီး မောင်းရတဲ့ အတွက် ဘတ်ထရီကောင်းကောင်း ရဖို့ကတော့ ပိုက်ဆံများများရှိမှ အဆင်ပြေပါလိမ့်မယ်။ 

 

မောင်းရတာကတော့ အားသွင်းပြီး မောင်းရတာ ဖြစ်တဲ့အတွက် မီတာခအတွက်က ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ နဲ့ယှဥ်ရင် အများကြီး အကုန်အကျ သက်သာပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ကား အားသွင်းပေးနိုင်တဲ့  Charging Station တွေ အများကြီး မရှိသေးတဲ့အတွက် အားသွင်းဖို့ အိမ်မှာ Charger တပ်ဆင်နိုင်ရုံလောက်နဲ့တော့ လုံလောက်ဦးမှာ မဟုတ်ပါဘူး။ 

 

ဒါပေမဲ့ အကယ်၍များ Charging Station တွေအမြောက်အများ ပေါ်လာခဲ့မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာပါ EV ကားတွေ ခေတ်စားလာကြမှာပါ။ 

 

 

 

 

၂။ Hybrid နှစ်မျိုးစပ်ကား

 

Hybrid Car

Source from - https://www.lexus.co.uk/hybrid

 

ဒီကားတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရအများဆုံးကားတွေပါပဲ။ Hybrid ကားတွေက ဆီရော လျှပ်စစ်နဲ့ရော သုံးပြီး မောင်းကြတဲ့ ကားတွေပါ။

 

သူတို့က လိုအပ်ရင် လိုအပ်သလို လျှပ်စစ်နဲ့ပြောင်းပြီး မောင်းနိုင်တဲ့အတွက် ဆီအရမ်းစားမှာ စိတ်ပူစရာမလိုပါဘူး။ 

 

ဒီကားတွေရဲ့ ရည်ရွယ်ချက်ကိုယ်တိုင်က ဆီစားသက်သာဖို့အတွက် ထုတ်ထားကြတာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ ဒီကာလမှာ ပိုက်ဆံအများကြီး ကုန်တော့မှာလည်း မဟုတ်ပါဘူး။

 

ဒါပေမဲ့လည်း ဒီကားတွေရဲ့ ဘတ်ထရီဟာ EV တွေ နည်းပါးမကောင်းတဲ့အတွက် ဂရုစိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။ 

 

၃။ ဒီဇယ်ကား

 

Petrol Engine အလုပ်လုပ်ပုံနှင့် Diesel Engine အလုပ်လုပ်ပုံ

Source from - Petrol Engine Vs Diesel Engine

 

ဒီဇယ်ကားတွေက ဓာတ်ဆီကားတွေထက် ဆီစားသက်သာတယ် ဆိုတာသင်သိပါသလား? ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင်နဲ့ ယှဥ်ကြည့်လိုက်မယ်ဆိုရင် ဒီဇယ်အင်ဂျင်တွေရဲ့ ဆီစားနှုန်းက ပိုနည်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇယ်လောင်ကျွမ်းဖို့က ဓာတ်ဆီထက် ပိုလွယ်တဲံအတွက်ကြောင့်ပါ။ 

 

ဒါပေမဲ့လည်း ဒီအတိုင်းကြီး ပုံသေယူဖို့ကမဖြစ်နိုင်ပါဘူး။ အင်ဂျင်အရွယ်အစားနဲ့လိုက်ပြီး ဆီစားနှုန်းက ကွာခြားနိုင်ပါသေးတယ်။ 

 

အခုနောက်ပိုင်းလည်း ကားကုမ္ပဏီကြီးတွေက ဓာတ်ဆီအင်ဂျင်နဲ့ကားတွေကို ပိုကောင်းအောင်လုပ်လာကြပါပြီ။

 

ဒီတော့ ကိုယ့်ကား ဆီအကုန်များနေလား၊ အင်ဂျင်ရောကောင်းသေးရဲ့လား ဆိုတာလည်း စစ်ဆေးကြည့်ဖို့ လိုပါသေးတယ်။ 

 

အောက်က Website မှာ ကားနဲ့ ပတ်သတ်တာတွေ ပြင်ဆင်ချင်တာနဲ့ ဝယ်ယူချင်တာတွေကို တစ်စုတစ်စည်းတည်း ကြည့်နိုင်ဖို့လည်း တင်ပြလိုက်ပါတယ်။ 

 

Website Link 

https://www.automobiledirectory.com.mm/

 

 

Read 368 times