ခတ်ပေါ်ဓာတ်ဆီကားအများစု မှာ ကာပရိုက်တာစနစ်ကိုမသုံးကြ တော့ပါဘူး။
EFI စနစ်သုံး အင်ဂျင်များတွင် လောင်စာဆီဖြန်းပေးဖို့ Injector (အင်ဂျတ်တာ)တွေကိုသာသုံး ပါသည်။
ဓာတ်ဆီအင်ဂျင်တစ်လုံးတွင်Fuel Systemနှင့် Ignition System မှန်မှ အင်ဂျင်စွမ်းဆောင်မှုအပြည့်အဝ ရပါသည်။
ခေတ်ဟောင်းအင်ဂျင်များတွင် Fuel System မှာ ကာပရိုက်တာကိုဘဲသုံးခဲ့ကြပါသည်။
၁၉၈၀ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အတွင်းမှာ ကာပရိုက်တာသုံးတဲ့စနစ်ကနေ Injection System ကို အစားထိုး ပြောင်းလဲခဲ့ကြပါသည်။
မျက်မှောက်ခေတ်မှာတော့ ဓာတ်ဆီကားတိုင်း Injectorကိုသုံးစွဲနေကြပါသည်။
ကာပရိုက်စနစ်မှာ အားနည်းချက်များရှိသောကြောင့် EFIစနစ်ကို တီထွင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။
ကာပရိုက်တာစနစ်မှာ အဓိကအား နည်းချက်မှာ လေနှင့် လောင်စာ ဆီအချိုးအစားကို မှန်ကန်အောင် ရောစပ်မပေးနိုင်ခြင်း ဖြစ်ပါသည်။
အင်ဂျင် အတွင်းမှာ အကောင်းဆုံးမီးလောင် ပေါက်ကွဲနိုင်ဖို့ လေနဲ့လောင်စာဆီ ရောစပ်မှုအကောင်းဆုံး အချိုးအစား က 14.7:1 ဖြစ်ရပါသည်။
ဆီများတဲ့ လေ၊ လောင်စာဆီအရောအနှောကို Rich Mixture ဟုခေါ်ပါသည်။
ဆီများပြီး လေ(အောက်ဆီဂျင်) နည်းနေတဲ့အတွက် အင်ဂျင်ထဲမှာ မီးလောင်ပေါက်ကသည့်အခါ အပြည့်အဝ မလောင်ကျွမ်းပါဘူး။
အောက်ဆီဂျင် အပြည့်အဝရမှ Complete Combustion ဖြစ်ပါသည်။
အောက်ဆီဂျင် မလုံလောက်တဲ့အတွက် ကာဗွန်မို နောက်ဆိုဒ် (CO) တွေဖြစ်သွားပါသည်။
ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ဟာ အဆိပ်ဓာတ်ငွေ့ပါ။ ပတ်ဝန်း ကျင်လေထုကို ညစ်ညမ်းစေပါသည်။
ဆီနည်းသည့် လေလောင်စာဆီအရော ဆိုရင်လည်း ပေါက်ကွဲအားနည်းပြီး အင်ဂျင်စွမ်းဆောင်မှု အပြည်အဝမရနိုင်ပါဘူး။
Fuel Injector Service
အင်ဂျင်လည်ပတ်မှုအခြေအနေ အမျိုးမျိုးမှာ အကောင်းဆုံးစွမ်းဆောင် မှုရဖို့အတွက် လေနဲ့ဓာတ်ဆီရောစပ်တာ အကောင်းဆုံးအချိုးအစားဖြစ်ဖို့ လိုပါသည်။
ကာပရိုက်တာစနစ်က ဒီလိုမျိုး လေနဲ့ဓာတ်ဆီအချိုးကို အကောင်းဆုံးဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။
EFI စနစ်ကဘဲ လုပ်ပေးနိုင်ပါတယ်။ လေ-ဓာတ်ဆီအချိုးအစားကို လေပမာဏ 14.7 ဆနှင့် ဓာတ်ဆီတစ်ဆ စပ်ပေးရပါသည်။
