ဈေးအမြင့်ဆုံးရောက်ရှိနေပြီး နှစ်ကုန်အထိ ပြန်ကျလာနိုင်ဖွယ်မရှိသေးသော စက်သုံးဆီဈေးနှုန်း


လက်ရှိစက်သုံးဆီစျေးနှုန်းသည် အမြင့်ဆုံးရောက်ရှိနေသော်လည်း ယခုနှစ်အကုန်အထိ ကျဆင်းနိုင်ဖွယ်မရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူးမှ ပြောကြားကြောင်းသိရပါသည်။

စက်သုံးဆီများကို ပြည်ပမှာ မှာယူတင်သွင်းရသည့်အတွက် ပြည်ပစျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်း အပြောင်းအလဲပေါ်မူတည်ပြီး  ပြည်တွင်းမှ ရောင်းချနေသော စျေးနှုန်းများမှာ အဆင့်ဆင့် တက်လာရခြင်းဖြစ်ပါသည်။

လက်ရှိ စက်သုံးဆီစျေးနှုန်းသည် ဒီဇယ်တစ်လီတာလျှင် ကျပ် ရ၇၀ ကျော်ဖြင့် အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိနေသော်လည်း ပြည်ပစက်သုံးဆီစျေးများသည် အတက်ဘက်သို့ဦးတည်နေသည့်အတွက် ယခုနှစ်အကုန်အထိ

စျေးနှုန်းကျဆင်းနိုင်မည် မဟုတ်သေးကြောင်း သိရပါသည်။

စက်သုံးဆီစျေးနှုန်းတက်ခြင်း၊ ကျခြင်းဆိုသည်မှာ နိုင်ငံခြားစက်သုံးဆီစျေးနှုန်းနှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများ အပေါ်မူတည်ကြောင်း၊ ယခုပြည်တွင်းတွင်ရောင်းချနေသော စက်သုံးဆီစျေးနှုန်းသည် လက်ရှိပြည်ပ စျေးနှုန်းထက်

စျေးကျသောအချိန်တွင် ဝယ်ထားသောစျေးနှင့်ရောင်းချနေခြင်းဖြစ်ပြီး ယခုပြည်ပဆီစျေး တစ်ဖြည်းဖြည်းမြင့်တက်နေသည့်အတွက် နောက်ထပ်တင်သွင်းမည့် ဆီများမှာ လက်ရှိစျေးထက် ထပ်တက်ရန် ရှိကြောင်း၊ ထိုကြောင့်

ယခုနှစ်ကုန်အထိ စက်သုံးဆီစျေးမှာ ပြန်ကျသေးမည်မဟုတ်ကြောင်း သိရပါသည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ နိုင်ငံခြားစက်သုံးဆီစျေးနှုန်းနှင့် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်သည့် စျေးနှုန်း အပြောင်းအလဲများ အပေါ်မူတည်၍ အဆင့်ဆင့်တက်လာခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းတွင် ဒီဇယ်တစ်လီတာလျှင် ကျပ်

ငါးရာကျော် ရှိလာခဲ့ကြောင်းသိရပါသည်။

ထိုမှတစ်ဆင့် စက်တင်ဘာလက အမေရိကန်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖုန်းမုန်တိုင်းကြောင့် ထိုနိုင်ငံရှိ စက်သုံးဆီ စက်ရုံအချို့ ရပ်နားလိုက်ရသဖြင့် စက်သုံဆီများ အမေရိကန်ပြည်ထောင်စုကို အဓိကထား တင်ပို့နေရသည့်အတွက်

အာရှစက်သုံးဆီ စျေးကွက်တင်ပို့မှု လျှော့ချလိုက်ခြင်းကို အကြောင်းပြုကာ ဒီဇယ်တစ်လီတာလျှင် ကျပ်ခုနှစ်ရာကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိအချိန်တွင် စက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် အနိမ့်ဆုံးကျပ် ရ၇၀ မှ အမြင့်ဆုံး ရ၇၅ ကျပ်၊ Premium တစ်လီတာလျှင် အနိမ့်ဆုံး ကျပ် ရ၉၀ မှ ရ၉၅ ကျပ်၊ 92 RON တစ်လီတာလျှင် အနိမ့်ဆုံး ရ၇၅ ကျပ်မှ ကျပ် ရ၈၀၊

95RON တစ်လီတာလျှင် ၈၁၅ ကျပ် မှ ၈၂၅ကျပ်အထိ မြင့်တက်နေကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ သိရပါသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသည့်ကုမ္ပဏီ ခုနစ်ဆယ်ခန့်ရှိပြီး တစ်နိုင်ငံလုံးတွင် စက်သုံးဆီ ရောင်းချသည့်ဆိုင်ပေါင်း နှစ်ထောင်ကျော်ရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ

သိရပါသည်။

 

Read 895 times