ဒီလိုတိကျဖို့ အီလက်ထရွန်နစ်လောင်စာပို့စနစ် EFIကဘဲ လုပ်ပေးနိုင်ပါသည်။
Injector တွေသုံးလာရပါသည်။
Injectorတစ်လုံး၏လုပ်ဆောင် ချက်ကို ECU (Engine Control Unit) က ထိန်းချုပ်ပါသည်။
ဆီဖြန်း ပေးရမည့်ပမာဏနဲ့ တိုင်မင် (timing) ကို ECU က အမိန့်ပေးညွှန်ကြားချက် အတိုင်း Ijectorကလုပ်ပေးပါသည်။
Fuel Injectorမှာ လျှပ်စစ်သံလိုက်အားနှင့်အဖွင့်အပိတ်လုပ်ပေးသည့် Valve တစ်ခုရှိပါသည်။
Solenoid ပလန်ဂျာကစားတာကြောင့် Valve အဖွင့်အပိတ်ဖြစ်တာပါ။ Injectorဆီဝင် ပေါက်မှာ Fuel Pump က တွန်းပို့ တဲ့ ဖိအားရှိသည့် ဓာတ်ဆီပိုက်လိုင်းနဲ့ ဆက်ထားသည်။
InjectorValve အဖွင့်အပိတ်ကို ECU က ထိန်းချုပ်သည်။
အချိန် ၁ စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းများစွာ ကစားပေးနိုင်ပါသည်။
Valve ပွင့်သွားသည့်အချိန်မှာ ဖိအားပေးထားသည့်လောင်စာဓာတ်ဆီများသည် နော်ဇယ်ပေါက်ကလေးက နေ ပန်းထွက်သွားသည်။
ဓာတ်ဆီလို အလွန်သေးငယ်သည့် အမှုန်အမွှား ကလေးအဖြစ် ပန်းထုတ်ပေးနိုင်သည့် Injector ဖြစ်ပါသည်။ နှင်းမှုန်ကလေးတွေကျ သလို ဖွှာထွက်လာတဲ့ ဓာတ်ဆီအမှုန် အမွှားကလေးတွေဟာ လေနဲ့ရောစပ် ပြီး ပလပ်ကမီးပွားပွင့် (Sparking) သည်နှင့် ပေါက်ကွဲလောင်ကျွမ်းပါသည်။
ထိုပေါက်ကွဲအားကြောင့် ပစ္စတင်နဲ့ က ရိုင်းရှပ်လည်ပြီး အင်ဂျင်ကို အဆက်မပြတ်လည်စေတာဖြစ်ပါသည်။
ECU (Engine Control Unit) က အင်ဂျင်ကိုထိန်းကျောင်းပေးနိုင်ရန် ဆင်ဆာ (Sensor) အာရုံခံကိရိယာများကို ဆက်သွယ်ထားရသည်။
Sensor ဆိုသည်မှာအင်ဂျင်တစ်လုံး၏ အခြေအနေများကို ထောက်လှမ်း သတင်းပို့ပေးနေသည့် ကိရိယာများ ဖြစ်ပါသည်။
အဓိကကျတဲ့ဆင်ဆာများမှာလေအဝင်ဆင်ဆာ ( Mass Airflow Sensor) ၊အောင်ဆီဂျင်ဆင်ဆာ (Oxygen Sensor)၊အိတ်ဇောအငွေ့ထဲမှာ ပါလာသည့် အောက်ဆီဂျင်ပမာဏကို ထောက်လှမ်းပေးသည်။
သို့မှသာ ECU က လေနဲ့ဓာတ်ဆီအချိုးအစား ဘယ်လောက်ရောစပ်ပေးသင့်သည်ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်မည်။
သရော်တယ်နေရာ ဆင်ဆာ (Throttle Position Sensor)အင်ဂျင်ထဲကို လေများဘယ်လောက်ဝင်သွားသလဲ ဆိုတာ ခန့်မှန်း ဖို့ ECU ကို သတင်းပို့ပေးရသည်။
ရေတိုင်ကီအရည်အပူချိန်ဆင်ဆာ (coolant sensor)အင်ဂျင်တစ်လုံးအတွက်အကောင်းဆုံး Operating temperature ရောက်ရန် ECU က ထိန်းကျောင်းရာမှာ အထောက်အကူပြု ပေးသည်။
ဗို့အားဆင်ဆာ (Voltage Sensor)
ဗို့အားကျဆင်းသွားရင် အင်ဂျင်စလိုးလည်နှုန်းရောက်အောင် ECU က ထိန်းကျောင်းပေးရသည်။
မန်နီဖိုးဖိအားဆင်ဆာmanifold absolute pressure (MAP) အင်ဂျင်ထဲကို လေဝင်နိုင်တဲ့ပမာဏကိုသိ မှ အင်ဂျင်ပါဝါဘယ်လောက်ထွက်မည်ဆိုသည်ကို သိနို်င်မည်ဖြစ်သည်။
အင်ဂျင်အမြန်နှုန်းဆင်ဆာ (Engine Speed Sensor)
အင်ဂျင်လည်ပတ်နှုန်းကိုသိမှ Injector ဗား ဖွင့်ချိန်၊ ပိတ်ချိန်ကို ECU က ထိန်း ကျောင်းနိုင်မည်။
ဆင်ဆာများကရသည့်သတင်း အချက်အလက်တွေအရ ECU ကဘဲ Injectorတစ်လုံးချင်းဆီကို ဆီပမာဏတွက်ချက်ပေးပြီး အချိန်ကိုက်၊ တိုင်မင်ကိုက် ဆီဖြန်းပေးဖို့ ထိန်း ကျောင်းပေးသည်။
EFIအင်ဂျင်တစ်လုံးမှာ Injectorတွေကောင်းမှ အင်ဂျင်စွမ်းဆောင်မှုအမြင့်ဆုံးကို ရနိုင်သည်။
ပလပ် (plug) တွေလည်း ကောင်းရမည်။
သုံးတဲ့လောင်စာဆီ ကလည်း အောက်တိန်းနံပါတ်မှန်ပြီး အရည်အသွေးကောင်းရမည်။
အညစ် အကြေး၊ အမှုန်အမွှား၊ အနယ်အနှစ် တွေပါပြီး လက်လုပ်ချက်ဆီတွေရော ပါနေတဲ့ ဓာတ်ဆီခက်ညံ့ညံ့တွေ၊ ရောနှောပါနေတဲ့ အောက်တိန်းဆီအတုတွေသုံးမိရင် Injectorပျက်စီးသွားတတ်ပါသည်။
အင်ဂျင်စက်သံမမှန်တာ၊ တုံ့ ဆိုင်းတုံ့ဆိုင်းဖြစ်တာ၊ အင်ဂျင်လည်နှုန်းမှာ တုန်ခါနေတာ၊ အမြန်နှုန်းတစ်ခု လောက်ရောက်သွားပြီးသည့်နောက် အင်ဂျင်ဆွဲအားတက်မလာတော့တာ၊ အင်ဂျင်မီးခေါက်သံထွက်တာ၊ အင်ဂျင်အိတ်ဇော မီးခိုးထွက်တာ၊ ခါ တိုင်းထက် ဆီစားနှုန်းများနေတာ ဒီလိုလက္ခဏာတွေဖြစ်ရင် Injectorမကောင်းတော့ခြင်းဖြစ်ပါသည်။
Injectorမှ ဆီပိတ်နေမယ်၊ ထိပ်ဖျားမှာ ကာ ဗွန်ချိုးတွေ၊ ဆားနစ်တွေကြောင့် ညစ်ပတ်နေမည်။
Injectorနော်ဇယ် ထိပ်က ဆီဖြန်းပေးတဲ့ပုံစံမမှန်တော့ ဘူး။ Valve မလုံလောက်တော့ဘဲ ဆီယိုနေမယ်။ ဝိုင်းဆီးတွေမကောင်း တော့ဘူး။
ဆီပို့စနစ် (Fuel Injection System) ကို စစ်ဆေးကြည့်ဖို့လိုပါတယ်။
ဆီပန့် (Fuel Pump)က တွန်းပို့လိုက်တဲ့ ဆီဖိအား (Presure) ကောင်းရပါတယ်။
Pressure Regulator မကောင်းရင် ဆီလိုင်းမှာ ဆီဖိ အားကျပါတယ်။
ဆီလိုင်းအဆက်တွေ ဆီလုံဖို့ လိုပါသည်။
အကယ်၍ ဆီယိုနေရင် မီးအန္တရာယ်ရှိနိုင်ပြီး ဆီယိုတာ ကားမီးလောင်တဲ့အထိဖြစ် သွားနိုင်တာမို့ အရေးကြီးပါသည်။
ဆီတိုင်ကီကနေပို့သည့် ဆီကိုသန့်စင်သွား အောင် ဆီစစ်ကစစ်ပေးပါသည်။
ဆီစစ်ဘူးပိတ်နေရင်လည်း ဆီဖိအားကျ တတ်ပါသည်။
Injectorကြာကြာသုံးရင် ညစ်ပတ်လာတတ်ပါသည်။
အင်ဂျင်ကတ္တ ရာစေးတွေ၊ ကာဗွန်ချိုးတွေ Varnish ချိုးတွေ Injectorထိပ်မှာပိတ်နေ တတ်ပါသည်။
Vavle မလုံသည့် Injectorထိပ်တွေမှာ မီးမလောင်ဘဲ ကျန်သည့်ဆီများကြောင့် ချိုးတတ်ပြီး ညစ်ပတ်နေတတ်ပါသည်။
Injectorများကို ဆေးကြောသန့်ရှင်းပေးရန်လိုပါသည်။
Injector Cleaner နှင့်တစ်နှစ်တစ်ကြိမ်လောက်ဆေးပေးဖို့လိုပါသည်။
Injector Tester နှင့် တိုင်းကြည့် ရင် ကောင်း၊ မကောင်းသိနိုင်ပါသည်။
တချို့ Injectorတွေ ဆေးလိုက်ရင် ပြန်သုံးလို့ရပါသည်။
သိပ်ပြီးညံ့နေရင်တော့ Injectorတစ်လုံးအစားထိုးလဲ ရပါမည်။
Injectorထဲမှာ Valve များ၊ စပရိန်များရှိပါသည်။
ယင်းအစိတ်အပိုင်းများအားလုံးကောင်းမှ Injector အလုပ်လုပ်နိုင်ပါသည်။
Injector ၄ လုံး ပါရင် ၄ လုံးစလုံးဆီဖြန်းပေးတဲ့ပုံစံနှင့် ဆီထုထည် ညီ၊ မညီစစ်ဆေးပါသည်။
Injectorက ဆီသန့်ခြင်း၊ အ ရည်အသွေးမှန်တာကိုကြိုက်သောကြောင့် ဆီစစ်ဗူးမှန်မှန်လဲပေးရမည်။
မိုင် ၃၀ဝဝဝ လောက်သုံးပြီးတိုင်း Injector Cleaner ဆေးရည်ရောစပ်ပြီး သန့်စင်ပေးရမည်။
ဓာတ်ဆီကားဆိုတာ မီးလည်း မှန်၊ ဆီလည်းမှန်မှ အင်ဂျင်ဆွဲအား ကောင်းပါသည်။
Injectorကောင်း ပြီး ပလပ်တွေမကောင်းရင်လည်း အင်ဂျင်လုပ်ဆောင်ချက် ကောင်းကောင်း မရပါ။ ပလပ်များ၊ Injectorများ၊ မကောင်းလို့ အသစ်အစားထိုးရမယ် ဆိုရင် မူလအော်ရီဂျင်နယ် Brand ကိုရအောင် ရှာသုံးပါ။ နောက်ဆုံးမ ရမှ အကောင်းဆုံး Brand ကို ရွေးသုံးပါ။
ဓာတ်ဆီ (အောက်တိန်ဆီ) အမြင့်ကိုဘဲသုံးပါ။
Fuel Treatment Addictive ဆေးရည်ရောစပ်သုံးပါ။ အင်ဂျင် Heat တက်ပြီး ရေဆူတာ မျိုးမဖြစ်အောင် ဂရုစိုက်ထိန်းသိမ်းပါ။
Injector၏ အဓိကရန်သူကတော့ အရည်အသွေးမမီသည့် ဆီအညံ့များသုံးမိလို့ပါ။
နာမည်ကောင်းရထားသည့် ဆီဆိုင်၊ စိတ်ချရတဲ့ဆီဆိုင်မှာဘဲဆီထည့်ပါ။
ပုံမှန်ထိန်းသိမ်းစစ်ဆေးမှုများလုပ်ပေးနိုင်ရင်တော့ Injectorပြဿနာက ကင်းဝေးပါလိမ့်မည်။